မန်စီနီအား ဆန့်ကျင်သည့် စကားကို တီဗက်ဇ်ဆို မန်စီးတီးအသင်းမှ ထွက်ခွာတော့မည်ဟု ၀န်ခံခဲ့ပြီး သူ၏သမီးများကြောင့် ဖြစ်သည်ဟု အကြောင်းပြ
မန်စီးတီးအသင်း၏ အာဂျင်တီးနား တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် မန်စီးတီးအသင်း နည်းပြ မန်စီနီ အား ဆန့်ကျင်သော စကားများကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။
တီဗက်ဇ်သည် သူ၏အနာဂတ်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ သူ၏စကားမှာ ပြီးခဲ့သည့် ရက်ပိုင်း က မန်စီနီ ပြောကြားခဲ့သော စကားနှင့် ဆန့်ကျင်ဘက် ဖြစ်နေခြင်း ဖြစ်သည်။ မန်စီနီက တီဗက်ဇ်သည် ယခု နွေရာသီတွင် မန်စီးတီး အသင်းမှ ထွက်ခွာမည် မဟုတ်ဘဲ အသင်းတွင် ဆက်ရှိနေမည်ဟု အတည်ပြု ပြောဆို ခဲ့ခြင်း ဖြစ်ပြီး၊ ယခုအခါ တီဗက်ဇ်က သူသည် မန်စီးတီးအသင်းမှ ထွက်ခွာတော့မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

တီဗက်ဇ်က သူထွက်ခွာမည့် အကြောင်းနှင့် ပတ်သက်၍ မိသားစုကို အကြောင်းပြခဲ့ပြီး သူ၏ သမီးများနှင့် ခွဲခွာပြီး မနေလိုသောကြောင့် ဖြစ်သည် ဟု ဆိုခဲ့သည်။ တီဗက်ဇ်သည် လက်ရှိ အချိန်တွင် ကိုပါ အမေရိက ဖလားပြိုင်ပွဲ၀င် အာဂျင်တီးနား အသင်း၌ ပါ၀င် ကစားလျက် ရှိနေပြီး အာဂျင်တီးနား နိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည်။ သူသည် သူ၏ဇနီးဖြစ်သူ ဗာနီဆာနှင့် ပြန်လည် ပေါင်းစည်း ခဲ့ပြီး၊ သူ၏ (၆) နှစ်အရွယ် သမီးဖြစ်သူ ကေတီ၊ (၁၈)လအရွယ် သမီးဖြစ်သူ ဖလော်ရန်စီယာ တို့နှင့်အတူ နေထိုင်လျက် ရှိသည်။ တီဗက်ဇ်သည် သူ၏မိသားစု ကို မန်ချက်စတာမြို့သို့ ပြောင်းရွှေ့နေထိုင်ရန် စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။ ဗာနီဆာသည် မန်ချက်စတာမြို့တွင် နေထိုင်ရန် ဆန္ဒမရှိခြင်းကြောင့် တီဗက်ဇ်နှင့် သူမ၏ အိမ်ထောင်ရေးမှာ အဆင်မပြေ ဖြစ်ခဲ့ပြီး သူတို့နှစ်ဦး ကွဲကွာလုနီးပါး အခြေအနေ ဖြစ်ပေါ်ခဲ့သည်။
ယခု တီဗက်ဇ်က သူ၏သမီးများကြောင့် မန်ချက်စတာမြို့သို့ ပြန်လာတော့မည် မဟုတ်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းက 'ပြီးခဲ့တဲ့ (၁၂) လ အတွင်း ကျွန်တော် မိသားစုနဲ့ ေ၀းကွာပြီး ဘယ်လိုနေခဲ့ရသလဲ ဆိုတာ အားလုံး
သိပါတယ်။ လူတွေအနေနဲ့ ဒါကို နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်သမီးတွေ မရှိတဲ့ မန်ချက်စတာမြို့မှာ နေရတာ ကျွန်တော့် အတွက် အလွန် ဆိုးရွားတဲ့ အခြေအနေ တစ်ခုပါပဲ။ ကျွန်တော် စွမ်းဆောင်သမျှ အားလုံးဟာ ကျွန်တော့်သမီး (၂) ယောက် အတွက်ပါ။ သူတို့နဲ့အတူ ကျွန်တော် နေချင် ပါတယ်'ဟု ပြောကြားသွားခဲ့သည်။