အသားစားသုံးခြင်းက ကိုယ်အလေးချိန်တိုး


အသားစားသုံးခြင်းက ကိုယ်အလေးချိန်တိုး


အသားကို အနည်းငယ်သာစားသုံးခြင်းအား ဖြင့် ခန္ဓာကိုယ် သွယ်လျကျစ်လျစ်စေရန် အထောက် အကူပြုစေ ဖွယ်ရှိကြောင်း လေ့လာဆန်းစစ်မှု တစ်ခု တွင် တွေ့ရှိရသည်ဟု သိရသည်။

လန်ဒန်ရှိ Imperial ကောလိပ်မှ သုတေသန ပညာရှင် တို့၏တွေ့ရှိချက်အရ ကယ်လိုရီပါ၀င်မှု တူညီ လင့် ကစား အသားကို ငမ်းငမ်းတက်စားသုံး သူများ မှာ အသားအနည်းငယ်စားသုံးသူတို့ထက် ပို၍ခန္ဓာ ကိုယ် ၀ဖြိုးစေ သည် ဟုဆိုသည်။ သုတေသနပညာရှင်တို့က မတူကွဲပြားသော အသားများကို ကြည့်ရှုစစ်ဆေး ခဲ့ရာ ကြက်သားသည် ခန္ဓာကိုယ်အလေးချိန် တိုးစေရာတွင် အားအပေးဆုံးအသားဖြစ်ကြောင်း တွေ့ရှိရသည်ဟု သိရသည်။

သုတေသနပညာရှင်တို့က ဥရောပ ၁၀နိုင်ငံမှ အမျိုးသား ၁၀၀၀၀၀ နှင့် အမျိုးသမီး ၂၇၀၀၀၀တို့အား ကင်ဆာရောဂါ၊ အာဟာရနှင့် အခြားသော ဘ၀လူနေမှု ဟန်ပန်များနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ခဲ့ရာတွင် ဒိန်းမတ်၊ ဂျာမနီ၊ စပိန်နှင့် ဆွီဒင်လူမျိုးများမှာ အသား ကို အများဆုံး စားသုံးသူများဖြစ်ပြီး အမျိုးသားများ သည် နေ့စဉ် ကယ်လိုရီ ၃၀၀ပါ၀င်သော အသားကိုစား ၍ အမျိုးသမီးတို့က ကယ်လိုရီ ၂၀၀ပါ၀င်သောအသား ကို စားသုံးကြောင်း တွေ့ရှိရသည်။ အသားအများဆုံး စားသုံးသည့် ဥရောပနိုင်ငံသားတို့၏ ငါးနှစ်တာကာလ အပိုင်းအခြားကိုလေ့လာကြည့်ရှုရာ ထိုသူတို့သည် တစ် နှစ်လျှင် ပျမ်းမျှ ၀ဒသမ၄၅ကီလိုဂရမ် ကိုယ် အလေးချိန် တိုးလာကြောင်း တွေ့ရှိရသည်။

လူတစ်ဦးသည် နေ့စဉ် အသားဂရမ်၂၅၀ စား သုံးပါက ငါးနှစ်အတွင်း နှစ်ကီလိုဂရမ်မျှ ကိုယ်အလေး ချိန်တိုး လာဖွယ်ရှိသည်ဟု ဆိုသည်။ ထိုအချက်အပေါ် အခြေခံ၍ လူတစ်ဦးသည် နေ့စဉ် အသားဂရမ်၂၅၀စား သုံးခြင်း ကိုလျှော့ချခဲ့ပါက ငါးနှစ်အတွင်း ၎င်းင်း၏ခန္ဓာကိုယ် အလေးချိန်ကို ၁ဒသမ၈ကီလိုဂရမ် လျော့ကျစေဖွယ် ရှိကြောင်း သုတေသီတို့က ပြောကြားခဲ့ကြောင်း သိရ သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection