လူကုန်ကူးသည့် ထိုင်းရဲ အဖမ်းခံရ

လူကုန်ကူးသည့် ထိုင်းရဲအဖမ်းခံရ

မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ တွင်းသို့ တရားမ၀င် သယ်ဆောင်လာသည့် ထိုင်းရဲတပ်ဖွဲ့ပိုင် အချုပ်ကားတစီးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ပြင်ရှိ ထိုင်း စစ်တပ် စစ်ဆေးရေးဂိတ် (ဟွေ့ဟင်ဖွန်ဂိတ်) က စနေနေ့ညနေ ၆ နာရီခန့်တွင် ဖမ်းဆီး လိုက်သည်။
အဖမ်းခံရသည့် ထိုင်း ရဲအချုပ်ကား (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်း ရဲအချုပ်ကားနှင့် လိုက်ပါလာသည့် မြန်မာများ (ဓာတ်ပုံ - ဧရာဝတီ)
အဖမ်းခံရသည့် အချုပ်ကားသည် တာ့ခ်ခရိုင် တာ့ခ်မြို့ရဲစခန်းမှဖြစ်ပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသား ၇၁ ဦးကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သွားရောက်ပို့ဆောင်ပြီး အပြန်တွင် မြန်မာနိုင်ငံသား ၁၀ ဦးကို အခ ကြေးငွေယူ၍ သယ်ဆောင်လာစဉ် အဖမ်း ခံရခြင်းဖြစ်သည်။ ၎င်းအချုပ်ကားကို မောင်းနှင်လာသည့် ထိုင်း ရဲတပ်ကြပ်ကြီး ၀ိရတ်လီလာစ၀မ် ကို မဲဆောက် အခြေစိုက် အမှတ် ၄ ဒေ သဆိုင် ရာကွပ်ကဲရေး တပ်မှ ဗိုလ်မှူးကြီး ပစံဆယ်ဆီရီရတ် နှင့် တပ်ဖွဲ့ ၀င်များက ဖမ်းဆီးခဲ့ပြီး မဲဆောက် ရဲစခန်းသို့ လွှဲ ပြောင်း ပေးအပ်ခဲ့ဖြစ်ကြောင်း ဒေသခံ အာဏာပိုင် အသိုင်းအ၀ိုင်းမှ သိရသည်။ အဖမ်းခံရသည့် မြန်မာများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး ကားရှေ့ခန်းတွင် ထိုင်းဘတ်ငွေ ၃၄၂၀၀ နှင့် အတူ ထိုင်း စစ်တပ်က စစ်ဆေးတွေ့ရှိခဲ့မှုကို ယာဉ်မောင်း တပ်ကြပ်ကြီး က ၀န်ခံ ထွက်ဆိုခဲ့သည်။ မဲဆောက်မြို့၏ ရဲမင်းကြီး ဗိုလ်မှူးကြီး ဒေးချား ၀ထနဖနုံ က အဆိုပါ ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကို တရားဥပဒေ နှင့် အညီ အရေးယူသွားမည်ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။ မဲဆောက်မြို့မှ ထိုင်း ရှေ့နေ တဦးက“ထိုင်းဥပဒေမှာပြဌာန်းထားတာက ဒါမျိုးဆိုရင် အဲဒီ ရဲဝန်ထမ်းဟာ အစိုးရ၀န်ထမ်း အဖြစ်က ထုတ်ပယ်ခံရမယ်၊ ပြီးရင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်တယ်”ဟု ပြောဆိုသည်။ “မြန်မာတွေ ထိုင်းနိုင်ငံ အတွင်းကို ခိုးဝင်နေတာကတော့ နည်းလမ်း ပေါင်းစုံပဲ၊ ဒါပေမယ့် အခုလိုမျိုး ရဲတပ်ဖွဲ့ပိုင်ကားတွေအသုံးပြီး လုပ်တာမျိုးအရင်က မရှိသလောက်ဘဲ၊ ကျနော့် အမြင် အရပြောရရင် အခုမှဖမ်းမိပေမယ့် ဒီမတိုင်ခင်က ဘယ် လောက်အထိ လုပ်ခဲ့လည်းဆိုတာ စဉ်းစားစရာတော့ဖြစ်တယ်၊ နောက်ပြီး ဒါမျိုးက တဦးတယောက်တည်း လုပ်လို့ရတာမဟုတ်ဘူးဟု”ဟု မဲဆောက် အခြေစိုက် ၀ါရင့် ထိုင်း သတင်းထောက် တဦးက ပြောသည်။ ယခင်ကလည်း မဲဆောက်တွင် ထိုင်း စစ်တပ်ပိုင် ကားများကို အသုံးပြု၍ မြန်မာများကို ထိုင်း နိုင်ငံတွင်းသို့ ခိုးသွင်းမှုများအား ဒေသခံ အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် ကရင်ပြည်နယ် ဘားအံမြို့မှ အမျိုးသမီး တဦးက“ကျမတို့ ဘားအံ က လူ တွေ ဘန်ကောက်တက် မယ်ဆိုရင် လူကယ်ရီက ရွာအထိလာခေါ်ပါတယ်၊ တယောက်ကို မြန်မာငွေ ကျပ် ၅ သိန်း ပေး ရ တယ်၊ မဲဆောက်ကနေဘန်ကောက်ကို ကားနဲ့ တိုက်ရိုက်ပဲ၊ အဆက်အသွယ်ကောင်းဖို့တော့ လိုတယ်၊ တချို့ဘန်ကောက် မရောက်ဘဲ အဖမ်းခံရပြီး ပိုက်ဆံဆုံးသွားတဲ့ လူတွေလည်းရှိတယ်”ဟု ပြောသည်။ ယခု ဖမ်းဆီးထားသူများအား လတ်တလောတွင် မဲဆောက် ရဲစခန်း၌ ထားရှိကြောင်း၊ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးကိုမူ မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဖြစ်ကြောင်း ဒေသခံ ထိုင်း အာဏာပိုင်များက ပြောဆိုသည်။ မဲဆောက်မှတဆင့် နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံတွင်းသို့ အလုပ်အကိုင်ရှာဖွေရန် ခိုးဝင်သည့် မြန်မာများကို ဒေသခံ အာဏာပိုင်များက မကြာခဏဖမ်း ဆီးရမိမှုမှာ လစဉ်နီးပါးရှိကြောင်း မဲဆောက် ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection