အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတစ်ဝန်း ရုံးပေါင်း ၃၀ဝ ကျော်ဖွင့်လှစ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတစ်ဝန်း ရုံးပေါင်း ၃၀ဝ ကျော်ဖွင့်လှစ်မည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင်မှတ်ပုံတင်လျှောက်ထားပြီဖြစ်သော အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်က နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၀ဝ ကျော်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က The Voice Weekly သို့တရားဝင်ပြောကြားသည်။
" မှတ်ပုံတင်ရပြီဆိုတာနဲ့ တစ်နိုင်ငံလုံးမှာ မြို့နယ် ၃၃၀ ရှိရင် ရုံး ၃၃၀ ဖွင့်မယ်။ နောက်ပြီး ၁၉၉၀ တုန်း က ရပ်ကွက်၊ ကျေးရွာရုံးတွေဖွင့်ခဲ့သလိုမျိုး ဖွင့်ခွင့် ရမယ်ဆိုရင်လည်း ထပ်ပြီးတော့ ရုံးတွေဖွင့် မယ်" ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

ဦးအုန်းကြိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်လျှောက်လွှာတစ်သန်း ပထမဆုံး အကြိမ် ရိုက် နှိပ်မည်ဖြစ်ပြီး လျှောက်လွှာများ ကိုနိုင်ငံ တစ်ဝန်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများကိုလည်း အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

" နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ လုပ်စရာတွေက အများကြီး၊ အားလုံးကိုလုပ်သွားမယ်" ဟု ဦး အုန်းကြိုင် က ရှင်းပြသည်။

အခြားသောနိုင်ငံရေးပါတီများနှင့် မဟာမိတ်အဖြစ် ရပ်တည်ရေးကိစ္စရပ်များကိုလည်း အစည်း အဝေးများ ကျင်းပပြီး မူဝါဒချမှတ်လုပ်ဆောင်သွားမည်ဟု ဦးအုန်းကြိုင်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှု ဆောင် တစ်ဦးလည်းဖြစ်သူ ဦးဉာဏ်ဝင်းကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အင်အားကြီးသော နိုင်ငံရေး ပါတီကြီးတစ်ရပ်အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားသည်။

ဦးဉာဏ်ဝင်းက ပါတီဝင်ဟောင်းများသာမက ပါတီဝင်အသစ် ဖြစ်လိုသူများလည်း ဥပဒေအရ တရားဝင် ပြန်လည်မှတ်ပုံတင်ရမည်ဟု မီဒီယာများသို့ တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်အနာဂတ် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ရှိသည်ဟု ဦးဉာဏ်ဝင်း၏ ပြော ဆိုချက်အရ သိရှိရသည်။

The Voice Weekly

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection