ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၁)
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
နိုင်ငံတကာအမြင်မှာ မြန်မာနိုင်ငံဟာ ရှေးယခင် ကလို အနိုင်ကျင့်လို့ကောင်းတုန်း အချဉ်ဖမ်းလို့ ကောင်း တုန်း နိုင်ငံတစ်ခုဘဲလို့ မြင်နေကြဆဲပဲနဲ့ တူပါတယ်။ သူခိုးက လူလိုဟစ် နေတာကိုတောင် ဝိုင်းဝန်း လက်ခုပ်တီး အားပေးနေကြပြန်ပါတယ်။
မြန်မာပြည်ဖွား သစ္စာမဲ့သူများကလည်း ငွေကြေး အတွက်၊ နေရာတစ်ခုအတွက် ထမင်းတလုတ် အတွက်နဲ့ ပြဿနာကို မီးခွက်ထွန်း ရှာချင်နေကြပါ တယ်။ ဘင်္ဂလီအရေး ပေါ်လာတာဟာ လုပ်စားနေသူတို့အတွက်တော့ ထမင်းအိုးကြီးတစ်လုံး ထပ်ချက်ပေး ထားသလိုပါပဲ။ မယုံမရှိပါနဲ့။
ဘင်္ဂလီပြဿနာလား။ ရှင်းရှင်းလေးပါ။ ခိုးဝင်တယ်။ အဲဒီဒေသမှာ မူလနေထိုင်နေတဲ့ ရခိုင်လူမျိုးတွေကို စော်ကားတယ်။ လူသတ်တယ်။ မုဒိန်းကျင့်တယ်။ အဲဒီဘင်္ဂလီတွေကပဲ မူလဒေသခံ ရခိုင်တိုင်းရင်းသား များကို လူမျိုးတုန်း (Genocide) ဖြစ်လုနီးပါး သတ်ပစ်ပြီး ရခိုင်ပြည်နယ် နေရာလုယူဖို့ ကြံစည်တယ်။ မူဆလင်ဆိုတဲ့ ဘာသာရေးကို ဘန်းပြပြီး မူဆလင်တွေကိုပါ သူတို့နဲ့ ပါဝင်လာအောင်လုပ်တယ်။ အိန္ဒိယ နယ်စပ်မှာလည်း ဒီအတိုင်းပဲ ဖြစ်နေတာပါ။ အိန္ဒိယမှာဆို ခိုးဝင်လာရင် မေးမြန်းစစ်ဆေးခြင်းမရှိ ပစ်တောင် သတ်ကြတာ မဟုတ်လား။
အိန္ဒိယ နယ်စပ်ရှိ တာဝန်ကျ အိန္ဒိယ စစ်သားများ
ဥပဒေမဲ့ ခိုးဝင်လာတာတွေကို ဘယ်နိုင်ငံမဆို သင့်ရာနည်းနဲ့ ဖြေရှင်းကြရမှာပါပဲ။ ဘယ်နိုင်ငံကမှ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုးကို အစော်ကားခံမှာ မဟုတ်ပါဘူး။ ပြဿနာကို ဖြေရှင်းတဲ့ အခါမှာတော့ လူ့အခွင့်ရေး ဆိုတဲ့ စကားလုံးကို ပါးစပ်နဲ့မဆန့်အော်ပြီး ငိုပြတယ်။ လိမ်လည်ပြီး နိုင်ငံတကာမှာ ဝိုင်း အော်ကြတယ်။ ဘင်္ဂလီတွေရဲ့ နယ်မြေလု လူသတ် မုဒိန်းကျင့် မီးရှို့ ရေထဲအဆိပ်ခတ် စသော အောက်တန်း ကျတဲ့ လုပ်ရပ် တွေကို ဖုံးကွယ်ပြီးတော့ မူဆလင် ဘာသာရေးပြဿနာ၊ ဘင်္ဂလီ အခွင့် အရေးပြဿနာ အဖြစ် ခေါင်းစဉ် ပြောင်းလဲ အော်နေကြတယ်။ ဘာလူ့အခွင့်ရေးမှ မဟုတ်ဘဲ နယ်မြေ ခိုးချင်တဲ့ ဘင်္ဂလီတွေရဲ့ အရေးပဲဆိုတာ ရှင်းနေတယ် မဟုတ်ပါလား။ တနည်းပြောရရင် လူ့အခွင့်အရေး မဟုတ်ပဲ အခွင့်အရေးသမားတွေရဲ့ အခွင့် အရေးရှာကြံမှုပဲ မဟုတ်ပါလား။
ဒါဆိုရင် ဒီလောက်ရှင်းတဲ့ ပြဿနာတစ်ခုမှာ ဖင်ကြားမီးညှပ်သလို မနေနိုင် မထိုင်နိုင်အောင် ပါဝင်လာတဲ့ သိက္ခာရှိပါတယ်ဆိုသော ကုလသမဂ္ဂ UN နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ အချို့အာဆီယံနိုင်ငံတွေ မီဒီယာ အချို့နဲ့ လူပုဂ္ဂိုလ်တွေဟာ ပြဿနာအကြောင်းရင်းကို ခြေခြေမြစ်မြစ် နားလည်သည်ဖြစ်စေ၊ နားမလည် သည်ဖြစ်စေ၊ အကြောင်းပြပြီး လုပ်စားချင်တာဖြစ်စေ၊ သဘောရိုးနဲ့ လုပ်ကိုင်သည်ဖြစ်စေ၊ သူတို့တတွေပါ ကျက်သရေတုံး တဲ့ အဆင့်ထဲ အလိုလို ပါဝင်သွားရ ပါတော့တယ်။ ဒီလူ ဒီအဖွဲ့အစည်း တွေဟာ ဘင်္ဂလီတွေရဲ့ သမိုင်းလိမ် တွေနဲ့ နယ်မြေခံတွေကို စော်ကားတာတွေ သူပုန်ထခဲ့တာတွေ ဘင်္ဂလီတွေရဲ့ ရည်ရွယ်ချက်တွေကို ဘာကြောင့် မသိချင်ယောင်ဆောင်ပြီး ဘာသာရေးနဲ့ လူ့အခွင့်အရေးကိုသာ အသံကျယ်ကျယ်နဲ့ ထအော်လာကြတာလည်း ဆိုတာ အရင်မေးခွန်းထုတ်ချင်ပါတယ်။
ပထမဆုံးတစ်ခု ပြောပြထားချင်ပါတယ်။ ကုလသမဂ္ဂဆိုတဲ့ UN ဆိုတာ ဘာလည်း ဘာတွေလုပ်နေ တာလည်း ဘယ်လိုဖွဲ့စည်းထားတာလည်း ဒါတွေ လူတိုင်းလိုပဲ နားလည်ကြပါတယ်။ ဒါပေမယ့် ကုလအဖွဲ့ အမည်ခံပြီး အောက်မှာလုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေဟာ မှန်မှန် လုပ်နေကြရဲ့လားဆိုတာကိုတော့ ပြန်လည်ပြီး check, recheck, counter check’ လုပ်ဖို့ အရင်လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂဆိုတာ နိုင်ငံ တိုင်းက အားကိုးရာလို့ သတ်မှတ်ထားကြပါတယ်။ သို့သော်လည်းပဲ ကုလသမဂ္ဂရဲ့ နာမည်ခံပြီး မဟုတ် တာ လုပ်တာတွေ၊ သက်ဆိုင် ရာနိုင်ငံရဲ့ အချူပ်အခြာ အာဏာပိုင်းဆိုင်ရာကို ထိပါး နှောင့်ယှက်လာ တာတွေကို ဘယ်နိုင်ငံကမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေး ထိုးပြီး ဒုက္ခသည်တွေအား လက်ခံကူညီ ပေးနေတဲ့ နိုင်ငံတွေမှာတောင် UNHCR က တရားလွန် ဝင်ရောက်စွက်ဖက်လာရင် လက်မခံကြတော့ဘူး ဆိုတာလည်း UNHCR က ပုဂ္ဂိုလ်ကြီးများ နားလည်ကြ မှာပါ။
မြန်မာစကားနဲ့ ပြောရရင်တော့ သူကြီးနဲ့ပေါင်းပြီး ဆယ်အိမ်ခေါင်းကို ဘာထင်တယ် ညာထင်တယ် ဆိုတာ မျိုးကို လက်မခံကြတာပါ။ ရခိုင်ဒေသမှာ ရခိုင်တိုင်းရင်းသားတွေက UN နဲ့ NGO တွေကို လက်မခံဘူး ဆိုတာဟာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများရဲ့ နှစ်ပေါင်းများစွာ ကတည်းက ခံစားလာခဲ့ရတဲ့ ရင်ထဲက မျိုသိပ်နေခဲ့ရတဲ့ ခံစားချက်တွေကြောင့် ဆိုတာကို အရင်သဘောပေါက်အောင် ကြိုးစားစေချင် ပါတယ်။ ဘယ်သူတွေရဲ့ တိုက်တွန်းချက်ကြောင့်မှ မဟုတ်ပါဘူး။ UNHCR ရဲ့ ဒုက္ခသည် စောင့်ရှောက် မူမျိုးဟာ ရခိုင်ဒေသအတွင်းက ဘင်္ဂလီတွေအတွက် အကျုံးမဝင်ဘူးလို့ မဟာမင်းကြီးက ဆိုခဲ့တာဟာ ဘင်္ဂလီတွေ ဆိုတာ ဒုက္ခသည်တွေ မဟုတ်ပါဘူး၊ ခိုးဝင်အခြေချလာတဲ့ ဘင်္ဂလားဒေသက သူတွေပါလို့ ဝန်ခံ သွားခဲ့ တာလားလို့တောင် ထင်မြင် ယူဆမိပါတယ်။ ဘင်္ဂလီတွေ လက်ခံဖြေရှင်းဖို့ ကိစ္စဟာ UN နဲ့မဆိုင် ဘူးဆိုရင် ရခိုင်ဘူးသီးတောင် မောင်တောဒေသမှာ UNHCR ထားဖို့တောင် မလိုပါဘူး။ တခြားနိုင်ငံ တကာနဲ့ မြန်မာ ပြည်ရဲ့ အချို့နေရာတွေမှာ UNHCR က လုပ်ကိုင်ဆောင်ရွက် ပေးနေတာကို အသိ အမှတ်ပြုနိုင်ပေမယ့် ရခိုင် တိုင်းရင်းသားတွေရဲ့ မြေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမှာတော့ ဘင်္ဂလီ အရေးကိုသာ ဦးစားပေး လုပ်ကိုင်ပေးနေကြတာ ကြာပါပြီ။ ယခု UN, INGO ဝန်ထမ်းတွေကို အစိုးရက ဖမ်းပြီး ဥပဒေနဲ့ စီရင် နေရတာကိုက သူတို့ရဲ့ မသမာမူတွေကို သက်သေပြနေတာပါ။
ဒုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်ထားသော ဘင်္ဂလီ လူမျိုးများ
ဘာကြောင့် ဆူပူအကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ သူတွေကရော UNHCR ဝင်းထဲ ရောက်နေရရလည်း၊ ဘင်္ဂလီတွေက စတင်ပြီး ဒုတ်ကိုင် ဓါးကိုင်၊ ရခိုင်အိမ်တွေကို မီးရှို့လူသတ်နဲ့ မဲမဲထအောင် ဒီလောက် သောင်းကျန်းနေကြတာကို ဒီတာဝန်ရှိသူတွေက မမြင်ဘူးတဲ့လား။ ယခင်အတိတ်ကရော ခိုးဝင်အခြေချ နေသူ ဘင်္ဂလီတွေက ရခိုင်ဒေသခံတွေကို အကြိမ်ကြိမ် စော်ကားပြီး လူသတ် မုဒိန်းကျင့်လုပ်နေတာ (Genocide) လူမျိုးတုန်းဖြစ်စဉ် ဖြစ်ပွားလုနီးနီး ရခိုင်ပြည်နယ် နေရာအား အပိုင်စီးဖို့ လုပ်နေတာတွေကို