စူပါမော်ဒယ်လ် ကိတ်မော့စ် မင်္ဂလာပွဲ လမ်းပိတ်ဆို့မှု ဖြစ်
DK- ၂၀၁၁၊ ဇူလိုင်လ ၁ ရက်နေ့၌ ကမ္ဘာ့ကြေးအမြင့်ဆုံးမော်ဒယ် ၃ ဦးအနက်မှ တဦးဖြစ်သည့် ဗြိတိသျှ စူပါမော်ဒယ်လ် ကိတ်မော့စ် (Kate Moss) နှင့် The Kills ရော့ခ်အဖွဲ့၏ဂစ်တာတီးခတ် သူ ဂျေမီးဟင့်စ် (Jamie Hince) တို့၏ အင်္ဂလန်နိုင်ငံ၊ ကော့တ်စ်ဝိုးလ် (Cotswold) အရပ်ရှိ စိန့်ပီတာဘုရားကျောင်း (St Peter’s Church) တွင်ကျင်းပခဲ့သည့်မင်္ဂလာပွဲကြောင့် ထိုအရပ်ရှိ လမ်းများကို ခေတ္တပိတ်ဆို့ခဲ့ရသည်။ မင်္ဂလာမောင်နှံမှ မင်္ဂလာပွဲအထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင် ပွဲများကို သုံးရက် တာပြုလုပ်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ကိတ်မော့စ်မှ နာမည်ကြီးဗြိတိသျှဖက်ရှင်ဒီဇိုင်နာဂျော်န်ဂယ်လီယာနို(John Galliano) ၏ လက်ရာဖြစ်သော ယဉ်ယဉ်လေးနှင့် သိမ်မွေ့လှပသည့် ဆင်စွယ်ရောင်ရွှေခြည်ထိုး မင်္ဂလာ ဝတ်စုံနှင့် ဂါဝန်ရှည်ကိုဝတ်ဆင်ခဲ့ပြီး ပန်းပွင့်ဖေါ်ခေါင်းစည်းပဝါအား လွှမ်းခြုံခဲ့သည်။ ကိတ်မော့စ်နှင့် ၂၀၀၇ တွင်စတင်တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့သော သတို့သားဂျေမီးဟင့်စ်မှာမူ မီးခိုးဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ သတို့သမီးအရံ ၁၅ ဦးထဲတွင်ပါဝင်သူ ကိတ်မော့စ် ၏သမီးငယ်ဖြစ်သူ လိုင်လာဂရေ့စ် (Lila Grace) သည်လည်း ဆင်စွယ်ရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။
သတင်းထောက်များအတွက် ဓါတ်ပုံအရိုက်မခံမီ၊ မင်္ဂလာမောင်နှံဘုရားကျောင်းမှထွက်ခွာလာခဲ့စဉ် ပရိသတ်မှ ဝိုင်းဝန်းသြဘာပေးခဲ့ကြပြီး၊ မင်္ဂလာမောင်နှံအား ဖက်ရှင်နှင့်လိုက်ဖ်စတိုင်မဂ္ဂဇင်း တခုဖြစ်သည့် ဗို့ခ် (Vogue) မဂ္ဂဇင်းနှင့် သဘောတူညီချက်အတွက် ပီရူးနိုင်ငံသားကမ္ဘာကျော် ဓါတ်ပုံဆရာ-မာရီယိုတက်စတီနို (Mario Testino) မှ ဓါတ်ပုံရိုက်ယူခဲ့သည်။
မင်္ဂလာပွဲတက်ရောက်လာကြသည့်ပရိသတ်များထဲတွင် ဖက်ရှင်ဒီဇိုင်နာများဖြစ်ကြသည့် စတယ်လာ မက်ကာတ်နီ (Stella McCartney) နှင့် ဒိမ်းဗီဗီယန်ဝက်စ်ဝုဒ် (Dame Vivienne Westwood)၊ စူပါမော်ဒယ်လ်နာအိုမီကင့်ဘဲလ် (Naomi Campbell)၊ ရုပ်ရှင်မင်းသားဂျုဒ်လော (Jude Law) နှင့်ဇနီး ဟောင်း ဆာဒီဖရော့စ် (Sadie Frost)၊ တော့ပ်ရှော့ပ် (Topshop) ဖက်ရှင် စတိုးများ၏အကြီးအကဲဖြစ်သူ ဖိလစ်ပ်ဂရီးန် (Philip Green) တို့ပါဝင်ခဲ့သည်။
ဒေသခံများနှင့် မင်္ဂလာပွဲတက်ရောက်လာသူ ဧည့်သည်များမှ ပတ်ဝန်းကျင်စီရင်စု ကျေးရွာများဖြစ်သည့် လစ်တဲလ် ဖာရင်ဒန် (Little Faringdon)၊ အော့ခ်စ်ဖတ်ဒ်ရှိုင်းယား (Oxfordshire) နှင့် ဆောက်သ်ရော့ပ် (Southrop) ကျေးရွာများသို့ ဝင်ရောက်ရန် ဝင်ခွင့်လက်မှတ်များကိုပြသခဲ့ကြရသည်။ ဂလောက်ဆက်စတာ ရှိုင်းယားစီရင်စုကောင်စီမှ ဆောက်သ်ရော့ပ်ကျေးရွာရှိ စိန့်ပီတာဘုရားကျောင်းပြင်ပလမ်းများအား ခေတ္တပိတ် ဆို့ခဲ့ကြောင်းအတည်ပြုခဲ့သည်။
ဘုရားကျောင်းပြင်ပတွင် ရဲတပ်ဖွဲ့ဝင်များစွာတို့မှလည်းနေရာယူထားခဲ့သည်။ တင်းကျပ်လှ သည့်လုံခြုံရေးနှင့် လမ်းများပိတ်ဆို့ထားခဲ့မှုကြောင့်လည်းကောင်း၊ မင်္ဂလာမောင်နှံအားကြည့်ရှုလို၍ စောင့်ဆိုင်းနေကြသည့် ကြီးမားလှသည့် လူအုပ်ကြောင့်လည်းကောင်း ဒေသခံအချို့မှလည်းစိတ်အနှောင့် အယှက်ဖြစ်ခဲ့ကြရသည်။
ဓာတ်ပုံများ ကို ကြည့်ရှုရန်
အခွန်ထမ်းပြည်သူများ (Tax Payers) အား ထိခိုက်မှုမရှိစေရန်အတွက် မင်္ဂလာမောင်နှံမှ လုံခြုံရေးအတွက် ကုန်ကျစရိတ်များကို ပေးဆောင်ရန်သဘောတူညီခဲ့ကြောင်း၊ မင်္ဂလာပွဲနှင့်ပတ်သက်ပြီး လူနှင့်ကား အရေ အတွက် များပြားစွာရောက်ရှိလာခြင်းမှ ဆောက်သ်ရော့ပ်ကျေးရွာအား ထိခိုက်မှုတစုံ တရာမရှိစေရေးသည် ရဲတပ်ဖွဲ့အနေနှင့်ဦးစားပေးတာဝန်ဖြစ်ကြောင်းဖြင့် ဒေသခံ ဂလောက်ဆက်စတာ ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ မင်္ဂလာပွဲကျင်းပရာနေရာတဝိုက်အား လေယာဉ်မပျံသန်းရဇုန်အဖြစ် ယာယီ သတ်မှတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းအား မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (Civil Aviation Authority) မှငြင်းဆိုခဲ့သည်။
DK (Ref: Kate Moss and Jamie Hince wedding shuts roads)