ငါးနှစ်အတွင်း မိုဘိုင်းဖုန်း အဆ ၃၀

ငါးနှစ်အတွင်း မိုဘိုင်းဖုန်း အဆ ၃၀

ယမန်နေ့က နေပြည်တော် သမ္မတရုံးတွင် ကျင်းပသည့် အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့၏ ညှိနှိုင်း အစည်းအေ၀းတွင် ဆက်သွယ်ရေး ၀န်ကြီးက လာမည့် ငါးနှစ်အတွင်း မိုဘိုင်းဖုန်း လိုင်းပေါင်း သန်း ၃၀ ဖြစ်အောင် လုပ်မည်ဟု ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် နှစ်လည်ထုတ်ပြန်သည့် စာရင်းဇယားများ အရ မိုဘိုင်းဖုန်း လိုင်းပေါင်း ၁.၃ သန်း ကျော်သာရှိသေးပြီး အထက်ပါ အစည်းအေ၀းတွင် တင်ပြချက်အရ လာမည့် ငါးနှစ်အတွင်း တစ်နှစ်လျင် အနည်းဆုံး ၄သန်းမှ အများဆုံး ၈ သန်းအထိ တိုးချဲ့သွားမည်ဟု ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းက ပြောဆိုသည်။

ထိုသို့မိုဘိုင်းဖုန်းလိုင်း အဆ ၃၀ နီးပါး တိုးပွားအောင်လုပ်ဆောင်ရာတွင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖေါ်ပြထားပြီး မြန်မာနိုင်ငံပိုင် ဆက်သွယ်ရေး ဂြိုဟ်တုတလုံးပါ လွှတ်တင်ရန် အဆိုပြုထားခဲ့သည်။

မြန်မာနိုင်ငံလူဦးရေ ၅၅ သန်းကျော်ရှိသည့်အတွက် မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ရှိလာမည်ဆိုပါက လူ ၂ဦးလျင် မိုဘိုင်းဖုန်းလိုင်း တလိုင်းနှုန်း ဖြစ်လာမည်ဖြစ်ပြီး ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဖုန်းသိပ်သည်းဆမှာ ၅ ရာခိုင်နှုန်း (လူ ၂၀ လျင်ဖုန်းလိုင်း ၁ လိုင်းနှုန်း) သာရှိသေးသည်ဟုလည်း ဆက်သွယ်ရေး ၀န်ကြီး၏ ပြောဆိုချက်အရ သိရသည်။


ယခုလို မိုဘိုင်းဖုန်းများပြားလာမည့် သတင်းအပေါ် ရန်ကုန်မှ ပွဲစားတဦးဖြစ်သူ ဦးထိန်၀င်းက “ကောင်းတာပေါ့၊ များလာမယ်ဆိုရင် ဖုန်းဆင်းကဒ် ဈေးနှုန်းတွေ ကျလာမယ် ထင်တယ်။ အခုတလော ပွဲစားတွေ ပြောနေကြတယ်။ ငါးသောင်းနဲ့ ၀ယ်နိုင်မယ်လို့ ပြောနေကြတယ်၊ ဖြစ်လာမှာက ကောင်းပါတယ်။ ၀န်ဆောင်မှုလည်း ကောင်းဖို့လိုတယ်လို့ မြင်တယ်။ ဘာလို့ဆို အခုတောင် ဂျီအက်စ်အမ်တွေက လိုင်းမကောင်း၊ ၀န်ဆောင်မှုမကောင်းတာ နေ့စဉ်ကြုံနေရတယ်။ နောက်တချက်က ပြောဆိုခ လည်းအပြိုင်အဆိုင်နဲ့ သက်သာလာဖို့ လိုသေးတယ်လို့ ထင်တယ်” ဟုပြောသည်။

၂၀၀၄ ခုနှစ်၀န်းကျင်က ဂျီအက်စ်အမ် နှင့် စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများ ပြင်ပပေါက်ဈေး အမြင့်ဆုံး ကျပ်သိန်း ၅၀ (အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော် ခန့်) ၀န်းကျင်ထိ မြင့်တက်ခဲ့ပြီး ၂၀၀၆ ၀န်းကျင်တွင် သိန်း ၂၀ (အမေရိကန် ဒေါ်လာ ၂ ထောင်ကျော်ခန့်) အထိပြန်လည်ကျဆင်းလာခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အထိ ဖုန်းလိုင်း တလိုင်းဆက်သွယ်ခွင့်ရဖို့ရာ တရား၀င် ပေးသွင်းငွေ၊ သက်ဆိုင်ရာ ခွင့်ပြုချက်အတွက် လာဘ်ထိုးရငွေ တို့ကို ပေါင်းလိုက်ပါက ကျပ်ငွေသိန်း ဆယ်ဂဏန်းအထိ ကုန်ကျခံကြရသည်။ ၂၀၁၀ ခုနှစ် နှစ်ဆန်းတွင် ငါးသိန်းဖုန်းစတင်ရောင်းချသည့် နောက်ပိုင်း မိုဘိုင်းဖုန်းလိုင်း ၁ လိုင်းအတွက် ကျပ်ငါးသိန်း ၀န်းကျင်ထိ (အမေရိကန်ဒေါ်လာ ၆၀၀ ခန့်) ကျဆင်းလာခဲ့သည်။

ထိုကဲ့သို့ မိုဘိုင်းဖုန်း လိုင်း ၁ လိုင်းအတွက် ကုန်ကျစရိတ်ကျဆင်းလာသော်လည်း ဖုန်းပြောဆိုခမှာမူ ၂၀၀၂ ခုနှစ်၀န်းကျင်တွင် တမိနစ် ၅ ကျပ်မှ ၂၅ ကျပ်သို့၄င်း ယခုနောက်ဆုံး တမိနစ် ၅၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။

အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းဖုန်းလိုင်း ၁ လိုင်းအတွက် ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ ၀န်းကျင်အထိသာရှိသည့် အချိန်တွင် မြန်မာနိုင်ငံတွင် ဒေါ်လာ ၆၀၀ ၀န်းကျင်အထိ ရှိနေသေးသည်ကိုတွေ့ရသည်။

မူရင်း : moemaka.com

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection