အာတိတ်ရှိ ရေခဲကျွန်းပေါ်တွင် ခေတ်လွန်မြို့တစ်မြို့တည်ဆောက်ရန် ရုရှားစီစဉ်
မြောက်၀င်ရိုးစွန်းမှ မိုင် ၁၀၀၀ ခန့်သောဝေးသော အာတိတ်ဒေသရှိ ရေခဲကျွန်းတစ်ခုပေါ်တွင် ခေတ်လွန် မြို့ တစ်မြို့ကိုတည်ဆောက်ရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း သိရသည်။
ဆိုဗီယက်၀င်ရိုးစွန်း ၀က်၀ံကာတွန်း ဇာတ်ကောင်အမည်အတိုင်း Umka ဟု အမည်ပေးထားသောမြို့ကို ဆောင်းရာသီတွင် အနုတ် ၃၀ ဒီဂရီမျှ အေးသောအရပ်၌ တည်ဆောက်မည်ဖြစ်သည်။၀င်ရိုးစွန်းရှိ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ရင်းမြစ်များကို တူးဖော်ရန်ကြိုးပမ်းနေ သော ရုရှားက လူ ၅၀၀၀ ခန့် နေထိုင်နိုင် မည့်မြို့တစ်မြို့ကို ၀င်ရိုးစွန်းအနီး တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။အအေးဒဏ်ကို ကာကွယ်ရန် အတွက် အလုံပိတ် အမိုးခုံးကြီးပါ ပါ၀င်မည့်မြို့ကို ကိုတယ်လ်ညီကျွန်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ ဘီ လျံကျော် အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်သည်။
သိပ္ပံပညာရှင်များနှင့် စူးစမ်းလေ့လာရေးသမားများသာမက စစ်သားများ၊နယ်ခြားစောင့်တပ်များ၊ သူလျှိုများ ပါ ထားရှိဖွယ်ရှိသည်ဟု စီမံကိန်းနှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။
တည်ဆောက်ဖွင့်လှစ်မည့်အချိန်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း အာတိတ်ရေခဲပြင်မှ ရင်းမြစ် များကို ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နိုင်ငံများထဲတွင်ခြေလှမ်းဦးသည့်အနေဖြင့် အလျင်အမြန် တည်ဆောက် သွားဖွယ်ရှိနေသည်ဟု သတင်းများက ဖော်ပြသည်။
Ref: DailyMail