ဇူလိုင်လအတွက် မိုးလေဝသ ခန့်မှန်းချက်

ဇူလိုင်လအတွက် မိုးလေဝသ ခန့်မှန်းချက် 

၂၀၁၁ ခုနှစ် မိုးလယ်ကာလသည် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်(မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ၀ါဆို လဆန်း ၁ ရက်နေ့မှ တော်သလင်းလဆန်း၃ ရက်ထိ) ဖြစ်သည်။ ၂၀၁၁ ခုနှစ် မိုးလယ်ကာလအတွက် မိုးလေ၀သနှင့်ဇလဗေဒ ခန့်မှန်းချက်မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။

မိုးအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ကာ ကျန်တိုင်း ဒေသကြီးနှင့်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးရွာသွန်းနိုင်သည်။

မြစ်ရေအခြေအနေမှာ မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့၌ တစ်ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ဇလွန်မြို့တို့၌ တစ်ကြိမ်ခန့်စီ၊ ဟင်္သာတမြို့၌ နှစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၌ တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၌ တစ်ကြိမ်ခန့်နှင့် မဒေါက်မြို့၌ နှစ်ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၌တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေ သည် ဘားအံမြို့၌ နှစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့၌ တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့၌ တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်သည်။

ဇူလိုင်လအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း နိုင်သည်။ ဇူလိုင်လလယ်ခန့်တွင် မုတ်သုံလေ အားပြတ်ခြင်း တစ်ကြိမ်ဖြစ်ပေါ်နိုင်သည်။

Ref: မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection