၇ ကြိမ်မြောက် တရုတ်နှင့် အာစီယံ ကျောက်မျက်ပြပွဲ

၇ ကြိမ်မြောက် တရုတ်နှင့် အာစီယံ ကျောက်မျက်ပြပွဲ မြန်မာကုန်သည်များ တက်ရောက်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော်ကူမင်းမြို့၌ ယခုလ ၁၀ ရက်မှ ၁၈ ရက်နေ့အထိ ၉ ရက်တာ ကျင်းပမည့် ၇ ကြိမ် မြောက် တရုတ်နှင့်အာစီယံ ကျောက်မျက်ပြပွဲသို့ တရုတ်နယ်စပ် ရွှေလီမြို့ရောက် မြန်မာကျောက်ကုန် သည် ၁၀၀ ကျော် ခန့်တက်ရောက် ကြောင်း သိရသည်။



အဆိုပါ ပြပွဲတက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် မြန်မာကုန်သည်များ ရွှေလီမြို့မှ ကွန်မင်းမြို့သို့ ထွက်ခွာသွား ကြောင်း ယူနန်ပြည်နယ် ကျောက်မျက်ကုန်သည်များ အသင်း ဒုဥက္ကဋ္ဌ ဦးဘုန်းကျော်က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အခု ၇ ကြိမ်မြောက်ပေါ့ ရွှေလီရောက် မြန်မာကုန်သည်တွေက ၃ ကြိမ်တက်ပြီးပြီ ပထမ ၄ ကြိမ်ကတော့ မတက် ဖြစ်ဘူး ရွှေလီကနေသွားတဲ့ ကုန်သည်က ၁၀၀ ကျော်ပေါ့နော် ရန်ကုန်၊ မန္တလေးက တချို့ကုန်သည် ကြီးတွေ လည်း ရွှေလီကကုန်သည်တွေနဲ့ ပေါင်းပြီးသွားတာလဲ ရှိတယ်” ဟု သူက ပြောသည်။

အဆိုပါ ပြပွဲ၌ ကျောက်စိမ်းတုံး အပါအဝင် အခြားကျောက်မျက်များဖြစ်သည့် စိန် ၊ ပတ္တမြား နှင့် နီလာများလည်း ခင်းကျင်း ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

“အဓိက ကျောက်စိမ်းပြပွဲလို့ခေါ်တာပေါ့ ဒါပေမဲ့ အနီ ၊ အပြာပါတယ် စိန်ပါတယ် နိုင်ငံတွေ အနေနဲ့ကတော့ အရှေ့ တောင် အာရှ ၁၀ နိုင်ငံပါမယ် အိန္ဒိယ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေကိုလည်း ဖိတ်ခေါ်ထားတယ်။ နောက် ဂျပန် ၊ ကိုးရီးယားနဲ့ တခြား နိုင်ငံတွေက ကုန်သည်တွေလည်းလာမယ်” ဟု ဆိုသည်။

ယခုပြပွဲသို့ တက်ရောက်သည့် မြန်မာကုန်သည်အရေအတွက် ယခင်နှစ်များထက် ပိုများလာကြောင်း သူက ဆက်ပြောသည်။

သို့သော် မြန်မာနိုင်ငံအတွင်းမှ ကျောက်မျက်အသင်းအဖွဲ့များ ပါ၀င်တက်ရောက်ခြင်း မရှိပဲ ကုန်သည်အစုအဖွဲ့ အနေဖြင့်သာ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection