တရုတ်နှင့် မြန်မာအချင်းများ၍ မန္တလေးကျောက်ဝိုင်းပိတ်

တရုတ်နှင့် မြန်မာအချင်းများ၍ မန္တလေးကျောက်ဝိုင်းပိတ်

မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ကျောက်မျက် ဈေးကွက်အတွင်း ပြည်မကြီးမှ တရုတ် လူမျိုးများနှင့့် ဒေသခံ မြန်မာတို့ ရန်ဖြစ်သည့် အတွက် ဈေးကွက်ပိတ် လိုက်ကြောင်း သိရသည်။

“လက်ရှိအချိန်မှာ တာ့ရဲကား၇စီး၊ အချုပ်ကား၁စီး၊ ဒိုင်နာကား ၁ စီးနဲ့ လုံခြုံရေးတွေလည်း အများကြီး ချထားတယ်။ ကျောက်ဈေးကွက်ကိုတော့ ပိတ်ထားလိုက်ပြီ။ ဒီမနက် ၁၀ နာရီလောက်က စဖြစ်တာပါ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းသို့ ဆက်သွယ်စုံစမ်းရာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ သော်လည်း အသေးစိတ်ကို ပြောဆိုရန် ငြင်းဆိုခဲ့သည်။

မြန်မာ ကျောက်ကုန်သည် ကိုမော်ကြီးဆိုသူက ပထမ တရုတ်ကုန်သည်များ ပေးသည့် ကျပ်သိန်း ၄၀ ကို မရောင်းဘဲ အခြား တရုတ်တဦးသို့ ကျပ် ၄၅ သိန်းဖြင့် ရောင်းသည်ကို မကျေနပ်သည့် အတွက် ပြဿနာ စခဲ့သည်ဟု ကျောက်ကုန်သည် တဦးက ရှင်းပြသည်။

ကျောက်၀ိုင်းအတွင်း ဆိုင်နံပါတ် ၈ နှင့် ၉ ရှိ Path Travels & Tours ကုမ္ပဏီ ရုံးခန်းအတွင်း ခေါ်ယူကာ ကိုမော်ကြီးအား တရုတ်များက ၀ိုင်းဝန်း ထိုးနှက်ကြကြောင်း၊ ထို့နောက် ကိုမော်ကြီးက ကျောက်၀ိုင်း ကော်မတီရုံးသို့ သွားရောက် တိုင်တန်းသော်လည်း ဖြေရှင်းပေးမှု မရှိကြောင်း သိရသည်။

“တရုတ်က ၅ ယောက်နဲ့ မြန်မာ ၁ ယောက် ဖြစ်တာ။ ပြီးတော့ တရုတ်က ရဲသွားတိုင်တယ်။ ရဲကလည်း တရုတ်ဘက်ကပဲပါပြီး ဖြေရှင်းပေးတယ်။ အဲဒါကို မကျေနပ်ကြတဲ့ မြန်မာတွေက ပေါက်ကွဲကုန်ကြတယ်။ ကမ္ဘာမကြေ သီချင်းတို့၊ ဇာတိမာန် သီချင်းတို့ ဆိုတဲ့ အခြေအနေထိ ဖြစ်ကုန်တယ်” ဟု ကျောက်ကုန်သည်က ပြောသည်။

ကျောက်၀ိုင်းအား ပိတ်ထားပြီး အပြင်မှလူများကို ၀င်ခွင့်မပေး တော့ကြောင်း၊ အတွင်းမှလူများကိုလည်း ထွက်ခိုင်း ကြောင်း၊ ကျောက်၀ိုင်း အတွင်းမှ တချို့မှာ ပြန်သွားသော်လည်း သတင်းကြားသည့် အတွက် လာကြည့်သူ များလာကြောင်း ဒေသခံတဦးက ပြောသည်။

ခိုက်ရန်ဖြစ်ပွားသည့် တရုတ် ၅ ဦးနှင့် ကိုမော်ကြီးတို့အား ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။ အမှတ် ၇ ရဲစခန်းက အမှုကိုစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောသည်။

မဟာအောင်မြေ မြို့နယ်အတွင်း ၈၇ လမ်းနှင့် ၈၈ လမ်းကြား ၃၈၊ ၄၀ လမ်းပေါ်ရှိ ကျောက်မျက် ကျောက်ဈေးကွက်မှာ ပုံမှန်အားဖြင့် စနေ၊ တနင်္ဂနွေမှလွဲ၍ ကျန်ရက်များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ဖွင့်ထားကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection