ရဟတ်ယာဉ်တွင်ပါသွားသူ အားလုံးသေဆုံး

နယ်စပ်တွင် ပျက်ကျသည့် ရဟတ်ယာဉ်တွင်ပါသွားသူ အားလုံးသေဆုံး  

မြန်မာနိုင်ငံ ဘက်ခြမ်းတွင် မကြာခင် ရက်ပိုင်းက ပျက်ကျခဲ့သော ထိုင်း စစ်တပ်ပိုင် ဘလက် ဟော့ခ် ရဟတ်ယာဉ်ကို ယနေ့ ရှာဖွေတွေ့ရှိခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ၉ ဦးစလုံး သေဆုံး သွားကြောင်း ထိုင်း သတင်းများအရ သိရသည်။

ထိုင်းစစ်တပ်မှ တပ်ဖွဲ့၀င်များသည် မြန်မာ စစ်တပ် ၏ အကူအညီဖြင့် ဘလက်ဟော့ခ် ပျက်ကျ သည့် နေရာသို့ ယခုလ ၂၀ ရက် နေ့က စတင်၍ သွား ရောက်ခဲ့ရာ ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်း နိုင်ငံ ဖက်ချဘူရီ ခရိုင်ရှိ ကန်ကရာချန် အမျိုးသား ဥယျာဉ် တွင် ပျက်ကျသွားသော စစ်ရဟတ် ယာဉ် နှင့် မီတာ ၅၀၀ အကွာအေ၀းတွင် ရှာဖွေ တွေ့ရှိခဲ့ သည်ဟု သတင်းများကဆိုသည်။ဘလက်ဟော့ခ် ရဟတ်ယာဉ် သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် ပျက်ကျခဲ့ သော် လည်း မြန်မာ အစိုးရတပ်များက ပစ်ခတ်ခဲ့ခြင်း မဟုတ် ကြောင်း ထိုင်းစစ်တပ် လုံခြုံရေး သတင်း ရပ်ကွက်က ပြောသည်။ရဟတ်ယာဉ် ပျက်ကျခဲ့သည့် ယင်း နေရာသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များနှင့် အစိုးရတပ်များ လှုပ်ရှား ရာ ဒေသဖြစ် သည်။ဘလက်ဟော့ခ် ပျက်ကျသည့် အချိန်တွင် မိုးသည်းထန်ကာ လေပြင်းများ တိုက်လျှက်ရှိရာ ထိုင်း စစ်တပ်သတင်းများက ရာသီ ဥတုကြောင့် ပျက်ကျခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုထားသည်။သေဆုံးသူ ၉ ဦး၏ ရုပ် အလောင်း များကို မကြာခင် ရက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘက်သို့ အရောက်သယ်ယူနိုင်မည် ဖြစ် ကြောင်း၊ ကျန်ရစ်သူ မိသားစု၀င်များလည်း နယ်စပ်တွင် ရောက်ရှိနေကြောင်း သိရသည်။ ယင်း သေဆုံးသူ များထဲတွင် ထိုင်းနိုင်ငံ ရုပ်သံ အမှတ် ၅ မှ TV သတင်းထောက် တဦးလည်း ပါ၀င်ကြောင်း သတင်း ရရှိသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျခဲ့သဖြင့် သေဆုံးသွားသူ ၅ ဦး၏ ရုပ်အလောင်းကို သယ်ယူရန် အသွားတွင် အဆိုပါ ဘလက်ဟော့ခ် ရဟတ်ယာဉ် ထပ်မံ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ပထမ ပျက်ကျသော ရဟတ်ယာဉ်သည် နယ်စပ်အနီး သစ်ခိုးခုတ်မှု သတင်းကြောင့် သွားရောက် စစ်ဆေးစဉ် ပျက်ကျခြင်းဖြစ် ပြီး ထိုစစ်ရဟတ်ယဉ်နှင့် လိုက်ပါသွားသော စစ်အရာရှိ ၅ ဦး၏ ရုပ်အလောင်းကို ယခု ပြန်လည် သယ်ဆောင် ခဲ့ပြီးဖြစ်သည်။ ၁၉၉၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ က ထိုင်းစစ်တပ်မှ ဂျက် ရိန်းဂျား ရဟတ်ယာဉ်တစီး ထိုင်း-မြန်မာ နယ်စပ်တွင် ပျက်ကျခဲ့ ဖူးပြီး သတင်းဌာနများနှင့် မြန်မာအတိုက်အခံများက မြန်မာစစ်တပ်က ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ဆို ခဲ့ကြသည်။ထိုင်းစစ်တပ်ကမူ ရာသီဥတု အခြေအနေဆိုးသောကြောင့် ဖြစ်သည်ဟု ပြောခဲ့ သည်။ ထိုစဉ်က ရဟတ်ယာဉ် မောင်းသူ ၂ ဦး အပါအဝင် ထိုင်းစစ်သား ၄ ဦး သေဆုံးခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection