ဂျပန်နိုင်ငံသို့ ပုံမှန်တင်ပို့ ရောင်းချလျက်ရှိသည့် ရှီတာကီမှို
ကမ္ဘာပေါ်မှာ စားသုံးနိုင်တဲ့ မှိုမျိုးပေါင်းများစွာ ရှိတဲ့အနက် မှိုတစ်မျိုးဖြစ်တဲ့ ရှီတာကီမှိုဟာ လူသားတို့ရဲ့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ အံ့ဖွယ်မှိုတစ်မျိုးဖြစ်ပြီး လက်ရှိ မှာ အဲ့ဒီမှိုကို ဂျပန်နိုင်ငံသို့ ပုံမှန်တင်ပို့ ရောင်းချလျက် ရှိတယ်လို့မြန်မာဘဲလ်ကုမ္ပဏီမှ တာ၀န်ရှိ သူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဆိုပါ ရှီကာကီမှိုကို ဂျပန်၊ တရုတ်နဲ့ အချို့အာရှနိုင်ငံတွေမှာ ရာသီအလိုက်သာ စိုက်ပျိုး နိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ အခုလို စိုက်ပျိုးရာ မှာလည်း မြန်မာနိုင်ငံရဲ့ အေးတဲ့ ဒေသတွေမှာ မြေကြီးပေါ်သို့မချဘဲ မျိုးထုတ်များကို စင်ပေါ်တွင်တင််ပြီး စိုက်ပျိုးတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမှိုကို စိုက်ပျိုးရန်အတွက် မျိုးထုတ်ကို မျိုး မွေးပြီး မျိုးပွားတဲ့အဆင့်မှ မျိုးထည့်ပြီး အပွင့် ထွက်လာဖို့အထိ(၇)လနဲ့(၈)လ အချိန်ကြာ တယ်လို့ သိရပါတယ်။ မှိုပွင့်များ ထွက်လာချိန် (၆)နာရီ (၁)ကြိမ် နှုန်းနဲ့ (၄)ကြိမ် ခူးရတယ်လို့ သိရပါတယ်။ ခူးလိုက်တဲ့ မှိုပွင့်များဟာ (၃)စင်တီမီ တာမှ (၈)စင်တီမီတာ အရွယ် အစားထိ ရှိပြီးတော့ အရွယ် အစား ကြီးမားတဲ့ မှိုပွင့်များကို လှီးပြီး အခြောက်ခံ ရတယ်လို့ သိရပါတယ်။ ပုံမှန်အရွယ ်အစားရှိတဲ့ မှိုပွင့်များကို ခူးပြီးတာနဲ့ သန့်ရှင်းရေးလုပ်ခြင်း၊ အခြောက် ခံခြင်းများ အဆင့်ဆင့်လုပ်ပြီးပါက သတ်မှတ်ပမာဏအလိုက် ထုတ်ပိုးပြီး ဈေးကွက်ထဲကို ရောင်းချတယ်လို့ သိရပါတယ်။
ရောင်းချဖြန့်ဖြူးရာမှာလည်း ဂျပန်နိုင်ငံကို လစဉ်တင်ပို့မှုများရှိပြီး၊ ပြည်တွင်းဈေးကွက်အနေ နဲ့ ဟိုတယ် ကြီးများ၊ စားသောက်ဆိုင်များက မှာယူပါက ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။ ရှီကာကီမှိုကို ဂျပန် နည်းပညာနဲ့ ကိုရီးယား၊ တရုတ်၊ ဂျပန် စတဲ့နိုင်ငံများမှ မျိုးစေ့များနဲ့ စိုက်ပျိုး တာဖြစ်တယ်လို့ သိရပါတယ်။