၃၁ အဆန် ရထားလမ်းချော်မှု ဖြစ်ပွား

ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ၃၁ အဆန် ရထားလမ်းချော်မှု ဖြစ်ပွား


ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ တွင် ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ၃၁ အဆန် ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီတွင် ထွက်ခွာလာရာ တိုးကြောင် ကလေး ဘူတာ နှင့် ငမိုးရိပ် ဘူတာကြားအရောက်တွင် ရထားလမ်း ချော်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်ပွားချိန် မှာ ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွား ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် ရထားဘီးစတင်လမ်းချော် သည့် နေရာမှစ၍ ပေတစ်ရာခန့်အထိ တရွတ်တိုက်ချော် ထွက် သွားကာ သံလမ်း များကြားမှ ကွန်ကရစ် ဇလီ ဖားတုံး ၁၀ဝ ကျော် ခန့် ပျက်စီးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါရထားနှင့်လိုက်ပါလာသူ ရထားလုံခြုံရေး ရဲတပ်ကြပ် ကိုအေးထွန်း ကို ရန်ကုန်မီဒီယာဂရုပ်မှ မေးမြန်းရာ "ရထားကြောင့် ဖြစ်တာလား သံလမ်းရဲ့အားနည်းချက်လား ဆိုတာ လော လောဆယ်အဖြေရှာလို့ မရသေးဘူး ဒီနေရာမှာ အရင်ကလမ်းချော်တာမျိုးမရှိဘူး ခရီးသည် တွေလည်း ဘာမှ မဖြစ်ဘူး" ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့် ရထားသံလမ်းဘေးတွင် နေထိုင်သူ ဦးဝင်းလှိုင်က "အသံက ဂျိမ်း ဂျိမ်း ဆိုပြီးအကျယ်ကြီးကြား လိုက်ရတယ် အော်တဲ့သူ ကလည်းအော် ပြေးတဲ့သူတွေပြေးဖြစ်ကုန်တယ် ။ ဖြစ်တဲ့ အတွဲကအရမ်းခါနေတော့ မှောက်သွားမှာ စိုးရတယ်။

မီပွားတွေလည်း ထွက်ပြီး ညော်လည်းညော်ကုန်တယ် ဘယ်လိုဖြစ်မလဲဆိုပြီး ရထားမှောက်မှာ စိုးလို့ကြည့် နေကြတာ ရထားဘီးက တအားချော်တာ "ဟု ပြောကြားသည်။

အဆိုဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော ရန်ကုန်ဘူတာကြီး၏ ဒုရုံပိုင်ချုပ်ကြီး ဦးရဲလွင်အား မေးမြန်းရာ တွင် "အခုဖြစ်စဉ်က ဘာကြောင့် ဖြစ်တယ် ဆိုတာ မပြောနိုင်သေးဘူး ရထားတွဲကြောင့်ဖြစ်တာလား ၊ လမ်းကြောင့်ပဲလား ၊ စက်ခေါင်းမောင်းတဲ့ သူရဲ့ အနှေးအမြန်ကြောင့် ဖြစ်တာလား ဆိုတာတွေကို သေချာ ဆန်းစစ်ရ ဦးမယ် သုံးမျိုးစလုံးလည်း ဖြစ်သွားနိုင်တယ် ၊ အဖြေတော့ မပေးနိုင်သေးဘူး" ဟု ပြောကြား သည်။

အဆိုပါ ရထားဘီးချော်မှုကြောင့် ခရီးသည်များထိခိုက်ဒဏ်ရာရှိမှု မရှိခဲ့ကြောင်း သိရသည်။ ဘီးချော်သွား သည့် ရထားတွဲကို တိုးကြောင်ကလေး ဘူတာအထိ သယ်ယူသွားပြီး ယင်းဘူတာတွင် ဖြုတ်ထားခဲ့မည် ဖြစ်ကြောင်း နှင့် ခရီးစဉ်ကို ဆက်လက်ပြေးဆွဲ ထွက်ခွာမည် ဖြစ်ကြောင်းသိရသည်။

ဖြစ်ပွားသည့် ရထား အတွဲမှာ ရထားစက်ခေါင်းမှ စတင်ရေတွက်လျင် ၅ တွဲမြောက်အတွဲဖြစ်ကြောင်း သိရသည်။

Yangon Media Group

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection