ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွား

ရွှေဂုံတိုင်မီးပွိုင့်အနီး သံဃာဆေးရုံရှေ့တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွား
ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော ရွှေဂုံတိုင်မီးပွိုင့်အနီး ဇီဝိတဒါန သံဃာဆေးရုံရှေ့တွင် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒဂုံတက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲနေသော ၂၃၅ ယာဉ်လိုင်းမှ ခရီးသည်တင် ဘီအမ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် စီးနှင်းလိုက်ပါလာသော အမျိုးသမီး နှစ်ဦးနှင့် ယာဉ်မောင်းအကူ တစ်ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခရီးသည် ၂၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မျက်မြင်တွေ့ရှိသူများက အတည်ပြု ပြောကြားသည်။


အဆိုပါ ခရီးသည်တင် ဘီအမ်ယာဉ်မှာ ဒဂုံတက္က သိုလ်မှ ဆူးလေသို့အသွား ခရီးစဉ်တွင် ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားရာ ဗဟန်းရဲစခန်းအနီး ဇီဝိတဒါန သံဃာဆေးရုံအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်း မှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက် ပြေး တိမ်းရှောင်နေကြောင်း အဆိုပါယာဉ် တိမ်း မှောက်မှုတွင် ဒဏ်ရာရရှိခဲ့သူ ခရီးသည် အမျိုးသမီး တစ်ဦးက ပြောကြားသည်။

 သေဆုံးများနှင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် ယောဂီ ဝတ် အမျိုးသမီးများ ပါဝင်ကြောင်း အဆိုပါယာဉ် တိုက်မှုအား သွားရောက် သတင်းရယူခဲ့သူ ဓာတ်ပုံ သတင်းထောက် တစ်ဦးက ပြောကြားသည်။

ဗဟန်း ဇီဝိတဒါန သံဃာဆေးရုံကွေ့မှာ ခရီးသည် တင်ယာဉ်များ မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း လမ်းလည်တွင် တားဆီးထားသော အကာအရံများကိုသာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက် လေ့ရှိပြီး ယခုကဲ့သို့ တိမ်းမှောက်မှု ဖြစ်ပွားလေ့ မရှိကြောင်း အခင်းဖြစ်ပွားရာ နေရာအနီးမှ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတစ်ပါးမှ မိန့်ကြားသည်။

ရန်ကုန်မြို့တော်တွင် ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အများစုတွင် ဘီအမ်ယာဉ်များနှင့် ဒိုင်နာယာဉ် များမှာ အပြိုင်အဆိုင် မောင်းနှင်ကြခြင်းကြောင့် ယာဉ်တိုက်မှုများနှင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရှိရကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection