အိုငေ်၀ေ၀ ပြန်လွတ် လာပြီ

အိုငေ်၀ေ၀ ပြန်လွတ် လာပြီ

နာမည် ကျော် တရုတ် အနုပညာရှင် တစ်ဦး ဖြစ်ပြီး ၊ ၎င်း ၏ နိုင်ငံ နှင့် နိုင်ငံ တကာ လူထု လှုပ်ရှားမှု များ ပေါ်ပေါက်ရန် စွမ်းဆောင် နေသည့် တင်ဆက်မှု အနုပညာ ရှင် အိုငေ်၀ေ၀ အား တရုတ် အစိုးရ က ဧပြီ လ အတွင်း ကဖမ်းဆီး ထားရာမှ ယနေ့ပြန်လွှတ် ပေး လိုက် သည် ဟု တရုတ် အစိုးရ မီဒီယာ များ မှ ယနေ့သတင်းထုတ် ပြန် ခဲ့သည်။

အိုငေ်၀ေ၀ သည် လန်ဒန် ရှိ တိတ် မော်ဒန် အနုပညာ ပြပွဲ တစ်ခု သို ့သွား ရန် အတွက် ဟောင် ကောင် သို ့အထွက် လေ ဆိပ် ၌ တရုတ် အာဏာ ပိုင်များ က ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး ၎င်း ၏ စတူ ဒီ ယို ကိုလည်း အာဏာပိုင် များ က ၀င်ရောက် ရှာဖွေ ပြီး ချိတ်ပိတ် ထားခဲ့သည်။

တရုတ် အစိုးရ သည် နိုင်ငံ တွင်း ၌ လူထု ၏ မကျေနပ်မှု များ ကို ရှောင်လွှဲ နိုင်ရန် အတွက် အိုငေ်၀ေ၀ ကို လွှတ်ပေး ခြင်း ဖြစ် သည် ဟု အတိုက် အခံ များ က သုံးသပ်ကြသည်။အိုင် ေ၀ ေ၀ အပါအ၀င် လှုပ်ရှား တက်ကြွသူ ၃၀၀ ခန့်ကို တရုတ် အစိုးရ က ယခု နှစ်ဆန်း ပိုင်း ကတည်းက ဖမ်းဆီးထားသည်။

အိုငေ်၀ေ၀ သည် ဘေဂျင်း ရုပ်ရှင် အကယ် ဒမီ တွင် နာမည် ကျော် တရုတ် ဒါရိုက်တာ ချန်ကေ့ (Farewell My Concubine, The Promise) ၊ ကျောက်ယင်မူး တို ့နှင့် ပညာ အတူသင် ကြား ခဲ့သည်။

အိုငေ်၀ေ၀ သည် ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ် အာကစား ပွဲ အတွက် ငှက်သိုက်(Bird Nest) ဟု အမည်ရသည့် အားကစား ရုံ ဒီဇိုင်း ကို ဖန် တီးပေး ခဲ့သူ ဖြစ်သည်။

သူ၏ အနုပညာ ဖန်တီး မှု များ ဉ် နေ ကြာ စေ့ များ အမည် ရှိ တင်ဆက် မှု မှာ နာမည် ကျော်ကြားသည်။

အကျဉ်း ထောင် မှ ပြန်လည် လွတ်မြောက်လာ ပြီးနောက် အိုငေ်၀ေ၀ ကို တွေ့ရစဉ်

အိုငေ်၀ေ၀ သည် တွစ်တာ ကို အသုံး ပြုပြီး တရုတ် လူငယ်များ နှင့် တွေ ့ဆုံ ခဲ့ကာ ပြီးခဲ့သည့် လက တရုတ် စပယ်ပန်း တော် လှန် ရေး ဖြစ်ပေါ် ရန် လှုံ ဆော် ခဲ့သည် ဟု တရုတ် အစိုးရက ယူဆသည်။

တရုတ် အစိုးရ သည် အိုငေ်၀ေ၀ အပါအ၀င် ဘလောက်ဂါ နှစ်ဦး နှင့် အခြား နိုင်ငံရေး လှုပ်ရှား သူ ၁၀၀ ခန် ့ကို လည်း ဖမ်းဆီး ထားသည် ဟု ပီကင်း ပါပု က FNG သို့ ပြောသည်။

အိုငေ်၀ေ၀ သည် ပြီး ခဲ့သည့် ဒီဇင်ဘာလက လျှု ရှောင် ဘို အတွက် နိုဘဲလ် ငြိမ်းချမ်းရေး ဆု ကို ကိုယ်စား တက်ရောက် လက်ခံ ရယူပေးရန် ဖိတ်ကြား သော် လည်း တရုတ် အစိုးရက ပြည်ပ ထွက် ခွင့် ပိတ် ပင် ခဲ့သည်။

၎င်း၏ မိန်းမ လူရှင်းက ရဲစခန်း များ သို ့သွား ရောက်ပြီး အိုငေ်၀ေ၀ ရှိသည့် နေရာ ကို စုံစမ်း သော် လည်း သတင်း မရရှိ သေး ဟု သိရသည်။

Ai Wei Wei

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection