Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရား၀င်ပါ၀င်မည်

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရား၀င်ပါ၀င်မည်
မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရား၀င် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှစက်တင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
Windows 8 ၌ပါ၀င်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာ ဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ ထွက်ရှိမည့် ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေ သော် လည်း ၂၀၁၂ ခုနှစ်တွင် ဖြန့်ချိရန် လျာထား သည့် Windows 8 ၏ Preview versionကို စက်တင် ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထွက် ရှိခဲ့သော Mac OS Lion ကွန်ပျူတာစနစ်၌ မြန်မာစာ စနစ် ပါ၀င် လာခဲ့ပြီးနောက် ယခုအချိန်တွင် Windows 8ကွန်ပျူတာစနစ်တွင်ပါ မြန်မာစာစနစ် တရား၀င် ပါ၀င် လာခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ပြည်တွင်း မှကွန်ပျူတာ သုံးစွဲသူအများစုမှာ Windows စနစ်ကို အများဆုံး အသုံးပြုနေ သဖြင့် Windows 8 ကွန်ပျူ တာစနစ်၌ မြန်မာစာစနစ်တရား၀င် ပါ၀င်လာခဲ့ခြင်းကြောင့် မြန်မာ ယူနီကုဒ် သုံးစွဲသူ အရေအတွက် ပိုမို ကျယ်ပြန့်လာနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။   Window 8 Wallpaper   

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection