ကမ္ဘာ့ ဈေးအကြီးဆုံး ကားတာတာ နာနို

ကမ္ဘာ့ ဈေးအသက်သာဆုံး ကားမှ ကမ္ဘာ့ ဈေးအကြီးဆုံး ကားအဖြစ် ပြောင်းလဲသွားတဲ့ တာတာ နာနို

တာတာနာနို (Tata Nano) ဟူသည် ကမ္ဘာ တစ်လွှား တွင် အမေရိကန် ဒေါ်လာ ၃၀၀၀ ဝန်ကျင်းဖြင့် ရောင်းချ သောကြောင့် ကမ္ဘာ့ဈေးအသက်သာဆုံး ကားအဖြစ် နာမည်ကျော်ခဲ့သည့် အိန္ဒိယနိုင်ငံထုတ် ကား အသေးစား ဖြစ်သော်လည်း ရွှေငွေ ကျောက် မျက်ရတနာများဖြင့် ပြင်ဆင်လိုက်သော အခါ အမေရိကန် ဒေါ်လာ ၄.၆ သန်း တန်ကြေးရှိသည် ကမ္ဘာ့ဈေးအကြီးဆုံး ကားအဖြစ် ပြောင်းလဲသွား သည်ကို မြင်တွေ့ ရသည်။တာတာ ကားကုမ္ပဏီသည် ၎င်း၏နာနို မော်ဒယ် ကားလေးများကို  အနောက် တိုင်း နိုင်ငံများတွင် အသုံးပြုသော ကားများကဲ့သို့  ရှုတ်ထွေး များပြားသည့် လုပ်ဆောင်ချက်အချို့ မပါဝင်ဘဲ အိန္ဒိယနိုင်ငံ၏ ကြီးမားသော လူဦးရေ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အများတတ်နိုင်သော ငွေကြေး တန်ဖိုးဖြင့် ရောင်းချရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။သို့သော် တာတာ ကားကုမ္ပဏီမှ နောက်ဆုံး ထုတ်ဖော် ပြသခဲ့သော နာနိုကားလေးအား ထတ်နိုင်သူ ရှားပါလိမ့်မည်။ တာတာ ကားကုမ္ပဏီသည် Goldplus ရတနာ လုပ်ငန်းနှင့် ပူပေါင်း၍ ကမ္ဘာ့ဈေးအကြီးဆုံး နာနိုကားတစ်စင်း ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာ များစွာဖြင့် ပြင်ဆင်လိုက်သောအခါ ကမ္ဘာ့ ဈေးအသက်သာဆုံး နာနိုကား၏ ဈေးနှုန်း သည် ဒေါ်လာ ၃၀၀၀ မှာ ဒေါ်လာ ၄.၆ သန်းသို့ ပြောင်းလဲ သွားတော့သည်။

 ထို အဖိုးတန် နာနိုကား ထုတ်လုပ်မှုတွင် ပါဝင်သော Goldplus jewelry ၏ ပြောကြားချက် အရ ထိုနာနို ကားလေးတွင် ၂၂ ကာရက် ရွှေ ၈၀ ကီလို ဂရမ်၊ ငွေ ၁၅ ကီလိုဂရမ်နှင့် ပုလဲ၊ ပတ္တမြား နှင့် မြ ကဲ့သို့သော အဖိုးတန် ကျောက်မျက် ရတနာပေါင်း ၁၀၀၀၀ ကျော်ဖြင့် အလှဆင်ထားသည်ဟု ဆိုသည်။ စက်တင် ဘာလ ၁၉ ရက်နေ့က မွန်ဘိုင်းရှိ တာတာ ခန်းမ ဆောင်တွင် Tata Group ၏ အကြီးအကဲ Ratan Tata မှ ထို အဖိုးတန် နာနိုကားကို ဖွင့်လှစ် ပြသခဲ့ ခြင်းဖြစ်ပြီး ကားထုတ် လုပ် ရောင်းဝယ်ရေး လုပ်ငန်း များ တည်ရှိရာ အိန္ဒိယ မြို့များတွင် ၆ လကြာ လှည့် လည် ပြသမည်ဟု သိရသည်။

Source : patheincity.com

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection