Apple ကွန်ပျူတာ ကုမ္ပဏီ မှ တီဗီ ပါ ထုလုပ်တော့မည်

Apple ကွန်ပျူတာ ကုမ္ပဏီ မှ တီဗီ ပါ ထုလုပ်တော့မည်


ကွန်ပျူတာ နဲ့ လက်ကိုင် မိုဘိုင်းဖုန်း ထုတေ်၀ရေး လောက မှာ ပြိုင်ဘက် မရှိ ဗိုလ်ဆွဲထားနိုင်တဲ့ apple ကွန်ပျူတာ ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ် မှာ ကုမ္ပဏီ ရဲ့ မျိုးဆက် တီဗီ ကို စတင်ထုတ်လုပ် တော့ မှာ ဖြစ်တယ်လို့ Bloomberg စီးပွားရေး သတင်းလွှာ မှာ ဒီနေ့ဖော်ပြထားပါတယ်။

ရာနှုန်းပြည့် ပြီး လု နီးပါး ရှိ နေ ပြီ ဖြစ်တဲ့ apple တီဗီ ကို iTunes က ဆော်ဖ် ဝဲပညာရှင် တွေ က တီထွင် ထား တယ် လို ့ ဆိုပါတယ်။ apple တီဗွီ ဟာ ကွန်ပျူ တာ တစ်လုံး ရဲ့ လုပ် ဆောင် မှု စနစ် တွေ မှာ ပါ၀င် မှာ ဖြစ်ပြီး သူ ့မှာ ပါ၀င် မယ့် Web Streaming Device က ပုံရိပ် တွေ ကို အင်တာနက် မှာ ပြသ နိုင် အောင် နဲ ့ချက် ခြင်း တီဗီ မှာ ပြန် ပြ နိုင်အောင် စီစဉ်ထား ပါတယ်။

Apple TV ထွက်လာ ခဲ့ ရင် လက်ရှိ High Definition လောက မှ တစ်က ပြေး နေ တဲ့ SONY Bavaria ရဲ ့ အနေအထား က တစ်မျိုးပြောင်း သွား နိုင်တယ် လို ့ ဈေးကွက် အကဲခတ် တွေ က သုံး သပ် ကြပါတယ်။

၂၀၀၇ ခုနှစ်မှာ Apple က Apple TV ဆိုတဲ့ Digital Media Receiver ကို ထုတ်လုပ် ခဲ့ပေ မယ် ဈေးကွက် မှာ Apple ရဲ တခြား ထုတ် ကုန် တွေ ဖြစ်တဲ့ iTunes ၊ iPad နဲ့ iPod တို့ လို ကျယ်ကျယ် ပြန့်ပြန့် မဖြစ် ခဲ့ ပါဘူး။

Apple ဟာ သူ ့ အနေ နဲ့ တီဗီ ထုတ်ဖို ့ ရှိ တယ် ဆို တဲ့ အကြောင်း ကို မနေ ့က ဖြန် ့ချိခဲ့ တဲ့ စတိဗ်ဂျော့ ဘ် ရဲ ့ အထုပ္ပတ္တိ စာအုပ် မှာ သူ ့ရဲ ့ Apple TV နဲ့ ပတ်သက်ပြီး ပြောကြား ချက် ကို ဝေါ်လ်တာ အိုင်ဆက် ဆန် က ဖော် ပြထား တာ ဖြစ်ပါတယ်။

Apple TV ကို တရုတ် ပြည် မှာ တပ်ဆင် ထုတ် လုပ် နေပြီ ဖြစ်တဲ့ အကြောင်း ကို လည်း အမည် မဖော်တဲ့ အက်ပလ် ၀န်ထမ်း တွေ က ဘလွန်းဘာဂ် ကို ပြောတယ် လို့ ဆိုပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection