ဘယ်လ်ဂျီယံသူ ကလိုက်စတားစ် ပထမဆုံးအကြိမ်ဗိုလ်စွဲ

၂၀၁၁ အာရှဖလား ဘောလုံးပြိုင်ပွဲတွင် ဂျပန်အသင်းက သြစတြေးလျအသင်းအား အနိုင်ရဗိုလ်စွဲ ၊ ပြိုင်ပွဲတစ်လျှောက် အကြိမ်အများဆုံး ဗိုလ်စွဲခဲ့သောအသင်းအဖြစ် စံချိန်တင်

 ၂၀၁၁ အာရှဖလား ဘောလုံးပြိုင်ပွဲကို ကာတာနိုင်ငံတွင် ဇန်န၀ါရီလ (၇)ရက်နေ့မှာ (၂၉)ရက် နေ့ အထိ ကျင်းပခဲ့ရာ ဗိုလ်လုပွဲတွင် ဂျပန်အသင်းက သြစတြေးလျအသင်းကို အနိုင်ယူဗိုလ်စွဲ သွားခဲ့သည်။ ယခုပြိုင်ပွဲ တွင် ဗိုလ်စွဲနိုင်ခဲ့သည့်အတွက် ဂျပန်အသင်းသည် စုစုပေါင်း ချန်ပီယံ (၄)ကြိမ်ဖြင့် အာရှဖလား ပြိုင်ပွဲသမိုင်း တွင် အကြိမ်အများဆုံးဗိုလ်စွဲသည့်အသင်းအဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

ဗိုလ်လုပွဲတွင် သြစတြေးလျအသင်း၌ ဟယ်ရီကီး၀ဲလ်၊ တင်ကာဟေး၊ ရှ၀ါဇာ၊ လူးကပ်စ်နေးလ် စသည့် အမာခံကစားသမား အစုံအလင်ပါ၀င်ကစားသွားခဲ့ပြီး ဂျပန်အသင်း တွင်မူ အားထားရသော ကွင်းလယ် တိုက်စစ်မှူး ကာဂါ၀ါမှာ ဒဏ်ရာကြောင့် မပါ၀င်နိုင်ခဲ့ဘဲ ဟွန်ဒါ၊ အိုကာဇာကီ၊ နာဂါတိုမို၊ ကာ၀ါရှီမာ၊ အန်ဒို၊ ဟာဆီဘီ စသည့်ကစားသမားများ ပါ၀င်ကစားခဲ့ကြသည်။

 ပွဲကစားချိန် မိနစ် (၉၀) အတွင်း သြစတြေးလျအသင်းက ဂျပန်အသင်းအပေါ် အနည်းငယ် အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ကြသဖြင့် အချိန်ပို မိနစ် (၃၀) ကစားခဲ့ရာ အချိန်ပို ဒုတိယပိုင်း (၁၁၀) မိနစ်တွင် တာဒါနာရီလီက တစ်လုံးတည်းသော အနိုင်ဂိုးကို လှလှပပ သွင်းယူသွား နိုင်ခဲ့သဖြင့် ဂျပန်အသင်း ဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

 ဂျပန်အသင်းသည် ၁၉၉၂ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၄ ခုနှစ် အာရှဖလားပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သဖြင့် ယခုတစ်ကြိမ် ဗိုလ်စွဲခြင်းသည် လေးကြိမ်မြောက်ဗိုလ်စွဲခြင်းဖြစ်ကာ အာရှဖလား ကျင်းပခဲ့သည့် (၁၅)ကြိမ် တွင် အကြိမ်အများဆုံး ဗိုလ်စွဲသည့်အသင်းအဖြစ် မှတ်တမ်း၀င်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တတိယ လုပွဲကို ဇန်န၀ါရီလ (၂၈) ရက်နေ့က ကျင်းပခဲ့ရာ တောင်ကို ရီးယားအသင်းက ဥဇဘက်ကစ္စတန်အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

 
ယခုပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ဂျပန်ကစားသမား ဟွန်ဒါက ရရှိခဲ့ပြီး ဂိုးသွင်း အများဆုံးဆုကို တောင်ကိုရီးယား ကစားသမား ကူဂျာချိုးလ်က စုစုပေါင်းသွင်းဂိုး (၅)ဂိုးဖြင့် ရရှိခဲ့သည်။ ထို့အပြင် တတိယ ဆုရ တောင်ကိုရီးယားအသင်းမှာ အသန့်ရှင်းဆုံးဆုကိုလည်း လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။
 

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection