Apple iPad ကို ယှဉ်ပြိုင်မည့် Sony Tablet နှစ်မျိုး စတင်ရောင်းချတော့မည်

Apple iPad ကို ယှဉ်ပြိုင်မည့် Sony Tablet နှစ်မျိုး စတင်ရောင်းချတော့မည်

ဂျပန် နည်းပညာ လုပ်ငန်းကြီး Sonyက Apple၏ iPadနှင့် ယှဉ်ပြိုင်ရန် Tabletကွန်ပျူတာ အမျိုး အစားသစ် တစ်ခုကို ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ ခေါက်သိမ်းထားနိုင်သည့် (၅.၅)လက်မအရွယ် Touchscreen နှစ်ခု ပါရှိသော Sony Tablet Pသည် Apple၏ ဈေးကွက်လွှမ်းမိုးမှုကို တန်ပြန်ချေ ဖျက်နိုင်မည့် ထုတ်ကုန်အဖြစ် Sonyက မျှော်လင့်နေသည်။ Sonyသည် သမားရိုးကျ Touchsreen တစ်ခုသာ ပါသော Tablet Sကိုလည်း ထုတ်လုပ်ခဲ့သေးသည်။

(ခေါက်သိမ်းထားနိုင်သည့် Sony Tablet P)


 ပေါင်စတာလင် (၄၇၉) ဈေးနှုန်းသတ်မှတ်ထားသော Tablet Pသည် သိုလှောင်မှုစွမ်းရည် 16 GB ပါရှိသလို Wi-Fi၊ 3G ကွန်ရက်များနှင့် ချိတ်ဆက် နိုင်မည် ဖြစ်သည်။ အသွင်သဏ္ဍန်နှင့် ဖွဲ့စည်းပုံက Tablet Pသည် iPadနှင့် ဈေးကွက်အတွင်းရှိ အခြား သော Tablet ကွန်ပျူတာများထက် သယ်ယူရန် ပိုမိုလွယ်ကူ ကြောင်းလည်း သိရသည်။ အခြား Tablet ကွန်ပျူတာများ ကဲ့သို့ပင် Tablet Pသည် အင်တာနက်မှ သီချင်းများ၊ ဗီဒီယိုများ Download ပြုလုပ်နိုင်သလို ဗီဒီယို ဖုန်းခေါ်ဆိုမှုအတွက် ရှေ့ဘက်နှင့် နောက်ဘက် ကင်မရာ နှစ်လုံး ပါဝင်သည်။

Sony Tablet P

(Sony Tablet P အား အသုံးပြုစဉ် မြင်တွေ့ရပုံ)

၎င်းသည် ဈေးနှုန်းအားဖြင့်လည်း iPad 2 ၏ 3Gနှင့် Wi-Fiနှစ်မျိုးပါ Versionထက် ပေါင်စတာလင် (၂၀)မျှ သက်သာနေသည်။ ခရစ္စမတ် ကာလအတွင်း ဈေးကွက်ထဲတွင် Tabletကွန်ပျူတာများသည် Hot အဖြစ်ဆုံး ရောင်းကုန်များ ဖြစ်လာရန် ရှိနေရာ Tablet Pသည် Appleက အသစ်ထုတ်မည့် iPad 3နှင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ Sony၏ Tablet Sသည် (၉.၄)လက်မအရွယ် Touchscreenကို အသုံးပြု ထားကာ Wi-Fiနှင့် 3Gကွန်ရက် နှစ်မျိုးပါ Versionအတွက် ပေါင်စတာလင် (၄၉၉)ကျသင့်မည်ဟု သိရသည်။

Sony Tablet S
(Sony က ထုတ်လုပ်လိုက်သည့် Tablet S)

ယင်းသည် Sony ထုတ်ကုန်များအတွက် အဝေးထိန်း ရီမုအဖြစ်ပါ အသုံးပြုနိုင်မည်ဟုဆိုသည်။ Sony၏ အသစ်ထုတ် Tabletနှစ်မျိုးလုံးတွင် Google၏ Android OSအမျိုးအစား Honeycombကိုပင် အသုံးပြု ထားကာ Processorအတွက် Nvidia၏ Tegraကိုသာ တပ်ဆင်ထားသည်။ Tablet Sကို စက်တင် ဘာလနှင့် Tablet Pကို နိုဝင်ဘာလများတွင် စတင်ရောင်းချသွားရန် Sonyက ကြေညာထားကြောင်းလည်း သိရှိရသည်။

Sony Tablet P and iPad


(Sony Tablet P နှင့် Apple iPad တို့ကို နှိုင်းယှဉ်ထားစဉ်)

SONY TABLET S

Android 3.1 Honeycomb
9.4-inch screen
1280 x 800 resolution
512MB RAM
16GB memory

NVIDIA Tegra 2 processor

Front and rear cameras
WiFi and 3G compatible
SONY TABLET P
Android 3.2 Honeycomb
Two 5.5-inch screens
Two 1024 x 480 pixel displays
RAM unknown
16GB memory

NVIDIA Tegra 2 processor

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection