ကျောင်းအပ်နှံခ အနည်းငယ်သာ ပေးသွင်းရ၍ ကျောင်းသားမိဘများ ပျော်နေ

ကျောင်းအပ်နှံခ အနည်းငယ်သာ ပေးသွင်းရ၍ ကျောင်းသားမိဘများ ပျော်နေ

ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ယခုနှစ် အတွက် ကျောင်းအပ်ခများမှာ မူလတန်း ကလေးငယ်များ အတွက် ငွေကျပ်ရာ ဂဏန်းသာ ပေးရတော့ကြောင်း ကျောင်းသားမိဘ အချို့ထံမှ စုံစမ်းသိရှိရသည်။ "ဒီနှစ် ကျောင်းအပ်ရတာ အရမ်းပျော်တယ်" ဟု ဒုတိယတန်း ကျောင်းသူ တစ်ဦး၏ မိခင်မသင်းနွယ်စိန်က ပြောသည်။ “မနေ့က ကျွန်မသမီးလေးကို သြဂတ်စတင်းကျောင်းမှာ သွားအပ်တာ ကျောင်းဝင်ကြေး ၅၀၀ ကျပ်ပဲ ကုန်ခဲ့တယ်။ အရင်နှစ်တွေကလို သုံး၊ လေးသောင်းကုန်မှာပဲဆိုပြီး စီစဉ်ထားတာ။ အခု ၅၀၀ ကျပ်ပဲ ကုန်ခဲ့တယ်။ ကျောင်း တံဆိပ် ရယ်၊ မနှစ်က ငွေသွင်းထားပြီး ထုတ်ဖို့ ကျန်နေတဲ့ အင်္ဂလိပ်စာအုပ်ရယ်၊ ကျောင်းမှာ အလှူလုပ်တဲ့ ယပ်တောင်တစ်ချောင်းရယ် ရခဲ့တယ်” ဟု မသင်းနွယ်စိန်က ဆက်လက်ပြောသည်။

ယခုနှစ်တွင် ကျောင်းအပ်လက်ခံသည့် ပုံစံမှာ ယခင်နှစ်များ ကကဲ့သို့ အတန်းပိုင်တစ်ဦးချင်းစီထံတွင် အပ်နှံရခြင်း မဟုတ်ဘဲ ဆရာ၊ ဆရာမများ အုပ်စုဖွဲ့ကာ လက်ခံကြောင်း၊ ယခင်နှစ်များက အလှူခံပုံးထားရှိသော်လည်း ယခုနှစ်တွင် မရှိကြောင်း ၎င်းက ပြောသည်။ “အရင်နှစ်တွေကဆို ကျောင်းအုပ်ကြီးနှင့် မည်သူမဆို တွေ့ဆုံဆွေးနွေးနိုင်ပါသည် ဆိုတဲ့ ဆိုင်းဘုတ်ရေးထားတယ်။ ဒီနှစ် မရေးထားဘူး" ဟု အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကျောင်းသား မိဘတစ်ဦးက ပြောသည်။ ထို့အပြင် အမက (၁၂) စမ်းချောင်းတွင် ဒုတိယတန်း ကျောင်းသွားအပ်သည့် မိဘတစ်ဦး ကလည်း ပြီးခဲ့သည့် နှစ်က ကျောင်းအပ်စရိတ် ကျပ်နှစ်သောင်း ဝန်းကျင် ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် ရာဂဏန်းသာ ကုန်ကျခဲ့ ကြောင်း ပြောဆိုသည်။

"ဖတ်စာအုပ်တွေ အခမဲ့ပေးတယ်။ အလှူငွေ မကောက်ဘူး။ ရန်ပုံငွေ မတောင်းဘူး။ ဗလာစာအုပ်ကိုေ တာ့လောလောဆယ် မရောင်းသေးဘူး။ ကျောင်းဖွင့်မှ ရောင်းပေးမယ်လို့ ပြောတယ်” ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် အလယ်တန်း ကလေးများအတွက် ကျောင်းအပ်စရိတ်မှာလည်း ထောင်ဂဏန်းသာ ပေးရကြောင်း အထက (၂) စမ်းချောင်းတွင် ပဉ္စမတန်း ကလေးငယ်အား ကျောင်းသွားအပ်ခဲ့သည့် မိခင်တစ်ဦးက ပြောသည်။ “သမီးလေးကို ၅ တန်းသွားအပ်တာ ၁၅၀၀ ကျပ်ကုန်ခဲ့တယ်။ ကျောင်းလစာ၊ ကျောင်းဝန်ကြေးနဲ့ မိဘဆရာ အသင်းကြေး သုံးခုအတွက်တဲ့။ ဘာမှမရခဲ့ဘူး။ နှစ်တိုင်းလည်း ကျောင်းအပ်ချိန်မှာ အများဆုံး ခြောက်ထောင်ကျပ်လောက်ပဲ ကုန်ဖူးတယ်။ ဗလာစာအုပ်နဲ့ ခဲတံရတယ်။ ဇူလိုင်လလောက်ကျမှ သဒ္ဓါကြေးကောက်တယ်" ဟု အဆိုပါ မိခင်က ယခင်နှစ်နှင့် ယခုနှစ် အတွေ့အကြုံကို ယှဉ်၍ ပြောပြသည်။

"ဆရာမကို ကျွန်မ အလှူငွေ ဘယ်လိုထပ်ပေးရမလဲလို့မေးတော့ ဆရာမက ဖြည်းဖြည်းပေါ့။ ကျောင်းဖွင့်မှပေါ့လို့ပြောတယ်" ဟု ၎င်းက ဆက်လက် ပြောသည်။ ထို့ပြင် ၂ဝ၁၁-၁၂ ပညာသင်နှစ်မှ စတင်ကာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ငါးသန်းကျော်အတွက် နိုင်ငံတော်က ငွေကျပ်သန်း ၂၄ဝဝ တန်ဖိုးရှိသည့် ကျောင်းသုံးစာအုပ်များ အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မေ ၂၅ တွင် ပြုလုပ်သည့် ၂ဝ၁၁-၁၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားပညာရေး ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေးက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖြော်ပပါရှိသည်။

ကမာရွတ်မြို့နယ် ကျောင်းတစ်ကျောင်းတွင် ကျောင်းအပ်နှံခနှုန်းထားများအား ကြေညာချက်ကပ်ကာ အသိပေး ထားသည်ကို တွေ့ရစဉ်။

မြတ်စုမွန် (7Day News)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection