ကစ္ဆပနဒီလှိုင်းသံ သီချင်းရေးသူမှာ မောင်မောင်ဈာန်ဖြစ်ကြောင်း ကြေညာ
"ကစ္ဆပနဒီလှိုင်းသံ" သီချင်းရေးသူမှာ မိမိသာဖြစ်ကြောင်း ရခိုင်အမျိုးသား တေးဆရာ မောင်မောင်ဈာန်က Myanmar Collection သို့ ပြောကြားခဲ့သည်။
ဇွန်လ (၂၉) ရက်နှင့် (၃ဝ)ရက်နေ့ တွင် အမျိုးသားက ဇာတ်ရုံ၌ ပြုလုပ်သော ရခိုင်ပြည်နယ် ပြန်လည် ဖွံ့ဖြိုးရေးညီညတ်ခြင်းနှင်းဆီအငြိမ့်ဖျော်ဖြေပွဲ ဒုတိယနေ့တွင် တေးသံရှင် ကိုင်ဇာ မိသားစုမှ ငွေကျပ် (၃)သိန်း လှူဒါန်းရာ ကစ္ဆပနဒီလှိုင်းသံ သီချင်းပိုင်ရှင်ဟု သုံးနှုန်းခဲ့ကြောင်း ရခိုင်အမျိုးသားတစ်ယောက်ဖြစ်သော မိမိမှာ ထိုကဲ့သို့ ရခိုင်လူမျိုးများ၏ ပွဲတွင် ယခုကဲ့သို့ သုံးနှုန်းခံရခြင်းအပေါ် များစွာ စိတ်မကောင်း ဖြစ်မိ ပါကြောင်း၊ ယခုကိစ္စတွင် ငွေကြေးကြောင့် မဟုတ်ပဲ အနုပညာကို ခုတုံးလုပ်ခံရသကဲ့သို့ ဖြစ်သည့် အတွက် စိတ်မကောင်းဖြစ်မိကြောင်း တေးဆရာ မောင်မောင်ဈာန် က ပြောကြားပါသည်။
" ကိုယ်လူမျိုးရဲ့ သီချင်းလည်းဖြစ်တော့ ရေးခဲ့တာ ဒီသီချင်းဟာ ကျွန်တော်ရဲ့ မူပိုင်ဖြစ်ပါတယ်၊ အဲ့ဒီအတွက် အနည်းဆုံးတော့ ကျွန်တော်ကို အသိပေးရပါမယ် " ဟု မောင်မောင်ဈာန်က ပြောၾကားပါသည်။
ဖျော်ဖြေပွဲ ပထမနေ့တွင်လည်း အဆိုပါ သီချင်းကို တေးသံရှင်များ သီဆိုခဲ့ကြပြီး၊ မောင်မောင်ဈာန်၏ သူငယ်ချင်းက မောင်မောင်ဈာန်ကိုယ်စား ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရပါသည်။
![]() |
မူရင်းထုတ်ဝေထားသောစာအုပ် |