အီး​ယူအဖွဲ့​နှင့်​ရင်း​နှီး​ပွင့်​လင်း​မှုရှိသည့်​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု

အီး​ယူအဖွဲ့​နှင့်​ရင်း​နှီး​ပွင့်​လင်း​မှုရှိသည့်​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုအဖြစ် ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား

မြန်မာနိုင်ငံကို ​ရောက်ရှိ​နေတဲ့​ အီး​ယူဥ​ရောပသမဂ္ဂရဲ့​ ဒု ဥက္ကဋ္ဌလည်း​ဖြစ်ပြီး​ နိုင်ငံခြား​ရေး​ရာနဲ့​ လုံခြုံ​ရေး​ရာ အကြီး​အကဲရဲ့​ အထူး​အကြံ​ပေး​ ပုဂ္ဂိုလ်လည်း​ဖြစ်တဲ့​ မစ္စတာ ​ရောဘတ် ကူး​ပါး​ (Robert Cooper) ဦး​ဆောင်တဲ့​အဖွဲ့​နဲ့​ ​တွေ့​ဆုံမှုကို ရင်း​နှီး​ပွင့်​လင်း​မှုရှိတဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုအဖြစ် ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

မစ္စတာ ​ရောဘတ် ကူး​ပါး​ (Robert Cooper) အတူ မြန်မာနိုင်ငံဆိုင်ရာ အီး​ယူသံအမတ်ကြီး

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ ရိုက်တာ)

ဒေးဗစ် လစ်ပ်မန် (David Lipman) နဲ့​ အီး​ယူရဲ့​ မြန်မာနိုင်ငံဆိုင်ရာ အထူး​ကိုယ်စား​လှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့​ ပါဝင်တဲ့​ အီး​ယူကိုယ်စား​လှယ်ကို မ​နေ့​ည​နေပိုင်း​က ​နေအိမ်မှာ တနာရီ​ကျော်ကြာ ​တွေ့​ဆုံ​ဆွေး​နွေး​မှုအပြီး​ သတင်း​ထောက်​တွေနဲ့​ ​တွေ့​ဆုံစဉ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

ဒီလို ​ပြောကြား​လိုက်တာနဲ့​ ပတ်သက်ပြီး​ အဖွဲ့​ချုပ်ဗဟိုပြန့်​ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က အခုလို ​ပြောပါတယ်။

“အ​ထွေ​ ထွေအတွင်း​ရေး​မှူး​က အီယူနဲ့​ အန်အယ်လ်ဒီ ဆက်ဆံ​ရေး​ မူလကတည်း​က ​ကောင်း​ပါတယ်တဲ့​။ အဲဒီ​တော့​ မိတ်​ဆွေ​တွေ ကြား​ထဲမှာ အခုလို ​တွေ့​ဆုံတဲ့​ အခါမှာလည်း​တဲ့​ မိတ်​ဆွေ ပီသစွာပဲ ရင်း​ရင်း​နှီး​နှီး​ ပွင့်​ပွင့်​လင်း​လင်း​ ရိုး​ရိုး​သား​သား​ ​ဆွေး​နွေး​ဖြစ်ကြတယ်တဲ့​။ သူကလည်း​ သူ့​အမြင်ကို ပွင့်​ပွင့်​လင်း​လင်း​ ​ပြောတယ်။ ဒီဘက်ကလည်း​ အဖွဲ့​ချုပ်ရဲ့​အမြင်ကို ပွင့်​ပွင့်​လင်း​လင်း​ပြောတယ်။ ​ဆွေး​နွေး​ပွဲက ​ကောင်း​တဲ့​လက္ခဏာ​ဆောင်ပါတယ်တဲ့​။ ပွင့်​လင်း​မြင်သာတဲ့​ အ​ကြောင်း​တွေ ​ဆွေး​နွေး​ကြပြီး​တော့​ ​နောင်မှာ ဆက်ဆံ​ရေး​ ဒါ့​ထက်ပိုပြီး​တော့​ တိုး​တက်လာမယ်လို့​ ​မျှော်လင့်​ပါတယ်လို့​ အဲဒီလို ​ကောက်ချက်ချပြီး​တော့​ ​ပြောပါတယ်ခင်ဗျ။ အ​သေး​စိတ် အချက်အလက်​တွေက​တော့​ မ​ပြောနိုင်​တော့​ပါဘူး​တဲ့​ အဲဒီလိုပဲ ​ပြောတယ်။”

အီး​ ယူကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီ​ဆွေး​နွေး​မှုအတွင်း​မှာ​တော့​ အဖွဲ့​ချုပ်ဗဟိုအလုပ်မှု​ဆောင်အဖွဲ့​ဝင်​တွေအပါ အဝင် ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီအဖွဲ့​ဝင်​တွေနဲ့​လည်း​ ​တွေ့​ဆုံပြီး​ အပြန်အလှန်​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။

အဲ့​ဒီလို ​တွေ့​ဆုံရာမှာ အဖွဲ့​ချုပ်ဒုဥက္ကဋ္ဌ ဦး​တင်ဦး​ရဲ့​ ​ဆွေး​နွေး​မှု​တွေကိုလည်း​ ဦး​အုန်း​ကြိုင်က အခုလို ​ပြောပြပါတယ်။

“ဒုတိယ ဥက္ကဋ္ဌကြီး​က ​ဆွေး​နွေး​တဲ့​ ​နေရာမှာ အ​ထွေ​ထွေအတွင်း​ရေး​မှူး​နဲ့​ ၂ နာရီ​ကျော်ကြာ​လောက် ​ဆွေး​နွေး​ပြီး​ ဖြစ်တဲ့​အတွက်​ကြောင့်​ ကဏ္ဍ​တော်​တော် စုံစုံလင်လင် ​ဆွေး​နွေး​ပြီး​ဖြစ်မယ်လို့​ ယုံကြည်ပါတယ်တဲ့​။ အဲဒီလို အစပြုပြီး​တော့​ အဖွဲ့​ချုပ် ဆက်လက်တရား​ဝင် ရပ်တည်​နေပြီး​တော့​ ပေါ့​ဗျာ။ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​နဲ့​ ဒီမိုက​ရေစီရရှိ​ရေး​ ကြိုး​ပမ်း​ဆောင်ရွက်​နေပုံကို သူက ရှင်း​ပြတယ်။

“ပြီး​တော့​မှ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ လွတ်​မြောက်​ရေး​ကိစ္စဟာ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​အတွက် အလွန်ကို အ​ရေး​ကြီး​ပါတယ်။ ဒါ​ကြောင့်​မို့​လို့​ အဲဒါကို ​ဆောင်ရွက်ဖို့​ မိတ်​ဆွေနိုင်ငံများ​ကလည်း​ လက်ရှိအစိုး​ရကို တွန်း​အား​​ပေး​သင့်​ပါတယ် ဆိုတဲ့​ အ​ကြောင်း​ကို သူက ​ပြောတယ်ဗျ။ ပြီး​တော့​မှ ​လော​လောဆယ် ကချင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်၊​ ကရင်ပြည်နယ်မှာ တိုက်ပွဲ​တွေ ပြင်း​ထန်လာတဲ့​ အတွက်​ကြောင့်​ ပြည်သူ​တွေလည်း​ အကြီး​အကျယ် ဒုက္ခ​ရောက်​နေကြပါတယ်။ စစ်မီး​တောက်​တွေ အမြန်ဆုံး​ငြိမ်း​သွား​ဖို့​အတွက် ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ ဖြစ်သွား​ဖို့​အတွက် အဲဒါကို ကျ​နော်တို့​ မကြာ​သေး​မီကလည်း​ ​မေတ္တာရပ်ခံ တိုက်တွန်း​စာ ထုတ်ပြန်ထား​တဲ့​အတိုင်း​ တ​ယောက်နဲ့​တ​ယောက် တန်း​တူရည်တူ သ​ဘောထား​ပြီး​တော့​ ချစ်ခင်​လေး​စား​တဲ့​ စိတ်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​တော့​ အ​ဖြေရှာကြပါလို့​ တိုက်တွန်း​ပေး​ကြပါ။ အဲဒါလည်း​ သူက ​ပြောတယ်ခင်ဗျ။”

ဥ​ ရောပသမဂ္ဂကိုယ်စား​လှယ်အဖွဲ့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုအ​ပေါ် အဖွဲ့​ချုပ် ဗဟို အလုပ်အမှု​ဆောင်အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က အခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ အမြင်​တော့​ ကျ​နော်တို့​ တိုင်း​ပြည်ရဲ့​ ဒီမိုက​ရေစီ​ရေး​၊​ လူ့​အခွင့်​အ​ရေး​က ကျ​နော်တို့​ တိုင်း​သူပြည်သား​တွေ အား​လုံး​ ကြိုး​ပမ်း​ရမှာ​ပေါ့​။ ဒါ​ပေမယ့်​ နိုင်ငံတကာမှာ အခုလို အဖွဲ့​အစည်း​ကြီး​ပေါ့​နော်၊​ ဥ​ရောပသမဂ္ဂအဖွဲ့​ဝင်​တွေ ကိုယ်တိုင်က လိုလိုလား​လား​ ရှိတယ်ဆိုတာ ကျ​နော်တို့​အတွက် အား​တက်စရာပဲလို့​ ကျ​နော်​တော့​ အဲဒီလိုပဲ မြင်ပါတယ်။”

အီး​ယူဥ​ ရောပသမဂ္ဂရဲ့​ ဒု ဥက္ကဋ္ဌလည်း​ဖြစ်ပြီး​ နိုင်ငံခြား​ရေး​ရာနဲ့​ လုံခြုံ​ရေး​ရာ အကြီး​အကဲရဲ့​ အထူး​အကြံ​ပေး​ ပုဂ္ဂိုလ်လည်း​ဖြစ်တဲ့​ မစ္စတာ ​ရောဘတ် ကူး​ပါး​ (Robert Cooper) ဦး​ဆောင်တဲ့​အဖွဲ့​ဟာ ပထမဆုံး​သူတို့​ရဲ့​ ဒီမြန်မာပြည်ခရီး​စဉ်အတွင်း​မှာ​တော့​ ဒုတိယသမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​အပါအဝင် ပြည်​ထောင်စုဝန်ကြီး​တွေနဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ပါ​သေး​တယ်။

ဒါ့​အပြင် ​ရွေး​ကောက်ပွဲဝင်နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်အချို့​နဲ့​အတူ လူမှု​ရေး​အသင်း​အဖွဲ့​ အချို့​လည်း​ ​တွေ့​ဆုံခဲ့​ပါ​သေး​တယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection