၂၀၁၂ နွေရာသီ ပူပြင်းသည့် အယ်လ်နီညို ရာသီဥတု ခံစားရမည်

၂၀၁၂ နွေရာသီ ပူပြင်းသည့် အယ်လ်နီညို ရာသီဥတု ခံစားရမည် 

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသော နိုင်ငံများတွင် ပါဝင်သည့် မြန်မာ နိုင်ငံ အနေနှင့် ၂၀၁၂ ခုနှစ် နွေရာသီကာလတွင် အပူချိန် မြင့်မားသော အယ်လ်နီညို ရာသီဥတုနှင့် တွေ့ကြုံ ခံစားရမည့် အခြေအနေများ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ကမ္ဘာ့လာနီညာ၊ အယ်လ်နီညို စောင့်ကြည့်ရေး ဗဟိုဌာန ၂၅ ခု၏ ခန့်မှန်းချက်များအရ ၂၀၁၁ ခုနှစ် လက်ကျန် ကာလများသည် အယ်လ်နီညိုနှင့် လာနီညာမဟုတ်သော ကြားနေကာလများ ဖြစ်နိုင်ဖွယ် ရှိသော်လည်း ၂၀၁၂ ပွင့်လင်းရာသီတွင်မူ ပူပြင်းခြောက်သွေ့သော အယ်လ်နီညို ရာသီဥတုကို ခံစားရဖွယ် ရှိကြောင်း ဒေါက်တာ ထွန်းလွင်ထံမှ သိရသည်။

"အယ်လ်နီညိုဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာပါတယ်။ ၂၀၁၀ တုန်းကလောက် အပူချိန်ရှိ/ မရှိကိုတော့ မပြောနိုင် သေးပါဘူး" ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်အတွင်း မကြုံစဖူး ထူးကဲမြင့်တက်သော အပူချိန် စံချိန်သစ်များ တင်ခဲ့ရာ တစ်ကြိမ်တစ်ခါမျှ ခန်းခြောက်ခြင်း မရှိခဲ့သော ရေတွင်းရေကန်များ ခန်းခြောက်ခြင်း၊ အပူရှိန် မြင့်မားမှု ကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးများ သေဆုံးမှု မြင့်မားခဲ့ခြင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာ၊ မြင်းခြံ၊ မင်းဘူး စသော ဒေသများတွင် နှစ်ပေါင်း ၆၀ အတွင်း အပူချိန် စံချိန်သစ်များ တင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection