ခိုကိုးရာမဲ့ ဂိလာန ဘိုးဘွားရိပ်သာ ရန်ပုံငွေဂီတပွဲတွင် အဆိုတော်များ မေတ္တာဖြင့် သီဆို ဖျော်ဖြေမည်
ခိုကိုးရာမဲ့ ဂိလာနဘိုးဘွားများ အတွက် ရန်ပုံငွေတေးဂီတ ဖျော်ဖြေ ပွဲကို ဆည်းဆာအလှ ဖန်တီးကြသူ များအမည်ဖြင့် သြဂုတ် ၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်း ပ မည် ဖြစ်ပြီး နာမည်ကြီးအဆိုတော် များက မေတ္တာဖြင့် သီဆို၍ ရန်ပုံငွေ ရှာပေးမည်ဟု ပွဲစီစဉ်သူ ကိုရန်ဓနက ပြောသည်။
" မိသားစုမရှိတဲ့အဘိုးအ ဘွားတွေ၊ ကျောထောက်နောက် ခံ မဲ့အဘိုးအဘွားတွေ၊ နာမကျန်းဖြစ် နေတဲ့ ဘိုးဘွား တွေကို စောင့်ရှောက် ပေးတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ အတွက် ရန်ပုံ ငွေရှာပေး စေချင်တဲ့ ဒါမှမဟုတ် ရှာပေးချင်တဲ့ အတွက် ကြောင့်ပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အခမဲ့ (free show) ဖြစ်ပြီးအ ပိုင်း ၃ ပိုင်းခွဲကာ ကျင်းပမည် ဖြစ်ရာ ပထမပိုင်းအနေဖြင့် Hip-Hop ဂီတပိုင်း၊ ဒုတိယပိုင်းအနေဖြင့် Modern Rock ဂီတပိုင်းနှင့် တတိယ ပိုင်းတွင် Classical Rock ဂီတပိုင်း ဟူ၍ ၃ ပိုင်းပါဝင်မည်ဟု သိရသည်။ Hip-Hop တွင် Aicd, G- Tone, J-me၊ရသ၊Fire-cracker၊ စန္ဒီမြင့်လွင်၊ ဇေရဲ၊BK (SME)/ JJ(SME) နှင့် ပိုပို(ဝက်ကလေး) တို့ ပါဝင်ပြီး Modern-Rock တွင် Big Bag, Wanted, Idiot, Reason, Side-Effect၊ ပဉ္စဂံ၊The Salt နှင့် M-ရဋ္ဌ်၊ Classical Rock တွင် သားထွေး၊ အောင်နိုင်၊ ချစ်ကောင်း၊ ဆောင်းဦးလှိုင်၊ A-ညိမ်းကျော်၊ နန္ဒဧရာ၊ Fly၊ ကောင်းပြည့်၊ ရန်ဓန၊ ရှုမောင်၊ မေခလာ၊ သျှီ၊ ရတနာ၊ ဆုန်သင်းပါရ်၊ ရတနာမိုင်၊ ဆုမြတ် စန္ဒီနှင့် ခက်ခက်ရန်အောင်တို့ ပါဝင် ဖျော်ဖြေ မည်ဟု သိရသည်။ အဆိုပါ ဆည်းဆာရိပ်ဘိုးဘွား များအတွက် ရန်ပုံငွေဂီတပွဲကို ”အခမဲ့ ဝင်ရောက်ကြည့်ရှု လှူဒါန်း နိုင်ပါသည်” ဟု စာတန်းဖြင့် ကြေညာ ထားမည်ဖြစ်ပြီး ပွဲကျင်းပ ချိန်တွင် တာဝန်ရှိသူများက ဖလား ဖြင့် အလှူငွေကောက်ခံသွားမည်ဖြစ် သည်။