နိုဝင်ဘာလ ၂၉ ရက်နေ့က သာကေတမြို့နယ်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး အိမ်ခြေ ကိုးလုံး လောင်ကျွမ်းကာ လူသုံးဦးဒဏ်ရာရရှိ
အိမ်တစ်အိမ် မီးလောင်ကျွမ်းမှုမှ တစ်ဆင့် အိမ်ခြေကိုးလုံး မီးလောင်ကျွမ်းကာ လူသုံးဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ မီး ဖိုမီးမှတစ်ဆင့် လောင်ကျွမ်းခြင်းဖြစ် ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေ ကျပ် ၁၁ သိန်းခန့် ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ သုံးဦးမှာ မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးထွန်းထွန်း၊ တပ်ကြပ်ရဲနိုင် နှင့်မီးစတင် လောင်ကျွမ်းရာအိမ်တွင် နေထိုင်သူ မအေးအေးဖြူတို့ ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေရာရှိ မီးသတ်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ လမ်းအတွင်းတွင် နေထိုင်သူ တစ်ဦးက “ကျွန်မတို့ အိမ် ရှေ့မှာထိုင်နေတုန်း မီးပွားတွေထွက်လာပြီး မီးစလောင်တယ်။ ကျွန်မတို့လည်း မီးလောင်နေတယ်လို့ အော်ဟစ်ပြီး အိမ်ကရေနဲ့မီးငြှိမ်းကြတယ်။ သိပ်မကြာခင်မှာ မီးသတ်ကားတွေ ရောက်လာတယ်။ အချိန် မီငြှိမ်းသတ် နိုင်ခဲ့ကြလို့သာ ဒီလောက်နဲ့ပဲပြီးသွားတာ။ မီးသတ်ကဦးစီးဌာနက သူတွေရော မီးကိုဝိုင်း ငြှိမ်းသတ်ပေးကြတဲ့ ရပ်ကွက်ထဲက ဘုန်းကြီးတွေ၊ လူတွေရော ကျေးဇူးအများကြီး တင်ပါတယ်”ဟု ပြောပြခဲ့ပါသည်။
မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် မီးဘေးသင့်ပြည်သူများကို သာကေတမြို့နယ် အမှတ်(၁၀) တောင်ရပ်ကွက် ရှိ သာသနာ့ဟိတကာရီ ဓမ္မာရုံတွင် မီးဘေးကယ်ဆယ်ရေး စခန်းဖွင့်လှစ်ပြီး အကူအညီပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။