
ကျွန်တော်ရဲ့အတွေ့အကြုံလေးတစ်ချို့ကို ထပ်ပြီး ပြောပြချင်လို့ပါ။ အဓိက ကတော့ usb autorun နဲ့ folder အယောင်ဆောင် virus တွေကို ကာကွယ် ကြမယ်ပေါ့ဗျာ။ (ကိုယ်တိုင်လဲသတ်လို့ရပါတယ်။)
USB Drive မထိုးခင် သတိပြုစရာ
- Auturun ကို disable လုပ်မယ်။ gpedit.msc ကနေပေါ့ဗျား (အရင် forum များလိုပေါ့)။ Local Computer Policy \ User Configuration \Administrative Templates \ System \ Turn off Autoplay ဒါဆို autorun ရန်က အတော်အသင့် လုံခြုံသွားပါပြီ။
- Folder option မှ show hidden file and folder ကို ရွေး၊ hide protected operating system file ကို ဖြုတ်ထားသင့်ပါတယ်။ (ဒါမှ Autorun.inf ဖိုင်ကို မြင်ရမှာပါ။)
- နောက်၄င်း drive ထဲကို ၀င်တဲ့အခါ Explorer ရဲ့ address ကနေ သူ့ရဲ့ drive root (eg. E:, F:) စသည်ဖြင့် ရိုက်ပြီးမှ ၀င်သင့်ပါတယ်။ (ဒါမှ Autorun မတက်မှာကိုး။)
- အရင်ဆုံး Autorun.inf ဖိုင်ကို ရှာပါ။ သင်ဟာ virus ကို သိလိုတယ်ဆိုရင်တော့ ၄င်း Auturun.inf ကို notepad နဲ့ဖွင့်ပြီး ဖတ်ကြည့်နိုင်ပါတယ်။ open = \*any* လို့ ရေးထားတာ တွေ့ရလိမ့်မယ်။ ၄င်းဖိုင် ကို ရှာပြီးဖျက်ပစ်နိုင်ပါတယ်။ တချို့ virus များဟာ folder ယောင်ဆောင်နေတာကိုလဲ သတိပြုရအုံး မယ်ဗျ။ ဒါကိုသိဖို့ က explorer မှာ detail view နဲ့ ကြည့်ရင် မြင်နိုင်ပါမယ်။ သင်ရဲ့ folder အမှန်ဟာ hidden ဖြစ်နေပြီး folder ယောင်ဆောင် virus ဟာ file type - Application ဖြစ်နေမှာပါ။ သေချာချင်ရင်တော့ ၄င်း folder ပုံစံ တစ်ဖြစ်လဲ virus ပေါ်မှာ R-Click \ Property ၀င်ပြီး ကြည့်နိုင်ပါတယ်။ (တချို့ မျက်စိ လျှင်သူများကတော့ folder ယောင်ဆောင် virus ဟာ တစ်ကယ့် folder icon ထက် resolution နည်းတဲ့ (graphic ကိုပြောတာ) ပုံစံဖြစ်နေတာ တွေ့နိုင်ပါတယ်။)

Thumbs.db, Desktop.ini တို့ဟာ system file များဖြစ်တာကိုတော့ သိကြမယ်ထင်ပါတယ်။
ဥမာပေးလိုတဲ့ virus ပုံစံတွေက- KillVBS, thG, 911(folder), Updater(folder), chrome စတဲ့ အမည်တွေပါ။
(တကယ်လို့ သင်ဟာ AntiVirus တခုခု တင်မထားဘူး၊ ဒါမှမဟုတ် သင့် AntiVirus ဟာ out of date ဖြစ်နေမယ်ဆိုရင် ဒါဟာအသုံး၀င်မှာပါ။)
virus ကင်းရှင်းနိုင်ကြပါစေ။ (ပိုကောင်းတဲ့နည်းများရှိရင်လည်း ေ၀မျှပေးစေလိုပါတယ် ခင်ဗျား။)
(ကူးယူဖော်ပြ သည်)