ရခိုင် မုန်တိုင်းငယ်ကြောင့် မိုးများပြီး ရေကြီး

ရခိုင် မုန်တိုင်းငယ်ကြောင့် မိုးများပြီး ရေကြီး

ရခိုင်ပြည်နယ် မြို့နယ်တချို့၌ ယမန်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်းငယ်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း ကုန်းတွင်းဒေသများသို့ ဖြတ်၍ အားပျော့သွားကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင် ဦးထွန်းလွင်၏ ရာသီ ဥတုဆိုင်ရာ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။


ယမန်နေ့က ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်း မုန်တိုင်းငယ် ဖြတ်သွားသည့်လမ်းကြောင်း

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ အောက်တိုဘာလ ၂၃ ရက်မှ ၂၆ ရက်အတွင်း မုန်တိုင်းတခု ထပ်မံဖြစ်ပေါ်လာနိုင်
ကြောင်းလည်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်ပြင်မှ အစပြုသော အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းငယ်သည် ရခိုင်ပြည်နယ်၊ မောင်းတော၊ မင်းပြား၊ ပေါက် တော၊ စစ်တွေ၊ ကျောက်ဖြူ စသည့်မြို့များ၌ တနာရီလျှင် မိုင် ၆၀ ၀န်းကျင်ဖြင့် ယမန်နေ့က တိုက်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

ယနေ့ အထိ မိုးဆက်တိုက် ရွာသွန်နေခြင်း၊ ရေကြီးနေခြင်းတို့ကြောင့် ကားလမ်းများ ပျက်စီးခြင်း၊ သစ်ပင်တချို့ပြိုလဲခြင်းတို့ကြောင့် ကျောက်ဖြူ-ရန်ကုန် ကားလမ်းနှင့် ကျောက်ဖြူ-တောင်ကုတ် ကားလမ်းများ၊ ရေလမ်းကြောင်းများ ပိတ်ထားရကြောင်း ဒေသခံများ က ပြောဆိုကြသည်။

“မုန်တိုင်းလာနိုင်တယ် ဆိုပြီး ရေလမ်းကြောင်းတွေ မသွားဖို့ အာဏာပိုင်တွေက မနေ့က ညနေ ၆ နာရီမှာ သတိပေးထား ပါတယ်၊ ကားလမ်းတွေအား လုံးနီးပါး ပိတ်ထားရပါတယ်၊ လက်မှတ် ၀ယ်ထားသူတွေကို ငွေ ပြန်အမ်းပေးတယ်၊ ကားလမ်း ဖွင့် မယ့်ရက်က မသေချာသေးဘူးလို့ သိရတယ်”ဟု ကျောက်ဖြူမြို့ခံ တဦး က ဧရာ၀တီ ကို ပြောသည်။

ကျောက်ဖြူမြို့ရှိ ရပ်ကွက်တချို့တွင် ရေမြုပ်နေကြောင်း၊ ကျောက်ဖြူမြို့နယ်၊ မစရိုင်း ကျွန်း၏ ကျေးရွာ ၂၀ ကျော်ရှိ ရိတ်သိမ်း ခါနီး စပါးခင်း အများအပြား ရေမြုပ်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မောင်းတော ဆက်သွယ်ရေးဌာနမှ ဦးအောင်စိန် က မုန်တိုင်း စတင်၀င်ရောက်ခဲ့သော မောင်းတောမြို့၌ ပျက်စီးရှှုံးဆုံးမှု တစုံ တရာ မရှိခဲ့ကြောင်း၊ ယနေ့တွင် လေတိုက်ခြင်း၊ မိုးကြီးခြင်း မရှိတော့ကြောင်း ဧရာ၀တီ ကို ပြောပြသည်။

တောင်ကုတ်မြို့တွင်မူ၂ ရက်ခန့်မိုးဆက်တိုက်ရွာနေပြီး ရခိုင်ရိုးမကစီးဆင်းလာသော တောင်ကျရေကြောင့် တောင်ခြေရှိ ကျေး ရွာ တချို့၏ စပါးခင်းများ၊ လယ်ကွက်များထဲရှိ ရိတ်သိမ်းပြီးသား စပါးများ ပျက်စီးသွားကြောင်း တောင်ကုတ် ဒေသခံ ဒေါ်ဖြူမ ချေ က ပြောသည်။

ဂီရိ မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံခဲ့ရသော မြေပုံ၊ ပေါက်တော၊ မင်းပြား စသည့် မြို့နယ်များတွင်လည်း မိုးသည်းထန်နေ၍ စပါးခင်းများအား ရိတ်သိမ်းမှု မလုပ်နိုင်ကြသေးဟု ဒေသခံ တချို့က ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ အမ်း၊ ပုဏ္ဏားကျွန်း၊ ပေါက် တော၊ မာန်အောင်၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ဂီရိဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက် တိုက်ခတ်ခဲ့ရာ လူဦးရေ ၂ သိန်း၀န်းကျင် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၀၀ နီးပါး သေဆုံးခဲ့သည်။

ယနေ့ထုတ်အစိုးရ သတင်းစာများ၌ မြန်မာနိုင်ငံ၏ အထက်ပိုင်းဒေသများတွင် ၂ ရက်အတွင်း မိုး သည်းထန်မည်ဖြစ်ကြောင်း နှင့် ပင်လယ်ကမ်းရိုးတန်းဒေသများ၌ လှိုင်းကြီးနိုင်ကြောင်း ရေးသားထားသည်။


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection