ဘရူနိုင်းအသင်းကို ဂိုးပြတ်အနိုင် ရရှိခဲ့သည့် မြန်မာ


ဘရူနိုင်းအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မြန်မာ  

၂၆ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ “ဆီးဂိမ်းစ်” ဘောလုံး ပြိုင်ပွဲ အုပ်စု B ပွဲစဉ်အဖြစ် မြန်မာယူ-၂၃ အသင်းနှင့် ဘရူနိုင်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမြန်မာယူ-၂၃ အသင်းက ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။


အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် ဘရူနိုင်း အသင်းကို ဖိအားပေး ကစား နိုင်ခဲ့သော်လည်း ကွင်း လယ်တွင် အနည်းငယ် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်း အတွက် ဂိုးများကို ပထမပိုင်း ၆ မိနစ်တွင် ကျော်ဇေယျ၀င်းက အလွတ်တည်ကန်ဘောမှ တစ်ဆင့်လည်းကောင်း၊ ၃၂ မိနစ်တွင် ကွင်းလယ်လူ မင်းမင်းသူက ထောင့်ကန် ဘောမှ တစ်ဆင့် ခေါင်းတိုက် သွင်းယူမှုဖြင့် လည်းကောင်း၊ ဒုတိယပိုင်း ၆၇ မိနစ်တွင် ကျော်ကိုကို က အောင်မြင့်အေးနှင့် အပေးအယူလုပ်ပြီး ဂိုးသွင်းယူမှုဖြင့် လည်းကောင်း၊ ၈၁ မိနစ်တွင် ကြည်လင်း၏ အနိုင်ဂိုးသွင်းယူမှုများကြောင့်လည်းကောင်း အသီးသီး ရရှိခဲ့သည်။ ဘရူနိုင်းအသင်းမှာ မြန်မာအသင်းကို ဖိအားပေး ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်း မသေချာသည့်အပြင် ဒုတိယပိုင်းတွင်လည်း ကစားသမား တစ်ဦးအနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရ၍ ယခုလို ဂိုးပြတ် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းသည် ယခု ဘရူနိုင်းအသင်းနှင့် ရင်ဆိုင်ကစားရမည့် ပွဲစဉ်မတိုင်ခင် နောက်ဆုံး အုပ်စု ပွဲစု ပွဲစဉ် ၂ ပွဲတွင် လာအိုအသင်းကို အနိုင်ရပြီး ဗီယက်နမ်အသင်းကို ဂိုးမရှိ သရေကျထားကာ ရမှတ် ၄ မှတ်ဖြင့် ရှုံးပွဲမရှိ ရပ်တည်နေပြီး ယခုတွင်လည်း ဘရူနိုင်းအသင်းကို အနိုင်ရှိခဲ့သောကြောင့် ရမှတ် ၇  မှတ်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်ရန်အတွက် မျှော်လင့်ရင်ခုန်ခွင့် ရှိလာပြီဖြစ်ကြောင်း သိရသည်။

အုပ်စု A အခြားပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မလေးရှား အသင်းက ထိုင်းအသင်းကို ၂း၁ အနိုင်ရရှိခဲ့ကြောင်း သိရသည်။


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection