Gmail offline mode အား အသုံးပြုနိုင်တော့မည်မဟုတ်
ယခုတစ်ပတ်ထဲတွင် Google မှ Chrome အသုံးပြုသူများ Gmail အား offline mode သုံးချင်ပါက အခြား Browser များဖြစ်သော Internet Explorer နှင့် FireFox တို့၏ Version အဟောင်းများတွင်သာ အသုံးပြုသွားနိုင်ကြောင်း ကြော်ငြာထားပါတယ်။အင်္ဂါနေ့တွင် Google မှ Gmail offline mode အား Chrome တွင်ရရှိတော့မှာမဟုတ်ကြောင်းနှင့် အခြား Browser အမြင့်များဖြစ်သော Internet Explorer 9 (IE9)၊ FireFox 4 ၊ Safari နှင့် Opera တို့တွင်လည်း ရရှိမှာ မဟုတ်ကြောင်း ကြော်ငြာခဲ့ပါတယ်။ ကုမ္ပဏီ၏ ကြော်ငြာချက်တွင် Gmail ၏ offline mode အသုံးပြုခြင်းမှာ လွန်ခဲ့သော ၂ လခန့်တွင် ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ရကြောင်း၊ ယခုအချိန်တွင် အဆိုပါFeature မှာ HTML5 အားအထောက်အပံပေးနိုင်သော Browser များအတွက် ခေတ်မမှီတော့သော Plug-in ဖြစ်လာကြောင်းနှင့် Chrome 12 မှစတင်၍ လုံးဝအသုံးပြုသွားမှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
Chrome ၏လက်ရှိ Stable version မှာ 11 ဖြစ်နေ သော်လည်း Gmail offline mode မှာ ကြော်ငြာ ထားသည့်အတိုင်း version 12 မရောက်ခင်တွင်ပင် အသုံးပြုလို့မရနိုင်တော့ပါဘူး။Google မှ အသုံးပြု သူများကိုကြော်ငြာထားသောစာတွင် ကုမ္ပဏီ အနေဖြင့် ၂၀၁၁ ခုနှစ်၊ အင်္ဂါနေ့၊ မေလ ၂၄ ရက်နေ့မှ စတင်ကာ အသုံးပြုသူများမှာ Gmail Offline mode plug-in အား Chrome တွင် အသုံးလို့ရရှိနိုင်တော့မှာ မဟုတ်ကြောင်း ဖော်ပြထား ပါတယ်။Google မှာ ယခုနှစ်ကုန်ပိုင်းမတိုင်ခင်တွင် Gmail Offline mode အား HTML 5 နှင့်ကိုက်ညီမှုရှိအောင် စီစဉ်လျှက်ရှိပြီး ယခုအချိန်တွင်တော့ HTML5 အား အထောက်အပံ့ပေးထားသော Browser အမြင့်များတွင် မရရှိနိုင်သေးပဲ အနိမ့်များဖြစ်သော IE8 နှင့် FireFox 3.6 တို့တွင်တော့ အသုံးပြုလို့ရနိုင်ဦးမှာဖြစ်ပါတယ်။
Google မှ သတင်းဌာနများသို့ပြောကြားထားရာတွင် 0x158င်းတို့အနေဖြင့် Gmail အသုံးပြုသူများအနေဖြင့် ယခုလို offline mode အသုံးမပြုရခြင်းအတွက် တစ်စုံတစ်ခုလိုအပ်နေမည်မှာ အမှန်ပင်ဖြစ်သော်လည်း ပိုမိုပြည့်စုံ ကောင်းမွန်သော offline mode အား Google Apps တွင်ထည့်သွင်းသွားရန် အလျှင် အမြန်ကြိုးပမ်း သွားမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။