အစိုးရတပ်တွေက ကေအိုင်အေနဲ့ဖြစ်တဲ့ စစ်ပွဲကာလ ၉ ရက်အတွင်းမှာ ကချင်အမျိုးသမီး ၁၈ ဦးကို မုဒိမ်းကျင့်ပြီး အဲဒီထဲက လေးဦးကို သတ်ဖြတ်လိုက်တယ်လို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။
ကချင်အမျိုး သမီး ၁၈ ဦး အဓမ0x081မြပုကျင့် ခံရသည့် နေရာပြ မြေပုံဇွန်လ ၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ အစိုးရတပ် ထိုးစစ်ဆင်ရာ လမ်းကြောင်းတလျှောက်မှာ ဖြစ်ပွားတာလို့ အဲဒီကြေညာချက်က ဖော်ပြပါတယ်။ကချင်အမျိုးသမီးအဖွဲ့ရဲ့ ကြီးကြပ်ရေးမှူး ရှယ်လီစမ်းက “တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော် အရှေ့ပိုင်း စစ်လမ်းသွားနေတဲ့တလျှောက် လေးငါးနေရာပေါ့။ အမျိုးသမီးတွေကို တွေ့ရင် မုဒိမ်းကျင့်ပြီး သတ်ပစ်တာ ရှိတယ်။ အဲဒီမှာ ပြထားတာက ၁၈ ဦး ဆိုတာကလည်း ကျမတို့ ပိုပြီး သေချာတဲ့ဟာကိုပဲ ထည့်ထားတယ်။ ကျမတို့ ကြားတာကတော့ ၂၅ – ၃၀ လောက်တော့ ရှိတယ်။ ကျမတို့ အခု ရထားတာကတော့ စစ်ပြေးတွေ၊ နောက် ပေါ်တာတွေ လာပြောပြလို့ သိရတယ်။ နောက် ကေအိုင်အေ ရဲဘော်တွေ တွေ့မြင်တဲ့ဟာ ပြောပြတယ်။”တိုက်ပွဲဖြစ်တဲ့ ကချင်ပြည်နယ် ဗန်းမော် အရှေ့ဘက် ဒေသအတွင်းမှာ အစိုးရတပ် အခြေချရာလမ်းအလျှောက်မှာ ဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။မနေ့က ထုတ်ပြန်တဲ့ ကချင်အမျိုးသမီးအဖွဲ့ရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ဘက်ကရော၊ အစိုးရဘက်ကပါ တုံ့ပြန်ပြောဆိုတာ မရှိသေးသလို ဆက်သွယ်မေးမြန်းလို့လည်း မရပါဘူး။အစိုးရတပ်တွေရဲ့ အဓမ0x081မြပုကျင့်သတ်ဖြတ်မှုတွေကို နိုင်ငံတကာက လျစ်လျူမရှုသင့်ဘဲ ဖိအားပေးကြဖို့ ရှယ်လီစမ်းက တိုက်တွန်းပါတယ်။“ကောင်မလေး သုံးယောက်ကို သတ်လိုက်တယ်။ နောက် တယောက်က အမျိုးသမီးပဲလေ၊ သူ့အမျိုးသားရှေ့မှာပဲ မုဒိမ်းကျင့်ပြီး သတ်လိုက်တယ်။ သူ့ကိုတော့ ပေါ်တာဆွဲသွားတယ်။ အဲဒါတော့ စိတ်နာဖို့ ကောင်းပါတယ်။ ဗမာပြည်မှာ အခုက ငြိမ်းချမ်းသာယာစွာနေပါ့မယ်၊ ဒီမိုကရေစီသစ် ထူထောင်မယ်ဆိုပြီး ရွေးကောက်ပွဲ ပြီးတာလည်း မြကာသေးဘူးလေ။ စစ်အစိုးရကလည်း အစိုးရကို အာဏာအပ်ပြီ ဆိုပေမယ့် အခုက ဘာမှ မထူးဘဲနဲ့ နေရာတကာ တိုင်းရင်းသားနယ်မြေတလျှောက်မှာ စစ်ထိုးနြေပီးမှ ပြည်သူလူထုကို ဒုက0x081ခပေးနေတဲ့ အစိုးရကို နိုင်ငံတကာက ဖိအားပေးဖို့ လိုလားတာပေါ့။”ဒီလို စစ်ပွဲအတွင်း အမျိုးသမီးတွေကို အဓမ0x081မြပုကျင့်တာဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ချိုးဖောက်တာဖြစ်တယ်လို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန်လိုက်ပြီး ချက်ချင်းရပ်တန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။“မြန်မာနိုင်ငံအနေနဲ့ အခုလိုမျိုး စစ်ပွဲကာလအတွင်းမှာ အမျိုးသမီးတွေကို အဓမ0x081မကျင့်ခြင်းက လက်နက်သဖွယ် အသုံးပြုခြင်းဆိုတဲ့ စွပ်စွဲချက်တွေ အရင်ကတည်းကလည်း ရှိပါတယ်။ အဲဒါက သက်သေအထောက်အထားတွေလည်း အများကြီး ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကမ0x081ဘာမှာ ကျနော်တို့ စစ်ခုံရုံးတင်တဲ့အထိ လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ ကာလအတွင်းမှာ အခု လိုမျိုး ထပ်ပြီးတော့ အမျိုးသမီးတွေကို မုဒိမ်းကျင့်ခြင်းက တကယ်ကို ဆိုးဝါးတဲ့အချက်ပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကမ0x081ဘာကနေ ဒီဟာကို အြပင်းအထန် ရှုတ်ချဖို့ လိုအပ်သလို ကျူးလွန်နေတဲ့ လူတွေက ဒါကို အြမန်ဆုံး ရပ်တန့်ဖို့အတွက် တောင်းဆိုဖို့ လိုအပ်ပါတယ်။”ပြည်တွင်းစစ်ကာလအတွင်း အြပစ်မဲ့အရပ်သားတွေ၊ အထူးသြဖင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကမ0x081ဘာ့ကုလသမဂ0x081ဂက လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ပြီး နိုင်ငံတိုင်း ဒီအချက်ကို လိုက်နာဖို့ တောင်းဆို ထားပါတယ်။အစိုးရတပ်နဲ့ ကချင်ပြည်လွတ်လပ်ရေးတပ်မတော်အြကား ဒီလ (၉) ရက်နေ့ကစြပီး နှစ်ဘက် ပြန်လည်တိုက်ခိုက်ခဲ့ကြတာကြောင့် ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ပျက်စီးခဲ့ပါတယ်။
မူရင်းလင့် =http://burmese.dvb.no/?p=11274