ပိုင်ဆိုင်မှုကြေညာရေးအဆို ပယ်ချခံရ

ပိုင်ဆိုင်အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ဖော် ကြေညာ မှတ်တမ်းတင်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ အဆိုကို ဒီကနေ့ လွှတ်တော် အစည်းအဝေးက ပယ်ချလိုက်ပါတယ်။

ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံ ရသူတွေဟာ ၄င်းတို့ရဲ့ ပြောင်းရွေ့ နိုင်သောပစ္စည်း၊ မပြောင်းရွေ့နိုင်သော ပစ္စည်းနဲ့ ၄င်းတို့၏ အကျိုး စီးပွားများကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် ဦးဝင်းမြင့်က တင်သွင်းခဲ့ပါတယ်။

ဒီအဆိုကို NLD ပါတီ ကိုယ်စားလှယ် ၄ ဦး အပါအဝင် ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးပြီးနောက် ထောက်ခံ သူ ၆၈ မဲသာ ရရှိပြီး ကန့်ကွက်သူ ၂၇၁ မဲနဲ့ ပယ်ချခံရတာဖြစ်ပါတယ်။ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

"ဦးဝင်းမြင့်တင်တဲ့ အဆိုကို ဒီနေ့မဲခွဲတယ်။ Green Government ဖြစ်ရေးကိစ္စပေါ့။ မဲခွဲတာတော့ ကျွန်တော်တို့ ၆၈ မဲနဲ့ ဒီအဆိုဟာ ရှုံးနိမ့်သွာတယ်။ အဲဒီဟာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်သူ့ လွှတ်တော်ကို တင်ပြရမယ်။ အစိုးရကို တင်ပြရမယ် ဆိုတဲ့ စကားရပ်ပေါ်မှာ ဖြစ်တာပေါ့ဗျာ။ နိုင်ငံတော် သမ္မတကိုပဲ တင်ပြရမယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဆိုတယ်ပေါ့။ ကျွန်တော်တို့ တင်တဲ့ အဆိုက ဒီပြည်ထောင်စု လွှတ်တော်ကို တင်ပြထားဖို့ပေါ့နော်။ ဒါကတော့ ယုံကြည်မှုကို ပိုမိုဖြစ်စေနိုင်ဖို့ အတွက်ပေါ့"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေး ပထမ ပိုင်း တက်ရောက်ပြီးနောက် နေ့လည်ပိုင်းမှာ ပညာရေးဆိုင်ရာ ကော်မတီက ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ပညာရေး ကော်မတီက ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ စီစဉ်နေတဲ့ ၂၀၁၂ ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာ ဖြစ်ကြောင်း သိရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော် အစည်းအဝေး မှာ ဆွေးနွေးကြစဉ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့ လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိ တင်ပြ ထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံ ဆွေးနွေးတင်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးတဲ့ အစိုးရ အဖွဲ့ဝင်များ ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ဖို့ အဆိုနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။မှုကြေညာရေးအဆို ပယ်ချခံရ

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ

အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ အများပြည်သူ သိရှိအောင် ထုတ်ပြန် အသိပေးဖို့ အဆိုကို ဒီနေ့ ကျင်းပ တဲ့ပြည်သူ့ လွွှတ်တော်က ပယ်ချလိုက်ပါတယ်။

အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ပုသိမ်ပြည် သူ့လွွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ အဆိုကို ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ ၁၅ မဲနဲ့ လွွှတ်တော်မှာ ဆက်မဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

ဦးဝင်းမြင့် တင်သွင်းတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေဖို့ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေရဲ့ ရွေွှ့ပြောင်းနိုင်သောပစ္စည်း၊ မရွေွှ့ပြောင်း နိုင်သောပစ္စည်းနဲ့ အကျိုးစီးပွားတွေကို ပြည်သူတွေသိအောင် ထုတ်ဖော်ကြေညာဖို့အဆိုကို လွွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ပါဝင်ဆွေးနွေးကြပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုရှေ့နေချုပ်က ဦးဝင်းမြင့်ရဲ့အဆိုဟာ အခြေခံဥပဒေနဲ့ ကွဲလွဲနေတဲ့အတွက် အဆိုကောင်း ဖြစ်ပေမယ့် မှတ်တမ်းတင်ထားဖို့ပဲ အကြံပြုခဲ့တယ်လို့ အဆိုရှင် ဦးဝင်းမြင့်က ပြောပါတယ်။

ဦးဝင်းမြင့်ကလည်း မှတ်တမ်းတင်ဖို့ လက်မခံဘဲ ဆက်ဆွေးနွေးဖို့ ပြန်လည်တင်ပြတဲ့အခါ လွွှတ်တော်တွင်း မဲခွွဲဲဆုံးဖြတ်ပြီး ရှူံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုရှုံးနိမ့်တာနဲ့ ပတ်သက်ပြီး ပုသိမ်မြို့နယ် ပြည်သူ့လွွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို သုံးသပ်ပြောကြားပါတယ်။

“ဖွဲ့စည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒု သမ္မတရဲ့ ပိုင်ဆိ်ုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စုလွွှတ်တော်နာယကမှာပဲ တင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက သမ္မတဆီတင်ရမှာ။ ကျနော်ပြောတာက ဒါမဟုတ်ဘူး။ ကျနော်က ပြည်ထောင်စုအစိုးရအဖွဲ့ရော၊ တိ်ုင်းဒေသကြီးအစိုးရအဖွဲ့ရော၊ ပြည်နယ်အစိုးရအဖွဲ့ရော အစိုးရအဖွဲ့မှာ ပါတဲ့လူတွေ အကုန်လုံး ရွေွှ့ပြောင်းနိ်ုင်တဲ့ ပစ္စည်းနဲ့ မရွေွှ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ သူတို့အကျိုးစီးပွားအကုန်လုံးကို ထုတ်ဖော်ကြေညာပြီးတော့ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ပေါ့။ ပြည်သူကို ထုတ်ဖော်ကြေညာခိုင်းတာ၊ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာမဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသားလည်း မဟုတ်ဘူး။ လွဲတယ်။ ဒါပေမယ့် မဲခွဲဆုံးဖြတ်တဲ့အခါကျတော့ ရှုံးတာပေါ့။”

မကြာသေးမီကပဲ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်တိုင်းအစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ သမ္မတထံတင်ပြဖို့ သမ္မတရုံးညွွှန်ကြားချက် ထွက်ခဲ့ပါသေးတယ်။

by ရွေွှအောင် (ဒီဗွီဘီ)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection