ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ မင်္ဂလာအခမ်းအနားတခု

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ မင်္ဂလာအခမ်းအနားတခုက သတို့သား လုပ်ငန်းခွင်မှာ ဖိအားပေးခံရ

ဇန်နဝါရီလ ၁ ရက်နေ့မှာ မောင်မင်းဆုမွန် နဲ့ မခင်ဝါဝါလှိုင် တို့ရဲ့ မင်္ဂလာအခမ်းအနားကို အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အတွက် Movie5 မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်မင်းဆုမွန် ဟာ သူ့အလုပ်တာဝန်ထဲမှာ အထက်အာဏာပိုင်တွေရဲ့ ဖိအားပေးခြင်းကို ခံရပါတယ်။
သတိုးသား မောင်မင်းဆုမွန်ဟာ Movie5 မှာ တာယူ ဝန်ဆောင်ရွက်လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။ အဆိုတော် ထူးအိမ်သင် နဲ့ ညီအကိုတော်စပ်သူ လည်း ဖြစ်ပြီးအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မိသားစုခြင်း ရင်းနှီး သူတဦးလည်း ဖြစ်ပါတယ်။ ၁ ရက်နေ့က ကျင်းပခဲ့ တဲ့သူ့ရဲ့ မင်္ဂလာပွဲကို ဒေါ်အောင်ဆန်းစုကြည် တက် ရောက် လာတဲ့အတွက် အာဏာပိုင်တွေဘက်က အမြတ်ဒေါသဖြစ်ပြီး မောင်မင်း ဆုမွန်ကို လက်ရှိ လုပ်ကိုင်နေတဲ့ တာဝန်မှ နှုတ်ထွက်စာတင်ခိုင်းတာကို ခံခဲ့ရပါတယ်။

Movie5 မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မောင်မင်းဆုမွန်ရဲ့ အပေါင်းအသင်းအသိုင်းအဝိုင်းတွေက သူ့ကို အလုပ်က ထုပ်ပစ်မယ်ဆိုရင် သူတို့ပါ မလုပ်တော့ဘူးဆိုပြီး ထွက်စာဝိုင်းတင်ကြပါတယ်။ ခုဆိုရင် ရုံးသူ ရုံးသား အပေါင်းအသင်း တွေအားလုံး အလုပ်ထွက်စာဝိုင်းတင်ကြတဲ့အတွက် အထက်အာဏာပိုင်တွေက မောင်မင်းဆုမွန် အပါအဝင် ထွက်စာ တင်သူအားလုံးကို အလုပ်မှာ ပြန်လည်ခန့်အပ်ထားလိုက်ရတယ်လို့ Movie5 အသိုင်းအဝိုင်းမှ ပြောပြလာတဲ့အတွက် သိရှိရပါတယ်။
Nayththit မှကူးယူဖေါ်ပြပါသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection