ဆေးလိပ်နဲ့ ကျန်းမာရေးသတိပေးမှုအသစ်

ဆေးလိပ်နဲ့ ကျန်းမာရေးသတိပေးမှုအသစ်

အမေရိကန်နိုင်ငံ အစားအစာနဲ့ ဆေးဝါးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကြီး (FDA) က ဆေးလိပ်ဘူးတွေနဲ့ ဆေးလိပ်ကြော်ငြာတွေမှာ အရွယ်ကြီးမားတဲ့ သတိပေးချက်တွေကို နောက်နှစ် စက်တင်ဘာလထက် နောက်မကျဘဲ ထည့်သွင်းဖော်ပြပေးရမယ်လို့ ဆိုပါတယ်။ အခြားနိုင်ငံတွေ ဘယ်အချိန်လောက်မှာ အခုလို စလုပ်လာခဲ့ပြီးတော့ ဘယ်နိုင်ငံတွေမှာတော့ ထိရောက်မှုတွေ ရှိနေပါပြီလဲ။

အခုလို သတိပေးမူတွေ ကြီးကြီးမားမား လုပ်လာချိန်မှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးတာနဲ့ အမျိုးသားတွေမှာဖြစ်တဲ့ ဆီးကြိတ်ကင်ဆာတွေ ဆက်စပ်နေတဲ့ အချက်တခုကို လေ့လာချက်အသစ်တခုမှာ တွေ့ရှိလိုက်ပါတယ်။ ဘယ်လို ဆက်စပ်နေတာပါလဲ။

မြန်မာနိုင်ငံမှာလည်း ၂၀၀၆ ခုနှစ်က ထုတ်ပြန်နိုင်ခဲ့တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေမှာ အခုလို သတိပေးချက်ပုံတွေထည့်ဖို့ စဉ်းစားချက်ရှိထားခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည် မဖော် ရသေးပါဘူး။ မြန်မာနိုင်ငံမှာ အခုလဆေးလိပ်နဲ့ဆေးရွက်ကြီး ထိန်းချုပ်ရေး ကြိုးပမ်းလာရာမှာ ဘာတွေအောင်မြင်ခဲ့ပြီး ဘာတွေ အားနည်းနေပါသေးသလဲ။ ရှေ့မှာ  ထိရောက်မှု ပိုရှိလာအောင် ဘာတွေ လုပ်ဖို့လိုပါသလဲ။

ဒီအကြောင်းကို VOA သတင်းထောက် Vidushi Sinha နဲ့ Art Chimes တို့က သတင်းပို့ထားတာနဲ့ လက်ရှိ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ဆေးလိပ်နဲ့ဆေးရွက်ကြီး ထိန်းချုပ်ရေး အရာရှိ ဒေါက်တာညိုညိုကြိုင်ကို ဆက်သွယ်မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

ရေးသားသူ - ကို၀င်းမင်း

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection