Domain name ဆိုတာ…

Domain name ဆိုတာ…

Domain name ဆိုတာ လွယ်လွယ်ပြောရရင် အင်တာနက် လိပ်စာ ပေါ့ဗျာ။ www.yourdomain.com , wxyz.org ဒါမျိုးတွေဟာ ဒိုမိန်း နိမ်း ပေါ့။ browser ရဲ့ address မှာ ဒိုမိန်းနိမ်းကို ရိုက်ပေးလိုက်ရင် အဲဒီ ဒိုမိန်းနိမ်းကို အသုံးပြုထားတဲ့ blog တွေ၊ website တွေကို browser က ဖတ်ရှုနိုင်အောင် ဖော်ပြပေး ပါလိမ့်မယ်။
ဒိုမိန်းနိမ်း မှာ ခွဲခြားထားတာလေးတွေ ရှိပါတယ်။ ဥပမာ abcd.com ဆိုပါတော့။ abcd.com ရဲ့ .com ဆိုတာကို Top Level Domain Name (TLD) လို့ခေါ်ပါတယ်။ TLD ထဲမှာမှ .com , .net , .org စတဲ့ အများဆုံး သုံးကြတာကို (General Top Level Domains: gTLDs)။ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုတဲ့ ဥပမာ .com.mm (မြန်မာ), .com.jp (ဂျပန်), .co.uk (အင်္ဂလန်), co.th (ထိုင်း) ဆိုတာမျိုးတွေကိုတော့ (Country Code Top Level Domains: ccTLDs) ဆိုပြီး ခွဲထားပါသေးတယ်။

www.abcd.com ဆိုတဲ့ ဒိုမိန်း နိမ်း မှာ .com က (gTLDs)၊ အရှေ့က abcd ကိုတော့ second level domain (SLD) လို့ခေါ်ပါတယ်။ ထို့အတူပဲ abcd.com.mm ဆိုပါတော့။ သူကတော့ .com.mm က (ccTLD)၊ abcd က second level (ccSLD) ပေါ့ဗျာ။ second level domain နာမည်တွေဟာ တစ်ခုနဲ့တစ်ခု တူလို့မရပါဘူး။ သဘောကတော့ abcd.com ဆိုတဲ့ တူညီတဲ့ဒိုမိန်းနိမ်း 2 ခု မရှိပါဘူး။ တစ်ဦးတစ်ယောက်က register လုပ်ထားပြီးရင် နောက်ထပ် လုပ်လို့မရတော့ပါဘူး။ အဲဒီ ဒိုမိန်းနိမ်း ကိုမှ လိုချင်တယ်ဆိုရင် register သက်တမ်းကုန်ပြီးတော့မှ ဖြစ်စေ၊ ထိုသူထံမှ ပြန်ဝယ်ယူခြင်းဖြစ်စေ နည်းများနဲ့ပဲ အဲဒီ ဒိုမိန်းနိမ်းကို ရယူနိုင်ပါတယ်။ ဒါမှမဟုတ် အခြား TLD နာမည်တွေမှာ လွတ်နေသေး သလား ရှာဖွေကြည့်နိုင်ပါတယ်။ .com မှာ မရပေမယ့် .net , .org , .com.mm အစရှိတာတွေမှာပဲ ရနိုင်ပါသေးတယ်။ abcd.com မရတော့လဲ abcd.net , abcd.org အစရှိသဖြင့်ပေါ့ဗျာ။

gTLD တွေကို .com (originally for commercial websites) .net (originally Internet networks) .org (non-profit organizations) အစရှိသဖြင့် သတ်မှတ်ထားပေမယ့် ကိုယ့် website မှာ စိတ်ကြိုက် အကြောင်းအရာတွေကို တင်ပြနိုင်ပါတယ်။ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုးတော့မရှိပါဘူး။

gTLD ဒိုမိန်းတစ်ခု register လုပ်မယ်ဆိုရင် အများအပြားရှိတဲ့ အင်တာနက်ပေါ်က ဝန်ဆောင်မှုပေးတဲ့ website တွေမှာ ရယူနိုင်ပါတယ်။ gTLD ဒိုမိန်း နိမ်း အတွက် ဘာမှ ထွေထွေထူးထူး မလိုအပ်ပဲ နှစ်စဉ် ကြေး ပိုက်ပိုက် ပေးနိုင်ရင် ရပါပြီ။ ဒါပေမယ့် ccTLD တွေကို register လုပ်မယ် ဆိုရင်တော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သတ်မှတ်ချက်ကို လိုက်နာ ရမှာဖြစ်ပါတယ်။ register လုပ်ရမှာလဲ အဲဒီနိုင်ငံက သီးသန့် ခွင့်ပြုချက်ရရှိထားသူများ ထံမှသာ ရယူနိုင်ပြီး ဈေးနှုံးမှာလဲ ပိုကြီးလေ့ရှိပါတယ်။

blog.abcd.org ဆိုတာကို ကြည့်မယ်ဆိုရင် .org က (gTLD) abcd က (SLD) blog ကတော့ subDomain သို့မဟုတ် third level domain ဖြစ်ပါတယ်။ subDomain ဟာ ဒိုမိန်းနိမ်းရဲ့ အောက်က အခွဲသာ ဖြစ်ပြီး ဒိုမိန်းနိမ်းယူထားရင် ကိုယ့်စိတ်ကြိုက် လိုချင်သလောက် လုပ်ယူလို့ပါတယ်။ ဒါပေမယ့် ဒိုမိန်းနိမ်း ယူတဲ့ ကုမ္ပဏီကပေးတဲ့ feature ၊ ဒိုမိန်းနိမ်းကို အသုံးပြုမယ့် hosting ရဲ့ ခွင့်ပြုချက်ပေါ်မှာလဲ မူတည်ပါသေးတယ်။ ကျွန်တော်တို့ wordpress အတွက် အများဆုံးသုံးနေကြတဲ့ iblogger.org ဘလော့ စပေါ့ရဲ့ blogger.com စတာတွေမှာ အကောင့်ဖွင့်ပြီး အသုံးပြုနေတာတွေဟာ subDomain တွေ ဖြစ်ပါတယ်။ ဒိုမိန်းနိမ်းတစ်ခုကို register 5နှစ် လုပ်ထားတယ်ဆိုရင် 5နှစ် အချိန်တွင်းမှာ ကျွန်တော်တို့ ကိုယ်ပိုင်ဖြစ်ပြီး subDomain ကတော့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပဲ ခွဲပေးသူရဲ့ သဘောဆန္ဒ အတိုင်းသာ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဒိုမိန်းနိမ်း သုံးခြင်းအားဖြင့် ဘာတွေ အကျိုးကျေးဇူးတွေ ရနိုင်မလဲ? ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ကတော့ ဘာမှ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူး။ ကိုယ်ပိုင် ဒိုမိန်းနိမ်းလေးမှ မသုံးရင် ဘယ်လိုခန့်ထည်ပါတော့ မလဲ၊ ယုံကြည်မှု ဘယ်လိုတည်ဆောက် ပါတော့မလဲ။ ကျွန်တော်တို့လို အပျော်တမ်း ဘလော့ဂ်လေးရေးတဲ့သူတွေ အတွက်ဆိုရင်ရော? blogspot.com မှာ သုံးတယ်ဆိုရင် အနည်းဆုံးတော့ လာဖတ်တဲ့လူတွေ ကျော်လွားနေရတာ ခံသာ သွား မယ်။ WordPress သမားတွေကြပြန်လဲ hosting ပြောင်းမယ်ဆို ကိုယ်ပိုင် ဒိုမိန်းနိမ်းနဲ့ဆိုတော့ လိပ်စားပြောင်း လိုက် ကြော်ငြာ စရာမလိုပဲ ပြောင်းနိုင်မယ်။ ဒိုမိန်းနိမ်း နဲ့ အီးမေးလ် တွေလုပ်လို့ရမယ်။ ဥပမာ admin@abcd.com အဲလိုမျိုးပေါ့ဗျာ။ ခန့်ခန့်ထည်ထည်လေး ဖြစ်သွားတာပေါ့။ နောက်ပိုင်း စိတ်ကူး ပြောင်းလို့ website လုပ်မယ်ဆိုလဲ main website အပြင် subDomain တွေ ခွဲပြီး forum တို့ blog တို့ စတဲ့ လိုအပ်သလို ခွဲခြားလို့ရမယ်။ နောက်ဆုံး ကိုယ့် website အရမ်းအောင်မြင်သွားလို့ google ကို သန်းချီတဲ့ ဒေါ်လာတွေနဲ့ ရောင်းစားမယ် စတာတွေပေါ့ ။ gTLD ဒိုမိန်းတစ်ခု ယူမယ်ဆိုရင် နှစ်စဉ်ကြေး အနိမ့်ဆုံး 7-8 ဒေါ်လာ လောက်ကနေ စပြီး ရှာလို့ရနိုင်ပါတယ်။ free မှ လိုချင်တယ်ဆိုရင်တော့ http://co.cc မှာ ရယူနိုင်ပါတယ် ခင်ဗျား။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection