တာမွေလမ်းမှူး ရိုက်၍ လူငယ်ခေါင်းကွဲ

တာမွေလမ်းမှူး ရိုက်၍ လူငယ်ခေါင်းကွဲ

ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် လူငယ်နှစ်ဦးအား ရပ်ကွက်အာဏာပိုင်က ရိုက်နှက် ကန်ကျောက်ခဲ့၍ တဦး ခေါင်းကွဲပြီး ၃ ချက် ချုပ်လိုက်ရကြောင်း သိရသည်။

တနင်္ဂနွေည ၉ နာရီခန့်တွင် တာမွေမြို့နယ် ဓမ္မဒါနလမ်းမှူး ဦးဘိုဘိုဟန်က ကိုယ်ပိုင် ဆူဇူကီးကား (၁ခ/၉၉၃၇)ဖြင့် မောင်းနှင်လာစဉ် လမ်းလျှောက်နေသည့် ကိုမြစံနှင့် ကိုချစ်မင်းကိုတို့အား မထီမဲ့မြင် ပြုသည်ဆိုကာ ဇတိလလမ်းနှင့် ပုညဝဋဏလမ်းထောင့်၌ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

“ကလေးတွေက တောင်းပန်ပြီး ထွက်သွားတော့ ဘိုဘိုဟန်ဆိုတဲ့ လူက ကားပေါ်ကနေ တုတ်ဆွဲပြီး ချစ်မင်းကို ဆိုတဲ့ကောင်လေးကို အရင်ရိုက်တယ်။ သူကတော့ ခေါင်းမကွဲဘူး။ နောက် ကိုမြစံကို ထပ်ရိုက်တယ်။ ခေါင်းကွဲသွားပြီး သွေးတွေ ဖြာကနဲ ထွက်သွားတယ်။ ကောင်လေးက ထပ်တောင်းပန်တယ်။ အဲလိုတောင်းပန် တာကိုတောင် ရင်ညွန့်ကို ဆောင့်ကန်လိုက်သေးတယ်” ဟု မျက်မြင် ဒေသခံအမျိုးသမီးတဦးက မဇ္စျိမကို ပြောသည်။

ညတွင်းချင်းပင် တာမွေအမှတ် ၄၀ ရဲစခန်းအား သွားရောက် အမှုဖွင့် တိုင်ကြားထားပြီး ရိုက်နှက်သူ ဦးဘိုဘိုဟန်နှင့် အဖော်မှာ ရဲစခန်းအတွင်း လွတ်လပ်စွာ နေထိုင်နေကြောင်းလည်း အဆိုပါ အမျိုးသမီးက “ ရဲစခန်း လူ ၂ဝ လောက် အကုန် လိုက်သွားကြတယ်။ စခန်းမှာ ရိုက်တဲ့လူလည်း ရောက်နေပြီ။ ဒါပေမယ့် လက်ထိပ်ခတ်ထားတာ ဘာမှ မရှိပါဘူး။ တရားခံ တယောက်လို မဟုတ်ဘဲ လွတ်လွတ်လပ်လပ်ပဲ ဖြစ်နေပါတယ်။ ဖုန်းပြောလိုက်၊ အပြင်ထွက် လိုက်နဲ့” ဟု ပြောသည်။

အရိုက်ခံရသည့် လူငယ်နှစ်ဦးအနက် ဦးခေါင်းတွင် ၃ ချက် ချုပ်လိုက်ရသည့် အသက် ၂၀ ကျော် အရွယ် ကိုမြစံ (၁၁/ကဖနနိုင် ဝ၇၆၉၇၉) အဖ ဦးမောင်ဘညွန့်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူဇာတိဖြစ်ပြီး မင်္ဂလာသုခ ပါဠိတက္ကသိုလ် တွင် တည်းခိုနေထိုင်ကာ ၅၆ လိုင်းကား စပယ်ယာ လုပ်နေသူ ဖြစ်သည်။

ကိုမြစံနှင့်အတူ လိုက်ပါလာသူ ကိုချစ်မင်းကို (၁၁/ကဖနနိုင် ဝ၈၄၇၁၄) အဖ ဦးကျော်ထွန်းဖြူမှာ ရန်ကုန်မြို့သို့ အလည်အပတ် ရောက်ရှိလာခြင်း ဖြစ်ပြီး ဦးဘိုဘိုဟန်၏ ရိုက်နှက်ခြင်းကို အရင်ခံရကာ ဦးခေါင်း ဖူးရောင်သွားသည်။

တနင်္လာမနက်တွင် ဦးဘိုဘိုဟန်တို့ အာမခံဖြင့် လွတ်လာပြီး ကိုမြစံတို့ တည်းခိုရာကျောင်းသို့ လာရောက်ကာ အမှုပိတ်ဖို့ ဆရာတော်အား လျှောက်ထားခဲ့သည်။

“ အာမခံနဲ့ ပြန်လွတ်လာပြီး ဘုန်းကြီးကျောင်းကို သွားပြီး အမှုပိတ်ခိုင်းတယ်။ ဒီကလေးတွေဟာ မူးယစ်ရမ်းကား နေလို့ ဆုံးမလိုက်တာပါလို့ ပြောတယ်။ ပြည်သူတွေက အသိသက်သေ မလိုက်ဘူးဆိုရင် အမှုဖျောက်ဖို့ ကြိုးစားတာပါ” ဟု သက်သေထွက်ဆိုမည့် အမျိုးသမီးက ပြောသည်။

အမှုအတွက် မျက်မြင်သက်သေ လိုက်ပါ ထွက်ဆိုမည့်သူ များပြားနေ၍ နေ့လည်ပိုင်းတွင် ရဲအရာရှိတဦး ရပ်ကွက်ထဲ ရောက်ရှိလာကာ သက်သေ ၅ ဦးကို ရွေးချယ်သွားသည်။

တနင်္လာနေ့ ညနေပိုင်းတွင် ဘုန်းကြီးကျောင်းမှ ဦးဇင်း ၂ ပါးနှင့်အတူ ကိုမြစံတို့ ရောက်ရှိလာပြီး အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးကြဖို့ ရပ်ကွက်အား အကူအညီ တောင်းခံနေစဉ် ဦးဘိုဘိုဟန်တို့ လူသိုက် ရောက်ရှိလာပြီး အခြေအနေ တင်းမာသွားကြောင်း “ကောင်လေးတွေက ရခိုင်တိုင်းရင်းသားတွေ ဖြစ်ပြီး စကားကိုလည်း လည်လည် ဝယ်ဝယ် မပြောတတ်ကြဘူး။

"(ဦး)ဘိုဘိုဟန်တို့က ဘုန်းကြီးတွေကို တရားခံစစ်သလို မေးနေတော့ အဲဒီမှာ မခံမရပ်နိုင်ဖြစ်နေတဲ့ ရပ်ကွက် ထဲကလူတွေနဲ့ အခြေအတင်များပြီး ပြန်ထွက်သွားကြတယ်။ ခင်ဗျားတို့က ဥပဒေနဲ့လုပ်ရင် ကျနော်တို့ ကလည်း ဥပဒေနဲ့ လုပ်မယ်။ နောက်လည်း တွေ့မယ်လို့ ပြောသွားတယ်” ဟု မျက်မြင်သက်သေ အမျိုးသား တဦးက ပြောသည်။

မဇ္စျိမ သတင်းဌာန

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection