Unlocked GSM iPhone 4 ကိုအမေရိကန်၌ စတင်ရောင်းချ



Unlocked GSM iPhone 4 ကိုအမေရိကန်၌ စတင်ရောင်းချ

အရောင်းရဆုံးထုတ်ကုန်ဖြစ်သော iPhone စမတ်ဖုန်းကိုထုတ်လုပ်သည့် Apple ကုမ္ပဏီက unlocked မော်ဒယ် iPhone 4 ကိုအမေရိကန်ရှိ Apple စတိုးမှစတင်ရောင်းချလိုက်ကြောင်း သိရသည်။ အထက်ပါ unlocked မော်ဒယ် iPhone 4 ကို အနက် ရောင်နှင့် အဖြူရောင် တို့ဖြင့်ရရှိနိုင်ပြီး 16GB အတွက် ကန်ဒေါ်လာ ၆၄၉ နှင့် 32GB အတွက် ကန်ဒေါ်လာ ၇၄၉ သတ်မှတ်ထားသည်။ နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်းအနေဖြင့် အနက် ရောင်ဗားရှင်းကို စတင်ရောင်းချသည့်နေ့မှ သုံးရက်အတွင်း တင်ပို့ရောင်းချမည်ဖြစ်ပြီး အဖြူရောင် ဗားရှင်းကိုမူ ၅ ရက်အတွင်း တင်ပို့ရောင်းချမည်ဟုသိရသည်။ ၎င်း unlocked iPhone 4 ကိုအသုံးပြုနိုင် ရန်အတွက် micro SIM card တစ်ခုနှင့် GSM ကြိုးမဲ့ဝန်ဆောင်မှုတစ်ခု လိုအပ် မည်ဖြစ်ပြီး iPad 3G micro-SIM card ကိုမူ ယင်း unlocked iPhone 4 တွင် အသုံးပြုနိုင် မည်မဟုတ်ကြောင်း Apple မှပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအတွင်း အသုံးပြုသူများ အနေဖြင့် unlocked iPhone 4 ကို AT&T နှင့် T-Mobile တို့ဖြင့် ရွေးချယ်အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။ iPhone 4 သည် Apple ၏အရောင်းရဆုံး Phone ဖြစ်လာပြီး ၂၀၁၁ ခုနှစ် ဒုတိယသုံးလပတ် ရောင်းအားသည် ပြီးခဲ့သည့်နှစ်ကထက် ၁၁၃ ရာခိုင်နှုန်းမြင့်တက်လာကာ အလုံးရေ ၁၈.၆၅ သန်းရှိလာပြီး အရောင်းစံချိန်တင်ခဲ့ကြောင်းသိရသည်။

ရေးသားသူ - နောင်နောင် (အင်တာနက်)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection