မကြာခင် သတင်းပတ်တွေအတွင်း အစ္စလာမ် ကြီးစိုးတဲ့ နိုင်ငံတချို့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက် တာ တွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိ ထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ် ဆောင် သင့်တဲ့ အရာတွေ ဆက်လက် လုပ်ဆောင် နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက် က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချ ခံထားရတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်တဲ့ အဘူ ဘာကာ ဘာရှားက မွတ်ဆ လင်တွေ ဆက်ပြီး ဖိနှိပ် သတ်ဖြတ် ခံရမယ် ဆိုရင် မြန်မာ အစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွဲမယ် လို့ သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။
ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာ အစိုးရအနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ အတိုင်း ဥပဒေတွေအတိုင်း ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီ ကို ပြောပါတယ်။
အစိုးရရဲ့ ဆောင်ရွက် နေမှုတွေအပေါ် မကြာခင် ရက်ပိုင်းကလည်း ပြည်ထောင်စု ဝန်ကြီးတချို့က နိုင်ငံ တကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ကို ရှင်းပြခဲ့ တဲ့အပြင် အဖြစ်မှန်တွေ ကို လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင် ပြသခဲ့ကြောင်းလည်း သူက ပြောပါတယ်။
'သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူ ဟာ နည်းဗျူဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျှက် ရှိပါတယ်'' လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
လက်ရှိ ခြိမ်းခြောက်မှုတွေဟာ အစစ်အမှန် ဖြစ်နိုင်သလို တချို့ကတော့ အမှန်တကယ် မဟုတ်ပဲ ကြောင့် လန့်ရုံ သက်သက် ခြိမ်းခြောက်တာတွေ ဖြစ်နိုင်ကြောင်း၊ သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ်သင့် လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။