ကချင်ဌာနချုပ် လိုင်ဇာကို တရုပ်ဘက်ကနေ ဝင်တိုက်မည်

ကချင်ဌာနချုပ် လိုင်ဇာကို တရုပ်ဘက်ကနေ ဝင်တိုက်မည်

တရုတ်-မြန်မာနယ်စပ် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ကို တရုပ်ပိုင်နက်ထဲကနေ ဝင်တိုက်ပြီး သိမ်းပိုက်ဖို့ မြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိတဦးနဲ့ တရုပ်စစ်တပ်အရာရှိတွေ လွန်ခဲ့တဲ့နှစ်ရက်က ယူနန် ပြည်နယ်မှာ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ကချင်သတင်းစဉ် KNG က မနေ့က ဖော်ပြလိုက် ပါတယ်။
မူဆယ်မြို့အနီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် စိုက်ထူထားသည့် သတိပေးဆိုင်းဘုတ်။ (Photo: AFP)

မန်စီမြို့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ အစည်းအဝေးမှာ မြန်မာအစိုးရ တပ်တွေအနေနဲ့ ရွှေလီမြစ်ကို ဖြတ်၊ တရုတ် နယ်ထဲကနေ ဝင်ရောက်ပြီး လိုင်ဇာကို လုံခြုံရေးယူထားတဲ့ KIA တပ်မဟာ (၃) ကို တိုက်ခိုက်ပြီး၊ လိုင်ဇာကို သိမ်းပိုက်နိုင်ဖို့ အတွက် တရုပ်ဆီကနေ ခွင့်တောင်းတာလို့ ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရဘက်က အခုလို တောင်းဆိုတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မြန်မာ-တရုတ် စစ်ဘက်အရာရှိတွေ အစည်းအဝေးကို တရုတ် ဒေသဆိုင်ရာ စစ်ဘက်အရာရှိတွေ၊ နေပြည် တော်က ထိပ်ပိုင်း အရာရှိတွေ အပြင်၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း စစ်ဌာချုပ် တပ်မှူးတွေ၊ အရင် KDA ခေါ် ကချင်ကာကွယ်ရေးတပ် အခု ကချင်ပြည်သူ ့စစ်အဖွဲ ့က အရာရှိတွေလည်း တက်ရောက်ခဲ့ တယ် လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်သူ့စစ်အဖွဲ့ဟာ KIO ကနေ ၁၉၉ဝ ခုနှစ်မှာ ခွဲထွက်သွားတဲ့ ဦးမထုနော်ရဲ့ ပြည်သူ့စစ်အဖွဲ့လို့ သိရပါတယ်။

တကယ်လို့ လိုင်ဇာကို မြန်မာအစိုးရတပ်တွေကပဲ ဝင်ရောက် သိမ်းပိုက်မယ်ဆိုရင် ကချင်ပြည်သူတွေနဲ့ လူမျိုးရေး အမြင်လွဲမှားမှုတွေ ဖြစ်မှာစိုးတဲ့အတွက် ကချင် ပြည်သူ့စစ် အဖွဲ့ဝင်တွေကိုပါ သုံးမှာဖြစ်ကြောင်း မြန်မာအရာရှိတွေက တရုတ်စစ်တပ် အရာရှိတွေကို ရှင်းပြတယ်လို့ သိရပါတယ်။

တရုတ်စစ်တပ် ဘက်ကတော့ တကယ်လို့ စစ်ဆင်ရေး လုပ်ဖြစ်ရင် တရုပ်နယ်ထဲ ဝင်ရောက်ပြီး လိုင်ဇာကို ဝင်တိုက်ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ KIA အကြား တိုက်ပွဲတွေနဲ့ ပတ်သက် လို့တော့ တရုပ်အရာရှိတွေက သဘောထား တစုံတရာ ပေးခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။


Authors: အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection