အာဖဂန်မှ လူမဆန်သောလူသားများ

အာဖဂန်မှ လူမဆန်သောလူသားများ

အာဖဂန်နစ္စတန်နိုင်ငံရှိ အမျိုးသမီး ငယ်လေးများမှာ ကလေးဘဝမှာပင် ချမ်းသာကြွယ်ဝပြီး ကာမစိတ် အစွန်းရောက် သူအချို့၏ လက် ၀ယ်သို့ ကျရောက်လျက် ရှိကြသည်။ အရွယ်မရောက် သေးသည့် အသက် ၁၁နှစ်အရွယ် မိန်းကလေးငယ်များ ပင်လျှင် မိဘများ အလို ကျ ချမ်းသာကြွယ်ဝ သူများနှင့် လက်ထပ်နေ ကြရသည်။ လက်ထပ်ပြီးနောက် သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းနေထိုင် ခြင်း မခံရဘဲ ငွေဝယ် ကျွန်ဘဝ (သို့)အိမ်ကျွန်(သို့) လိင်ကျွန်ဘဝကို ရောက်ကြရရှာပြီး၊ သေလုခမန်းနှိပ် စက်ခံကြရရှာသေး သည်။ အရွယ် နှင့်မမျှသော အိမ်ထောင်သားမွေးမှု တို့ကို လည်း ကြုံကြ ရသေးသည်။ ထို့ကြောင့် ပင်လျှင် ယင်းအမျိုးသမီးငယ်လေး များသည် ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့ကို ကြုံကြရပြီး ယင်းတို့၏ ဖိစီးနှိပ်စက်မှု ဒဏ်ကို ဘဝသက်တမ်း တစ်လျှောက် ခံစား နေကြ ရလေတော့သည်။

အသက် ၅၅ နှစ်အရွယ်ရှိ ဆေးဒ် မိုဟာမက်နှင့် အသက် ၁၁ နှစ်အရွယ်ကလေး မငယ် ရိုရှန်ကာဆမ်တို့ကို စေ့စပ်ကြောင်းလမ်းစဉ်အခါက ဤသို့တွေ့ခဲ့ရပြီး၊ လက်ထပ်ပြီး နောက်တွင်မူ ရိုရှန်ကာဆန်သည် မိုဟာမက်၏ပထမဇနီးမှ မွေးဖွားထာသည့် သားသုံးယောက်အပြင် သူနှင့်ရွယ်တူဖြစ်သော သမီးတစ် ယောက်နှင့်ပါ အတူတကွ နေထိုင်ရလေတော့သည်။

မိဘများအလိုကျ မိမိထက်အသက်ကြီးသူတစ်ဦးနှင့်လက်ထပ်လိုက်ရသော အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လေး ဇာဟာရာကို လက်ထပ်ပွဲဝင်ခါနီးအချိန်တွင် တွေ့ရစဉ်။

မိမိ၏သဘောမပါဘဲနှင့် မိမိထက်အသက်များစွာကြီးသူတစ်ဦးနှင့် လက်ထပ် လိုက်ရသော အာဖဂန် သမီးပျိုကလေးကို မင်္ဂလာပွဲကျင်းပခါနီးအချိန်အထိ မိခင်ဖြစ် သူနှင့် အဘွားဖြစ်သူတို့က တဖွဖွနားချ နေရဆဲပင်ဖြစ်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection