Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး
Google သုတေသန Lab မှ G-Mail အသုံးပြုသူများ၎င်းတို့ ပို့ထားသည့် Mail များကို ပြန်ဖျက် ပစ်နိုင် သည့် Feature တခုကို ထည့်သွင်းပေးလိုက်ကြောင်း သိရှိရသည်။Undo Send ဟုအမည် ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။မူလကG-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက် ပစ်နိုင် ချေ။ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့် ဖျက်ပစ်နိုင် သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ်လိုပါကလည်း Sent Mail ထဲရှိ မိမိပို့ထားသော Mailကို Undo ပြုလုပ် ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါက G-Mail Account ထဲရှိ Setting တွင် Undo Send ဆိုသော နေရာ လေးအား Enable ကလစ်လုပ်ပါ...။ပြုလုပ်နည်းကလေးကတော့ .. . ..Gmail ကို sing in လုပ်လိုက်ပါ . . .ပြီးတော့ အောက်ပါနည်းကလေးအတိုင်းလုပ်လိုက်ပါ သူငယ်ချင်းတို့ရေ . . .
Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ..။