နားမလည် ခဲ့ကြဘူးလား။ ယခု မုဒိန်းကျင့် လူသတ်မူ မကျူးလွန်ခင် ကလေးကတင် မောင်းတော နစက ဂိတ်နဲ့ မနီးမဝေးမှာတင် ကုလား (၃) ယောက်က ဓါးကိုယ်စီနဲ့ အပြေးလိုက်ပြီး မုဒိန်းကျင့် လူသတ်ခဲ့ တာရော မသိ လိုက်တာလား။ ကိုယ့်အလုပ်မဟုတ်လို့ မသိဘူးဆိုရင် ဘင်္ဂလီအရေး ကိစ္စကိုသာ ဦးစားပေး လုပ်နေတဲ့ ကုသသမဂ္ဂ အဖွဲ့သားတွေဟာ ရုံးဆက်ထိုင်ဖို့ မကောင်းတော့ပါဘူး။ မသိသေးရင်လည်း ဒီပြဿနာ ဘယ်လိုရှင်းမလဲဆိုတဲ့ ဆောင်းပါးနဲ့ လဝက ဝန်ထမ်းတစ်ဦးရဲ့ အတွေ့အကြုံ ဆောင်းပါး တွေကို ပေးထားတဲ့ လင့်အတိုင်း ပူးတွဲဖတ်ကြည့်ပြီး သုံးသပ်ကြဖို့ အကြံပြုပါတယ်။
http://arakantimes.net/burmese/index.php/2012-02-21-02-29-15/242-2012-06-27-12-31-
http://arakantimes.net/burmese/index.php/2012-02-21-02-29-15/242-2012-06-27-12-31-
ဒါဆိုရင် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို UN အဖွဲ့ကြီးနဲ့ UN အထွေထွေ အတွင်းရေးမှူးချုပ်မှာ တာဝန်ရှိပါတယ်။ ခိုးဝင်သူ ဘင်္ဂလီတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အကြိမ်ကြိမ်ပင် သတ်ဖြတ်ရန် ကြံစည်မူနဲ့ အကြမ်းဖက်မူများမှာ ကြံရာပါ သို့မဟုတ် အားပေးသူ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနိမ့်ဆုံး အဆင့် ကိုယ့်အဖွဲ့အစည်းအတွင်း ပြန်လည် စစ်ဆေးကြရပါမယ်။ UN ဆိုတဲ့ဝိတ်နဲ့ သက်ဆိုင်ရာ နိုင်ငံကိုသာ လက်ညှိုးထိုး အပြစ်တင်ပြနေလို့ မရပါဘူး။ ကိုယ့်ဌာနက တာဝန်ရှိသူတွေ ရုံးအဖွဲ့ဝင်တွေကိုလည်း ကုလ သမဂ္ဂရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်မူ ရှိ မရှိ၊ မှန်မှန်ကန်ကန် ဟုတ်မဟုတ်ကို ပြန်လည်လို့ စစ်ဆေးသင့်ပါတယ်။ UN နဲ့ UN ရဲ့ မူဝါဒ လုပ်ပိုင်ခွင့်တွေကို လက်ခံပေမယ့် တာဝန်ယူ လုပ်ကိုင်နေသူ တွေကိုတော့ လူသားတို့ရဲ့ အားသာချက် အားနည်းချက်များရှိတဲ့ သဘာဝ အတိုင်း ပုံပြီး ယုံလို့မရတာကိုတော့ နားလည်နိုင်ကြပါလိမ့်မယ်။
အပိုင်း (၂) ကို မနက်ဖြန် ဆက်လက် ဖော်ပြသွားပါမယ်။ မူရင်းဆိုဒ် စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ တဆင့်ဖော် ပြရခြင်းဖြစ်ပါတယ်။