နေပြည်တော်၌ ဖုန်းအမျိုးအစား အားလုံးအသုံးပြု

နေပြည်တော်၌ ဖုန်းအမျိုးအစား အားလုံးအသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဟုဆို
နေပြည်တော်၌ ဖုန်းအမျိုးအစား စနစ်အားလုံးအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။ “နေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်း နေပြည်တော်မှာ ဖုန်း System အကုန်ဖွင့်မယ်။ လက်ရှိ CDMA 450MHz နဲ့ နေရာတချို့မှာ GSM တွေ အသုံးပြုနိုင်ပြီ။ CDMA 800 MHz ဖုန်း တွေလည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်မှာပါ ” ဟု ၄င်းက ပြောပြသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း၀န်ကြီးဌာနအနေဖြင့် မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတိုးတက်စေရန် အတွက် နှစ် ၃၀ နှစ်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ တယ်လီဖုန်း လုပ်ငန်း၊ ကြေးနန်းလုပ်ငန်း၊ စာပို့လုပ်ငန်းများအတွက် သီးခြား ရည်မှန်းချက်များထားရှိ ဆောင်ရွက် ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ နေပြည်တော်၌ ၀၉၄၉ ဖြင့် စသော ကျပ်ငါးသိန်းတန် CDMA 450 MHz ဖုန်းအမျိုး အစား အသုံးပြုမှု စတင်တွင်ကျယ်ခဲ့ပြီး ၄င်းဖုန်းများကို မြန်မာတစ် နိုင်ငံလုံး သယ်ယူအသုံးပြုနိုင်ရန် ၂၀၁၀ စက်တင်ဘာလ ၁ ရက်မှ စတင်၍လိုင်းဖွင့် ပေးခဲ့ကြောင်း နို၀င်ဘာလ ၅ရက်မှစပြီး နေရာအချို့တွင် GSM မိုဘိုင်းများ စတင်အသုံးပြုနိုင်ခဲ့ရာ ထိုသို့အသုံးပြုနိုင်ရန် အတွက် GSM BTS ရေဒီယိုစခန်း ၁၁ ခုကို တည်ဆောက်ခဲ့ပြီး ဆက်လက်တိုးချဲ့လျက်ရှိကြောင်း သိရသည်။

CDMA 800 MHz ဖုန်း အမျိုးအစား အား Data ၊ အချက်အလက်၊ အလွယ်တကူ ပေးပို့နိုင်စေရန်အတွက် နေပြည်တော်၌ အသုံးပြုနိုင်စေရန် ဆောင်ရွက်နေပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့တွင် အဓိက သယ်ယူအသုံးပြုလာ နိုင်မည့် ဖုန်းအမျိုးအစားဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection