လူမဲ့ အာကာသယာဉ် အိုရီယွန် ကို နာဆာမှ ၂၀၁၄ ခုနှစ် အစောပိုင်း၌ လွှတ်တင်ရန် စီစဉ်ထား


လူမဲ့ အာကာသယာဉ် အိုရီယွန် ကို နာဆာမှ ၂၀၁၄ ခုနှစ် အစောပိုင်း၌ လွှတ်တင်ရန် စီစဉ်ထား

အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသ စီမံ ခန့်ခွဲရေး အဖွဲ့ NASA ဟာ လူလိုက်ပါခြင်း မရှိတဲ့ Orion အာကာသ ယာဉ်ကို (၂၀၁၄) ခုနှစ် အစောပိုင်းမှာ အာကာသထဲ စမ်းသပ် လွှတ်တင်ဖို့ရာ စီစဉ်ထားကြောင်း အင်္ဂါနေ့က ပြော ကြားခဲ့ပါတယ်။ အဲ့ဒီ အာကာသ ယာဉ်ကို Lockheed Martin ကုမ္ပဏီက စာချုပ်ချုပ်ကာ တည်ဆော က် ပေးထားတာ ဖြစ်ပါတယ်။


အခု လွှတ်ဖို့ရာ စီစဉ်ထားတဲ့ အိုရီယွန် အာကာသယာဉ်ဟာ သမ္မတ အိုဘားမားက ဘတ်ဂျက် အခြေအနေ အရ ရပ်ဆိုင်းထားတဲ့ အာကာသ အစီအစဉ်ထဲက တစ်ခု ဖြစ်ပါတယ်။ သမ္မတက အဲ့ဒီ လူလိုက်ပါခြင်း မရှိတဲ့ အာကာသယာဉ် လွှတ်တင်မဲ့ အစား ကြယ်စုတွေနဲ့ အင်္ဂါဂြိုဟ် ကို လူလိုက်ပါတဲ့ အာကာသ ယာဉ်တွေကို စေလွှတ်ဖို့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။ ဒါ့ပေမယ့် အခု လွှတ်တင်မယ့် အိုရီယွန် အာကာသ ယာဉ်ဟာ သမ္မတရဲ့ အာကာသ စူးစမ်း ရှာဖွေရေး အစီအစဉ်ကို ထောက်ပံ့ ပေးဖို့ရာ ဖြစ်ပါတယ်။ အဲ့ဒီ အာကာသ ယာဉ်က တဆင့် အဖိုး မဖြတ်နိုင်တဲ့ သတင်း အချက်အလက်တွေကို ပြန်လည် ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအစီအစဉ် အရ အာကာသ ယာဉ်မှူးတွေကို ယခင်ကထက် ပိုပြီး အာကာသထဲ စေလွှတ်နိုင်မှာ ဖြစ်ပြီး အမေရိကန်တို့ရဲ့ လူလိုက် ပါတဲ့ အာကာသ ခရီးစဉ်တွေကိုလည်း ထောက်ပံ့မှုတွေ ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ အခု လွှတ်တင် စမ်းသပ်မယ့် ခရီးစဉ်ကို EFT-1 လို့ အမည်ပေးထားပြီး ကမ္ဘာပတ်လမ်း (၂)ခုကနေ ကမ္ဘာနဲ့ အေ၀းဆုံး နေရာ အထိ ပျံသန်းမှာ ဖြစ်ပါတယ်။ အဲ့ဒီ နောက်မှာတော့ ကမ္ဘာပတ် လမ်းကြောင်းထဲကို စွမ်းအား အပြည့်နဲ့ ပြန်လည် ၀င်လာမှာ ဖြစ်ပါတယ်။ အိုရီယွန် အာကာသ ယာဉ်ဟာ ရေပြင်မှာပါ ဆင်းသက်နိုင်အော င် ဆောင်ရွက်လိမ့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Tags : science_and_tech

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection