တစ်နှစ်ကျော်ကြာ ပျောက်ဆုံး နေခဲ့သည့် နိုင်ပွဲအား ပြန်လည် ရှာတွေ့ခဲ့သည့် မြန်မာ့ လက်ရွေးစင်
ယနေ့ ညနေပိုင်းက သု၀ဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမ အဆင့် ဒုတိယအကျော့ ပွဲစဉ်တွင် မြန်မာအသင်းက မွန်ဂိုးလီးယား အသင်းအား ၂-၀ဖြင့် အနိုင်ရရှိကာ ဒုတိယ အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယခုနိုင်ပွဲသည့် နိုင်ပွဲနှင့် ေ၀းကွာနေသည့် မြန်မာတို့ အတွက် တစ်နှစ်နှင့် ၄လကြာခန့် ကာလအတွင်း ပထမဆုံး ရရှိခဲ့သည့် နိုင်ပွဲလည်း ဖြစ်ကာ မြန်မာတို့၏ အနိုင်ရသည့် ပွဲစဉ်တွင် ပရိသတ်ကလည်း အင်ပြည့်အားပြည့် ပူးပေါင်း ပါ၀င်ခဲ့ကြသည်။ ပွဲချိန် တစ်လျှောက်လုံး မြန်မာအသင်းက တစ်ဖက်သတ် ဖိကစားခဲ့ကာ မွန်ဂိုးလီးယား အသင်းအနေဖြင့် ဂိုးသွင်းခွင့်ပင် မရသည်အထိ ကစားကွက် အသာစီး ရခဲ့သည်။ ပထမပိုင်းတွင် မြန်မာတို့ ဂိုးမသွင်းနိုင်သေးဘဲ ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သော်လည်း ဒုတိယပိုင်း ၆၁မိနစ်တွင် ပိုင်စိုးက ဘယ်တောင်ပံမှ တစ်ကိုယ်တော် ဆွဲ၀င်ကာ ကန်သွင်းချက် ဂိုးသမားဖမ်းရန် ကြိုးပမ်းသော်လည်း လွတ်ထွက်ကာ ဂိုး၀င်သွားခဲ့သည်။ ထို့ကြောင့် မြန်မာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဆက်လက် တိုက်စစ်ဆင် ဖိကစားခဲ့ကာ ပရိသတ်ကလည်း အကောင်းဆုံး ပံ့ပိုးအားပေး ခဲ့သည်။
ထို့နောက်တွင် ဒေးဗစ်ထန် အပိုင်ကန် သွင်း ခွင့် ဂိုးသမား ကာကွယ်ခဲ့ပြီး မြန်မာတို့ နောက် တစ်ဆင့် တက်ရေး တစ်ဂိုး လိုအပ်နေချိန် ၈၅မိနစ်တွင် မိုင်းအိုက်နိုင်က ညာခြမ်းမှ ဆွဲ၀င် ကန်သွင်းကာ သွင်းယူပေး နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာတို့က နှစ်ဂိုးပြတ် ဦးဆောင် ခဲ့ပြီး ဒုတိယပိုင်း ၄၅မိနစ် ကုန်ဆုံးချိန်တွင် မွန်ဂိုးလီးယား နောက်ခံ ကစားသမား တစ်ဦး နှစ်၀ါတစ်နီဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
ပထမဂိုး သွင်းယူခဲ့အပြီး ပိုင်စိုးနှင့် မိုင်းအိုက်နိုင်
ထိုနိုင်ပွဲကြောင့် မြန်မာအသင်းသည် ကမာ္ဘ့ဖလား ခြေစစ်ပွဲတွင် အိုမန်အသင်းနှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်ပြီး လာမည့် ဇူလိုင် ၂၃နှင့် ၂၈တို့တွင် အေ၀းကွင်း၊ အိမ်ကွင်း နှစ်ကျော့ပွဲ ကစားရမည် ဖြစ်သည်။ ထို့အတူ လက်ရွေးစင် အသင်းအား နည်းပြချုပ်အဖြစ် ကိုင်တွယ်ခွင့် ရခဲ့သည့် ဦးဆန်း၀င်းနှင့် စီနီယာ ကစားသမားများ မျက်နှာပန်း လှခဲ့သည်။
ဒုတိယဂိုး သွင်းအပြီး ပရိသတ်နှင့်အတူ အောင်ပွဲခံခဲ့သည့် မိုင်းအိုက်နိုင်




