Pen Drive ကို virus မ၀င်အောင် ဘယ်လိုလုပ်
ပထမဦးဆုံးအနေနဲ. ကိုယ်ရဲ့ pen drive ထဲကဖိုင်တွေကို တနေရာမှာ Backup လုပ်ပြီး Format
ရိုက်ထားပါ။ Format ရိုက်တာကတော့ သိပ်ထွေထွေထူးထူး မပြောချင်ဘူး။
My computer ဖွင့်ပြီး ကိုယ် Pen Drive ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Format လိုပြော။
ပြီးရင် start လို့ပြော။ Data တွေပျောက် ကုန်မယ်လို့သူက သတိပေးရင် ok လို.ပြောလိုက်။
သူ.ဘာသာဖောမက် ရိုက်သွားလိမ့်မယ်။ ပြီးရင် format complate လို.ပြောရင် ok လို့ပြောလိုက်။
ပြီးရင် start ထဲကနေ run ထဲမှာ cmd ဆိုပြီး အန်တာခေါက်။
command ဘောက်စ်လေး ပေါ်လာပြီဆိုရင် ဒီလိုလေးရိုက်ပေး။ convert e: /fs:ntfs ဆိုပြီး အန်တာခေါက် e: ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Pen Drive Latter ကိုရေးပေးရမှာနော်။
ပြီးရင် သူ့ဘာသာ NTFS File system ပြောင်းသွားလိမ့်မယ်။
ပြီးရင်။ ကိုယ့်ထည့် ချင်တဲ့ ဒေတာတွေကို ကိုယ် Pen Drive ထဲကို ပြောင်းထည့်လို.ရပါပြီ။
ပြီးရင် My computer ထဲမှာ Tools ထဲက Folder Option ကိုဖွင့်ပါ။ View Tab ထဲမှာ ဟိုး အောက်ဆုံးက Use simple file sharing ဆိုတာကို အမှန်ခြစ် ဖြုတ်ပေးပါ။ ပြီးရင် Apply , OK ပေါ့။ ပြီးရင် My computer ထဲက ကိုယ်ရဲ့ Pen Drive ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Properties လိုပြောပေးပါ။
security Tab ထဲမှာ ပုံမှန်အားဖြင့် Full control ဖြစ်နေလိမ့်မယ်။ အဲဒီမှာ Full Control ဆိုတာရယ်။ Modify ဆိုတာရယ်။ write ဆိုတာရယ်ကို အမှန်ခြစ် ဖြုတ်ပေးရပါမယ်။ ပြီးရင် Apply , Ok ပေါ့။
အားလုံးပြီးသွားရင်တော့ ကိုယ်က Full Control ပြန်မလုပ်သရွေ့ဖိုင်တွေ ထပ်ထည့်လို့မရတော့ပါဘူး။ အထဲက ဖိုင်တွေကိုတော့ ပုံမှန်ယူသုံးလို့ရနေမှာပါ။
ကိုယ်က Full Control ပြန်မလုပ်သရွေ. ဗိုင်းရပ်တွေကလည်း ကျွန်တော်တို့Pen Drive ထဲကို ၀င်လာနိုင် စရာမရှိတော့ဘူးပေါ့။