ရခိုင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့ အနုပညာရှင် ရတနာမိုင်က တခြားအနုပညာရှင်မောင်နှ မများနဲ့ အတူ ဇူလိုင်လ၁ရက်နေ့က ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွား ရောက် လှူဒါန်းခဲ့ပါတယ်။ ကိုယ်တိုင် သွား ရောက်လှူ ဒါန်းရတဲ့အတွက်တအားလည်း ပီတိဖြစ်ခဲ့ရပြီး ဝမ်းနည်း မျက်ရည်ပါ ကျခဲ့ရတဲ့ ရတနာမိုင် က”မိုင်လေးတို့ရခိုင်ပြည်နယ် ကိုရောက် သွားတော့ သူတို့က တအားလည်း နွေးထွေး ကြတယ်။သူတို့တကယ်ကို လိုအပ်နေတဲ့ အချိန်မှာကိုယ် တွေက သွားရောက်အားပေးနှစ်သိမ့်တဲ့ အတွက် သူတို့က တအားကျေးဇူးလည်းတင်ကြတယ်။ကိုယ်ကိုယ်တိုင်က လည်း သူတို့ကိုတွေ့ပြီးတော့ စိတ်မကောင်းတအား ဖြစ် မိတယ်။ မျက်ရည်ပါကျခဲ့ ရတယ်။ ကိုယ်တိုင် မြင်တွေ့ ရတဲ့အခါကျတော့ စိတ်လည်မထိန်းနိုင်တော့ဘူး။ သူတို့ကလည်း မျက်ရည်ဝဲပြီးတော့ ကိုယ့်ရဲ့လက်ကိုကိုင်ပြီး ကျေးဇူတင်တယ်လို့ငိုပြီးပြောတဲ့ သူက လည်း ပြောဆိုတော့ မိုင်လေးလည်း စိတ်ထဲမကောင်းဖြစ်သွားပြီး စိတ်မထိန်းနိုင်ဘဲ ကိုယ်ပါငိုမိသွားတယ်။ ပြီးတော့ ကိုယ်ကလည်း ရခိုင်တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ထဲမှာ ပိုပြီး ခံစားရတယ်။ကိုယ်တိုင်လည်း သူတို့ကို လိုက်ပြီးတော့ အားပေးစကားတွေပြောတယ်။ နှစ်သိမ့် ပေးတယ်။ သူတို့တွေ အားလုံးကိုလည်း လက်ဆွဲနှုတ်ဆက် ခဲ့တယ်။တအားလည်းဝမ်းနည်းဝမ်းသာ ဖြစ်မိတယ်”လို့ပြောပါတယ်။ ရတနာမိုင်က အခုလို မျိုးအနုပညာ မောင်နှမတွေနဲ့ သွား ရောက် လှူဒါန်းရတဲ့အတွက်လည်း ဝမ်းသာ ပီတိ ဖြစ်မိပြီးတော့ ကိုယ်တိုင်လည်း ငွေသား ၁၈သိန်းကျော်နဲ့ အဝတ်အထည်တွေကို ရခိုင်ပြည် သူ၊ ပြည်သားတွေအတွက် လှူ ဒါန်းခဲ့တယ်လို့ ထပ်မံပြောပါတယ်။
POPULAR WEB SITE
>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ |
>> ပါတီနိုင်ငံရေးဆိုဒ်များ |
|||
♂ |
♂ | |||
♂ | ♂ | |||
♂ | ||||
♂ | ||||
♂ | ||||
♂ | ||||
♂ | ||||
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
|
>> Mobile ဖုန်းနည်းပညာဆိုဒ်များ
|
|||
♣ |
♣ | |||
♣ |
♣ | |||
♣ |
♣ | |||
♣ |
♣ | |||
♣ | ♣ | |||
♣ | ||||
♣ |
||||
>> ကျန်းမာရေးဆိုင်ရာ Website များ |
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ |
|||
♂ |
♂ |
|||
♂ |
||||
♂ |
||||
Facebook Fan Pages
/ +Gadget