ရုရှားက မြန်မာနိုင်ငံတွင် ဘူမိရူပဗေဒ စင်တာသစ်ဖွင့်

ရုရှားက မြန်မာနိုင်ငံတွင် ဘူမိရူပဗေဒ၀န်ဆောင်မှုပေးရန် စင်တာသစ်ဖွင့်လှစ်

ရုရှားနိုင်ငံ အခြေစိုက်ဘူမိရူပဗေဒဆိုင် ရာ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုဖြစ်သော Dalmornefte geophysica (DMNG) က ၎င်း၏ငါးခု မြောက်ရုံးခွဲအားရန်ကုန်မြို့တွင် ဇွန်လ ၁၈ ရက်နေ့က စတင် ဖွင့်လှစ် ခဲ့သည်။

အမှတ် ၁၂၇ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင်ဖွင့်လှစ်လိုက်သည့် အဆိုပါရုံးခွဲသည် ကုန်းတွင်း နှင့်ကမ်းလွန် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့စီမံကိန်းများ၏ ဘူမိရူပဗေဒဆိုင်ရာ ၀န်ဆောင်မှု များ ရှာဖွေ တွက်ချက် ပေးနိုင်မည့် စင်တာ တစ်ခုဖြစ်လာသည်။


၎င်းစင်တာမှာ DMNG ၏ရုံးခွဲများ အနက် ရုရှားနိုင်ငံ Yuzhno-Sakhalinsk မြို့ရှိစင်တာပြီးလျှင် ဘူမိရူပဗေဒ ဆိုင်ရာ ရှာဖွေတွက်ချက် ပေးနိုင်သည့် ဒုတိယမြောက်စင်တာ ဖြစ်သည်။ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ရှာဖွေခြင်း၊ သတ္ထုရှာ ဖွေခြင်းအတွက် ဘူမိရူပဗေဒဆိုင်ရာ တိုင်းတာခြင်းများ ဆောင်ရွက်ရာတွင် အချက် အလက်ရယူခြင်း၊ အချက် အလက်များ တွက်ချက်ခြင်းနှင့် ပုံဖော်ခြင်းဆိုသည့် အဆင့် သုံးခု တို့တွင် အချက် အလက်များတွက်ချက်ခြင်း အဆင့်ကို DMNG အနေဖြင့် ဆောင်ရွက်ပေးသည်။

DMNG ရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် စင်တာဖြစ်ပြီး အမြတ်ခွေဲ၀မှု အချိုးအစားအတွက်မူ ၎င်းနှင့် လက်တွဲ ဆောင်ရွက်နေသော မြန်မာ နိုင်ငံရှိ ပုဂ္ဂလိက လုပ်ငန်းတစ်ခုဖြစ်သည့် Myanmar Offshore Co,. Ltd သို့ ၃၀ရာခိုင် နှုန်းခွေဲ၀သွားမည်ဖြစ်သည်။

DMNG သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ စီမံကိန်းများအတွက် ၁၀ နှစ်ကျော်ကြာ ဆောင်ရွက် ခဲ့ဖူးသည့် အတွေ့အကြုံရှိပြီး ၀န်ဆောင်မှုများတွင် ကုန်းတွင်းနှင့် ကမ်းလွန်ဆိုက်စမစ် အချက်အလက် ရှာဖွေထုတ်လုပ်ခြင်း၊ ရေကြောင်းဆိုင်ရာ အချက်အလက် ရှာဖွေ ထုတ်လုပ်ခြင်း၊ ကွန်ပျူတာအပါအ၀င် အခြားသော နည်းပညာပံ့ပိုးပေးခြင်း၊ ကွန်ယက်နှင့်ပရိုဂရမ်များအတွက် အတိုင်ပင်ခံ ၀န်ဆောင်မှုများ အားလည်း ဆောင်ရွက်ပေးသည်။

မြန်မာနိုင်ငံအတွက် DMNG ၏နောက်ဆုံး ဆောင်ရွက်ခဲ့သော ၀န်ဆောင်မှုမှာ ၂၀၁၁ ခုနှစ် ဖေဖော်၀ါရီလ တွင်ပြီးစီးခဲ့ပြီး PTTEP ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ရှာဖွေရေး အတွက် ဖြစ်သည်။

DMNG ကို ကမ္ဘာတစ်၀ှမ်းရှိ ကမ်းလွန်ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ကွက်များရှာဖွေရန် ၁၉၆၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

DMNG ၏ အထွေထွေဒါရိုက်တာ Mr Edward Kropp "ဒီမှာလာလုပ်ရခြင်းရဲ့အကြောင်းရင်းတစ်ချက်က နည်းနည်း ကြည်နူးစရာ ကောင်းပါတယ်။ အသစ်ဆိုတာစိတ်၀င်စားစရာ ကောင်းပါတယ်။ နိုင်ငံသစ်၊ လူသစ်၊ စီမံကိန်းအသစ်တွေ။ ဒါတွေက ဒီကိုလာရတဲ့ နောက်ထပ် အကြောင်းအရင်းတွေပါ" ဟု၎င်းကပြောသည်။

ရေးသားသူ-ဂျုးလိယက်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection