နှစ်မိနစ်ကို တစ်ယောက်နှုန်း တရုတ်တွေ သတ်သေဖို့ကြိုးစား


နှစ်မိနစ်ကို တစ်ယောက်နှုန်း တရုတ်တွေ သတ်သေဖို့ကြိုးစား 

တရုတ်ဟာ ကမ္ဘာပေါ်မှာ မိမိကိုယ်ကိုယ် သတ်သေမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်ကြောင်းနဲ့ နှစ်မိနစ်တိုင်းမှာ တစ်ယောက် သတ်သေဖို့ကြိုးစားနေကြောင်း တရုတ်အစိုးရ မီဒီယာမှ တရား၀င်ပြောဆိုခဲ့သည်။တရုတ် ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးဌာန ပြောဆိုချက်အရ၊ လူ ၁၀၀,၀၀၀ (တစ်သိန်း) မှာ ၂၂.၂၃ ယောက်နှုန်း မိမိကိုယ်ကိုယ် သတ်သေနေကြသည်။


ပေကျင်း ကျန်းမာရေးဗျူရို ပြောရေးဆိုခွင့်ရှိသူ မော်ယု က "ကျနော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ သတ်သေမှုနှုန်း အမြင့်ဆုံးပါပဲ" ဟု the Beijing Youth Daily သတင်းစာကို ပြောခဲ့သည်။လူဦးရေ ၁.၃ ဘီလီယံ ရှိတဲ့ တိုင်းပြည်မှာ နှစ်စဉ် မိမိကိုယ်ကို အဆုံးစီရင်သူ ၂၈၇,၀၀၀ ခန့်ရှိကြောင်းနဲ့ တစ်နှစ်ကို လူ ၂ သန်းခန့် သတ်သေဖို့ ကြိုးစားကြောင်း ပြောဆိုခဲ့သည်။ပြီးခဲ့တဲ့ စနေနေ့က တရုတ်ပြည်မှာ 'ကမ္ဘာ့ မိမိကိုယ်ကိုယ် သတ်သေမှု ကာကွယ်ရေးနေ့' (World Sucide Prevention Day) ကျင်းပခဲ့ကြောင်း the Beijing Youth Daily သတင်းစာက ဖော်ပြခဲ့သည်။နောက် ပေကျင်း ကျန်းမာရေး ဗျူရို ဖော်ပြချက်အရ၊ အသက် ၁၅ နှစ်နဲ့ ၃၄ နှစ် တရုတ်လူငယ်လူရွယ်တွေ ကြားမှာ သတ်သေမှု များပြားကြောင်းနဲ့ သတ်သေခြင်းရဲ့ နောက်ကွယ် အကြောင်းရင်းက ပညာရေး ဖိအားတွေ များပြားမှှု၊ အလုပ်အကိုင် အဆင်မပြေမှှုတို့ကြောင့်ဟု ဆိုသည်။ 

ကျေးလက်နေသူတွေထက် မြို့ပြနေသူတွေက မိမိကိုယ်ကိုယ်သတ်သေမှု သုံးဆပိုများပြီး၊ သတ်သေသူ စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှှုန်း ရှိသည်။တရုတ်ပြည် ဈေးကွက်စီးပွားရေး မဖွင့်ခင်က အစိုးရရဲ့ သတ်ဖြတ် မှုများခဲ့ပြီး၊ ယခု ဈေးကွက်စီးပွားရေး ဖွင့်ပြီးနောက် ဖွံ့ဖြိုးတိုးတက်လာချိန်မှာ မိမိကိုယ်ကိုယ် သတ်သေသူ များပြားလာခဲ့သည်။၂၀၀၉ ခုနှစ် ဗြိတိသျှ ဆေးပညာဂျာနယ် The Lancet ရဲ့ ဖော်ပြချက်အရ၊ ဖင်လန်၊ လတ်ဗီးယား၊ ဟန်ဂေရီ၊ လစ်သူနီးယား၊ တရုတ်၊ ဂျပန်နဲ့ ကာဇက်စတန်တို့မှာ လူတစ်သိန်းကို အယောက် ၂၀ နှုန်း မိမိကိုယ်ကိုယ် အဆုံးစီရင်ကြသည်ဟု ဆိုသည်။

၀င့်ထန်း Source: The Nation

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection