မြို့ပတ်ရထား ပုဂ္ဂလိကပိုင်ဖြစ်ရေး နေပြည်တော်တွင် ဆွေးနွေး
ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလုပ်ငန်းကို ပြည်တွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးရေး အတွက် စိတ်၀င်စားသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်ရှိ ရထားပို့ ဆောင်ရေး ၀န်ကြီးဌာနတွင် ယနေ့ ကျင်ပသွားသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အစိုးရပိုင် မြို့ပတ် ရထားတစင်း (ဓာတ်ပုံ - AP)
တကြိမ်တည်း ခရီးသည်နှင့် ကုန်များစွာ တင်ဆောင် နိုင်ပြီး ဈေးနှုန်းချိုသာသော်လည်း နှစ်ပေါင်းများစွာ အရှုံးပေါ်နေသည့်အပြင် ညံ့ဖျင်းသော ၀န်ဆောင်မှု၊ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် အေ၀ဖန်ခံနေရသဖြင့် ယခုကဲ့သို့ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ယနေ့အစည်းအဝေးတွင် ပြောကြား သည်။“အဓိက ကတော့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်မှာ ရန်ကုန် မြို့ပတ်ရထား တွေနဲ့ ပတ်သတ်ပြီး တင်ပြ လာလို့ အခုလို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဖြစ်သွားတာပါ” ဟု ၀န်ကြီးက ဆိုသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ် ၁ ဦး၊ ဦးအောင်သောင်၏သား ဦးနေအောင်ပိုင် အိုင်ဂျီအီး လုပ်ငန်း၊ ရွှေတောင်ဖွံ့ဖြိုးရေး စသည်တို့မှ လုပ်ငန်းရှင်များအပါအ၀င် လုပ်ငန်းရှင်ပေါင်း ၉၀ ခန့် တက် ရောက်သည့် ယင်း အစည်းအေ၀းတွင် တိကျ သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း လုပ်ငန်းရှင် များက ပြောကြားသည်။“အခုတကြိမ်က ဆွေးနွေးတယ်ဆိုရုံပါပဲ။ နောက်တကြိမ် အစည်းအဝေး ထပ်ခေါ်ရင် တော့ ဒီထက်ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေ ထွက်ပေါ်လာမယ် ထင်ပါတယ်” ဟု အစည်း အေ၀း တက်ရောက်လာသည့် လုပ်ငန်းရှင် တဦးက ပြောကြားသည်။ယင်းအစည်းအေ၀းတွင် ရန်ကုန်မြို့ ပတ်ရထား လုပ်ငန်းတခုလုံးအား ပုဂ္ဂလိကပိုင်လွှဲ မည်လော၊ အပိုင်းလိုက် ခွဲကာ လွှဲမည် စသည်ဖြင့် မဆုံးဖြတ် နိုင်သကဲ့သို့ နှစ်မည်မျှကြာ ငှားရမ်းမည်၊ ငွေကြေးပမာဏ မည်မျှရှိမည် ဆိုသည်ကိုလည်း မဆုံးဖြတ် နိုင်သေးကြောင်း သိရသည်။တရက်လျှင် ခရီးသည် ၁ သိန်းခန့်ကို ၁၅ မိုင်အထိ ၁၀ ကျပ်၊ ၁၅ မိုင်ကျော်လျှင် ၂၀ ကျပ်ဖြင့် ပို့ဆောင် ပေးနေသည့် ရန်ကုန်မြို့ပတ်ရထားလုပ်ငန်း၏ တလ၀င်ငွေမှာ ကျပ် ၄၂ သန်းကျော် သာရှိပြီး အသုံးစရိတ် သန်း ၂၆၀ ကျော်ရှိသဖြင့် များစွာ အရှုံးပေါ်လျက် ရှိသည်။“ကျနော်တို့က အောင်မြင်တဲ့ လုပ်ငန်းတခု၊ လူတိုင်းလိုချင်တဲ့ လုပ်ငန်းတခုကို ယူရမှာ မဟုတ်ဘူး။ ဒါကြောင့် အရှုံး ကာမိအောင် ဘူတာ ကနေ တက္ကစီ၊ ဘတ်စ်ကား ၀န်ဆောင်မှုလုပ်ငန်း၊ ဘူတာနယ် မြေအတွင်း စားသောက်ဆိုင်၊ ဟိုတယ်စတဲ့ အပို၀င်ငွေရစေမယ့် လုပ်ငန်းမျိုးနဲ့ တွဲဖက် လုပ်ကိုင်ခွင့် ရချင်ပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။တခြား စီးပွားရေး လုပ်ငန်းရှင် တဦးက လည်း မြို့ပတ်ရထားကို ပုဂ္ဂလိက စလုပ်သည့် ၄၊ ၅ နှစ်တွင် အရှုံး ပေါ်နိုင်ကြောင်း၊နှစ်ကြာလာလျှင် မြတ်လာမယ် ထင်ကြောင်း၊ ခရီးသည်လည်း မထိခိုက် လုပ်ငန်းရှင်လည်း အမြတ်ရမည့် ဈေးနှုန်းဖြစ်ရန် လိုကြောင်း ပြောသည်။“အခု ရထားခက ၁၀၊ ၂၀ ကျပ် ကနေ ခင်ဗျားတို့ မကိုက်ရင် ဘယ်လောက် တိုးယူမလဲ စဉ်းစားထားပါ။ ၇၀ ကျပ်ဆို ကိုက် မလား၊ ၁၀၀ ကိုက်မလား စသဖြင့်ပေါ့။ ခင်ဗျားတို့ အဆင်ပြေနိုင်မယ့် ဈေးနှုန်းကိုပဲ အဆိုပြုပါ” ဟု ၀န်ကြီး ဦးအောင်မင်း က ဆိုသည်။ ဆက်လက်၍ ၎င်းက အေ၀းပြေးရထားခအား ၁ မိုင် အတွက် ၄ ကျပ်ယူ ထား ကြောင်း၊ နေပြည်တော် - ရန်ကုန်ခရီးကို ကျပ် ၉၀၀ သာ ရှိကြောင်း ဆက်ပြောသည်။“ဘူတာကနေ အိမ်ကို တက္ကစီငှားခ ၃ ထောင်၊ ၄ ထောင် တောင် မမြင်ကြတာ၊ ရထားခ နည်းနည်းတက်တာကို မြင်ကြဖို့ မကောင်း ပါဘူး” ဟု ၀န်ကြီး ဦးအောင်မင်းက ဆိုသည်။မြို့ပတ်ရထားအား ပုဂ္ဂလိကပေးလိုက်ပါက အစိုးရပိုင်ထက် ၀န်ဆောင်မှု ပိုကောင်းလာမည်ဟု ထင်ကြောင်း၊ ယခု လက်ရှိတွင် မြို့ပတ် ရထားများ တနေကုန်ထွက် မလာသည့် နေ့များ ရှိကြောင်း ရန်ကုန် ကြည့်မြင့်တိုင် မြို့နယ်မှ ဒေသခံတဦးက ပြောသည်။ မြို့ပတ်ရထား ပုဂ္ဂလိကပိုင်ပြုရေးနှင့် ပတ်သတ်၍ ၂ ပတ်မှ ၁ လအတွင်း အစည်းအေ၀း ထပ်မံပြု လုပ်သွား မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် မြို့ပတ်ရထားလမ်းသည် မိုင် ၇၀ ခန့် ရှည်လျားပြီး နေ့စဉ်ခေါက်ရေ ၂၀၀ ကို ၅ မိနစ်ခြား ပြေးဆွဲနေကာ အဆိုပါ လုပ်ငန်းတွင် ဘူတာနှင့် ရပ်စခန်း ၇၇ ခု၊ ရထား ခေါင်းတွဲ ၂၅ တွဲ၊ လူစီးတွဲ ၉၀ တို့ ပါ၀င်ကြောင်း သိရသည်။


